ဒုတိယအကြိမ်ချင်းအမျိုးသားညီလာခံ (၄၅) ကော်မတီအစည်းအဝေးကို ဇန်နဝါရီလတွင် ဟားခါးမြို့တွင် ကျင်းပရန်ရှိ

02-b

ဒုတိယအကြိမ်ချင်းအမျိုးသားညီလာခံ၏ ဆုံးဖြတ်ချက်နှင့် တာဝန်ပေးမှုကြောင့် ဖွဲ့စည်းထားသော အဖွဲ့ဝင် (၄၅) ပါဝင်သော အလုပ်အမှုဆောင်ကော်မတီ ကို ဒီဇင်ဘာလ ပထမအပတ်တွင် ဟားခါးမြို့တွင် ကျင်းပရန် ရှိကြောင်း ချင်းအမျိုးသားရေးရာအဖွဲ့ဝင်များထံမှ ကြားသိရသည်။ ထိုကဲ့သို့တွေ့ဆုံခြင်းသည် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄-၁၆ ရက်နေ့ထိပြုလုပ်ခဲ့သော ဒုတိယအကြိမ်ချင်းအမျိုးသားညီလာခံမှ ချမှတ်ခဲ့သော လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်ဟု သိရှိရသည်။ ဒေါက်တာရွှေခါးက ““ကျွန်တော့ရဲ့အထက်လူကြီးတွေက ဒုတိယအကြိမ်ချင်းအမျိုးသားညီလာခံမှ ချမှတ်ခဲ့သော လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နေမှုတွေ ကို မေးကြသလို ဆက်လက်လုပ်ဆောင်ဖို့ ဆနရှိကြပါတယ်”” ဟု အယ်ဒီတာချုပ်ကို ပြောပြသည်။ ယခုအစည်းအဝေးကို အောင်မြင်စွာလုပ်ဆောင်နိုင် ရန်အတွက် လိုအပ်သော ရန်ပုံငွေများကို Chin Affair Partnerships (CAP) မှ အဖွဲ့ဝင်များဖြစ်ကြသော ဆလိုင်းကျင်ခန့်လျန်၊ ဆလိုင်းထောင်ပီး၊ ဆလိုင်းကုန်ဇမှုန်း၊ ဒေါက်တာရွှေခါး၊ မိုင်ချင်ချင်း၊ ဦးဗီတာတို့က ရှာဖွေနေကြပါသည်။ ကုန်ဇမှုန်း

1595  Views
Previous: ကျောက်စိမ်းမြေဖားကန့်ဒေသတွင် သမ္မာကျမ်းစာသင်တန်းများ ပြုလုပ်ပေး
Next: နာဇရက်မြို့သားယေဇူး၏ ပြဇာတ်ဗီဒီယိုအခွေ မြန်မြန်ကြည့်ချင်နေပြီဗျို့