တရုတ်နှင့်ဗာတီကန်နိုင်ငံနှစ်ခု၏ သံတမန်လမ်းကြောင်းမှ ကချင်ပြည်နယ်ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေနိုင်ဟု မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများက မျှော်လင့်

ဗာတီကန်၊ မေလ ၉၊ ၂၀၁၈

မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများသည် ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး Secretary of State ဖြစ်တော် မူသော ကာဒီနယ် ပါရိုလင်းအား ၎င်း၏ ဗာတီကန်ရုံး တော်တွင် သွားရောက်တွေ့ဆုံကြပြီးနောက် ဗာတီကန်-တရုတ်နိုင်ငံနှစ်ခု၏ သံတမန် ကောင်းမွန်ရေးသည် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုလာနိုင် သည်ဟု မျှော်လင့်ချက်များ ဖြစ်ပေါ်စေခဲ့သည်ဟု သိရှိရသည်။
၎င်းအစည်းအဝေး၌၊ မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများက ဗာတီကန်နိုင်ငံခြားရေး ဝန်ကြီး ဖြစ်တော်မူသော ကာဒီနယ်ပါရိုလင်းအား ဗာတီကန်-တရုတ်နိုင်ငံ  နှစ်ခု၏ တိတ်တဆိတ်ဆွေးနွေးနေမှု အခြေအနေကို မေးမြန်းကြ သည်ဟု သိရှိရသည်။ ၎င်းမေးမြန်းမှုအပေါ်၊ ကာဒီနယ် ပါရို လင်းက ဗာတီကန်-တရုတ်နိုင်ငံနှစ်ခု၏ ဆက်ဆံရေးကို စတင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ သို့သော်လက်ရှိအချိန်တွင်မူ နှစ်ဖက်စလုံးက တခြားသူများ၏အကြံပေးချက်များ၊ ဆွေးနွေး ပါဝင်မှုများကို သုံးသပ်နေကြတာမို့၊ ဆွေးနွေးမှုက တုန်ဆိုင်းနှေးကွေးနေပါကြောင်း၊ အထူးသဖြင့် ဗာတီကန်က ထိုင်ဝမ် နိုင်ငံကို အသိအမှတ်ပြုထားတာမို့ ၎င်းအသိအမှတ်ပြုထားခြင်းကို တရုတ်နိုင်ငံက ပယ်ဖျက်စေလိုသောကြောင်း ရှေ့မတိုး သာ ဖြစ်နေရပါသည်”” ဟု မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအား ရှင်းပြတော်မူကြောင်းဖြင့် ကာဒီနယ် ချားလ်စ်ဘိုက ဖြေကြားပေးတော်မူသည်။ ၀၀၃ ကုန်ဇမှုန်း

1054  Views
Previous: ရဟန်းမင်းကြီးက ဦးဆောင်ပြီး ရိုဟင်ဂျာ (ဘင်္ဂလီလူမျိုး)အရေး နိုင်ငံတကာညီလာခံကို ဗာတီကန်တွင် ကျင်းပပေးရန် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများက တောင်းဆို
Next: ပြည်ကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်ကြီး အလက်ဇန်္ဒားပြုံးချိုနှင့်တွေ့ဆုံမေးမြန်းခန်း (ကက်သလစ်ရဟန်းတွေမှာ သာသနာပြုလိုစိတ်တွေ အားနည်းလာတယ်။ ဒါပေမယ့် ဒီရဟန်းတွေဟာ ကိုယ့်ဘာသာဝင်တွေကို ဘာသာတရား၊ ဘုရားအကြောင်းတွေကို သင်ကြားပေးတဲ့နေရာမှာတော့ အားကောင်းလာကြတယ်)