နတ်ဆိုး၏ နှောင့်ယှက်တတ်သော နည်းလမ်းများကို သခင်ခရစ်တော်က ဖော်ပြပေးဟု ရဟန်းမင်းကြီးက မီးမောင်းထိုးပြတော်မူ


ဗာတီကန်၊ မတ်လ ၁၀၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ်္တာ ရွတ်ဆိုခြင်းတွင် ဝါတွင်းကာလ ပထမ တနင်္ဂနွေနေ့ သမ်္မာကျမ်းစာကိုအခြေခံပြီး သခင်ယေဇူးအား နတ်ဆိုးနှောင့်ယှက်ခြင်းအကြောင်းကို ရှင်းပြဟော ကြားတော်မူလိုက်သည်။ ရဟန်းမင်းကြီး၏သြဝါဒအပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည်။

(က) ပိုင်ဆိုင်မှုစည်းစိမ်များအပေါ်လောဘတပ်မက်ခြင်း
သခင်ယေဇူးက ရက်ပေါင်းလေးဆယ် ဝါရှောင်ဆုတောင်းခြင်းအပြီးမှာ နတ်ဆိုးက ကျောက်တုံးကို သင်တန်ခိုးနဲ့မုန့်ဖြစ်အောင် ပြောင်းလဲပြီးစားပါလားလို့ နှောင့်ယှက်ခဲ့တယ်။ ဒီအချက်က မိမိပိုင်ဆိုင်မှု စည်းစိမ်များအပေါ်လောဘတပ်မက်ခြင်း စိတ်ကို နိုးဆွပေးခြင်းပဲ၊ နတ်ဆိုးဟာ လူတစ်ယောက်အတွက် အလိုအပ် ဆုံးအချိန်မှာ အလိုအပ်ဆုံးအရာ တစ်ခုနဲ့ စတင်နှောက်ယှက်လေ့ရှိတယ်။ ဘုရားမပါဘဲ သူအကူအညီ မလိုဘဲ ငါအစွမ်းအစနဲ့ ငါလုပ်နိုင်ပါတဲ့ဆိုတဲ့ မိမိတပ်စွမ်းမူ မာနကို တိုးပွားစေတယ်၊ သို့သော် သခင်ယေဇူးက လူသည် မုန့်အားဖြင်သာ အသက်ရှင်သည်မဟုတ်ဟု ကျမ်းစာအားဖြင့်နတ်ဆိုးကို တုန့်ပြန်ခဲ့တယ်။

(ခ) လူသားတို၏ ဂုဏ်ပကာသနကို တပ်မက်ခြင်း
နတ်ဆိုးက သင်ငါကို ရှိခိုးလျှင် တိုင်းနိုင်ငံတွေကို သင့်ကိုငါပေးမယ် နှောင့်ယှက်ခဲ့တယ်၊ ဒီ နှောင့်ယှက် ခြင်းက သခင်ယေဇူးကို လောကဂုဏ်ပကာသန တွေနဲ့ပြည့်တဲ့ မက်ဆီးယား ဖြစ်အောင်မြှောက်ပင့်နေခြင်း ဖြစ်တယ်။ အာဏာပါဝါတပ်မက်မှု၊ အောင်မြင်မှုကိုတပ်မက်မှု၊ ငွေကြေးဥစ်္စာတပ်မက်မှုတွေက လူကိုပျက်စီးစေ တယ်၊ ဒီမတည်မြဲတဲ့အရာတွေပေါ်မှာ တပ်မက်စိတ်တွေဖြစ်ပေါ်လာအောင်နှောင့်ယှက်တဲ့ နတ်ဆိုးကို သခင်ယေဇူးက သင်၏ အရှင်ထာဝရဘုရားသခင်ကို ရှိခိုးကိုးကွယ်ရမည်။ ကိုယ်တော်တစ်ပါးတည်းကိုသာ အစေခံရမည်လို့တုန်ပြန်ခဲ့တယ်။ ။

(ဂ) မိမိရဲ့ အရေးပါမူကို အထင်ကြီးစေခြင်း
တတိယနှောင့်ယှက်ခြင်းအနေနဲ့ နတ်ဆိုးက သခင်ယေဇူးကို ဂျေရုဆလင် ဗိမန်တော် ထိပ်ဖျား ထားပြီး သခင်ယေဇူးရဲ့ဘုန်းတခိုးတော်ထင်ရှားစေဖို့ သင့်ကိုသင်ပစ်ချလိုက် ဆိုပြီး စိန်ခေါ်နှောင့်ယှက်ခဲ့တယ် ဒီအချက်ဟာ မိမိရဲ့ အရေးပါမူကို အထင်ကြီးစေခြင်း (ဘုရားသားတော်ပဲ ဘုရားကာကွယ်မှာပေါ့ လုပ်စမ်းပါ) သို့သော် သခင်ခရစ်တော်က တိကျသေချာသော ဆုံးဖြတ်ချက်ဖြင့် အဖ ခမည်းတော်ရှေ့မှာ ယုံကြည်ခြင်းအပြည့်နဲ့ နှိမ်ချစွာ နေခဲ့ပြီး သမ်္မကျမ်းစာ တော်အားဖြင့် သင်၏ အရှင်ဘုရားသခင်ကို စုံစမ်းခြင်းမပြုရ ဟုတုန့်ပြန်ခဲ့တယ်။ ဘုရားက ငါဖက်မှာရှိတယ် ငါ့ကိုကူညီမှာပါကွာဆိုတဲ့ မိမိကိုယ်ကိုယ် အထင်ကြီးတဲ့စိတ်နဲ့ ဘုရားကို စမ်းသပ်ခြင်း မပြုလုပ်ရဘူး။ အပြည့်အဝယုံကြည်ထားရမယ်။
နတ်ဆိုးနှောင့်ယှက်ခဲ့တဲ့ အရာတွေက ဘုရားသခင်နဲ့ဝေးကွာစေမဲ့ အရာတွေ၊ ဘုရားသခင်ရဲ့ အလိုဆန်္ဒကို ဆန်ကျင်နေတဲ့အရာတွေ ဖြစ်ပြီး အဲ့ဒီအရာတွေကိုအခြေခံပြီး လူတွေတပ်မက်တဲ့ ပျော်ရွှင်မူအောင်မြင်မှု တွေနဲ့ဖျားယောင်းပြီး ထင်ယောင်ထင်မှား ဖြစ်အောင်နှောင့်ယှက်နေခြင်းဖြစ်တယ်။ ။
အဖခမည်းတော်ဘုရား၏ စီမံကိန်းတော်ကို အပြည့်အ၀ အကောင်အထည်ဖော်ဖို့ မိမိကိုယ်တိုင် ကြုံတွေခဲ့ ရတဲ့ နှောင့်ယှက်ခြင်းသုံးမျိုးကို သခင်ယေဇူးကျော်လွှာပြခဲ့တယ်။ ယင်းအားဖြင့် ယေဇူးသခင်က နတ်ဆိုး၏ နှောင့်ယှက် တတ်သော နည်းလမ်းများကို သခင်ခရစ်တော် ဖော်ပြပေးခဲ့တယ် အဲ့ဒါတွေကတော့ မိမိအတွင်းစိတ် ဘဝ၊ ဘုရားသခင်၌အပြည့်အဝယုံကြည်မှုနဲ့ တိကျသေချာသောဘုရားရဲ ချစ်ခြင်းမေတ်္တာပါပဲ နတ်ဆိုးက အဲ့ဒီအချက်တွေကို သံသယဖြစ်အောင် နှောင့်ယှက်လေ့ရှိတယ်။ သေချာတာကတော့ အဖ ခမည်းတော်သည် ဘုရားသခင်ဖြစ်တယ်၊ ချစ်ခြင်းမေတ်္တာ ဖြစ်တယ်၊ အဲ့ဒီ အဖခမည်းတော်၏ ချစ်ခြင်းမေတ်္တာအားဖြင့် နှောင့်ယှက်ခြင်း အားလုံးကို ငါတို့ကျော်လွှားနိုင်တယ်။
ဒီဝါတွင်းကာလမှာ အခွင့်ကောင်းယူပြီး မိမိကိုယ်ကို သန်ရှင်းစေလျှက် ကျွနု်ပ်တို့ရဲ့ဘဝမှာ ဘုရားသခင်ရဲ နှစ်သိမ့်ပေးမူကို ခံစားကြပါစို့။

628  Views
Previous: ကက်သလစ်ခရစ်ယာန်သာသနာတော်နှင့်မွတ်ဆလင်ဘာသာဝင်တို့၏ သမိုင်းဝင် ကြေအေးသင့်မြတ်ခြင်း
Next: ၂၀၁၉ ခုနှစ် ဝါတွင်း ကာလအတွက် ရဟန်းမင်းကြီး ဖရန်စစ်၏ သတင်းစကား