ကက်သလစ်ခရစ်ယာန်သာသနာတော်နှင့်မွတ်ဆလင်ဘာသာဝင်တို့၏ သမိုင်းဝင် ကြေအေးသင့်မြတ်ခြင်း


အဘူဒါဘီ၊ ဖေဖော်ဝါရီလ ၅၊ ၂၀၁၉ CNA
၂၀၁၉ ခုနှစ် ဖေဖဝါရီ ၅ ရက်နေ့ ပုပ်ဖရန်စစ်၏ အရှေ့အလယ်ပိုင်း ခရီးစဉ် အဘူဒါဘီတွင် ကမာ်္ဘလုံးချီ အစည်းအဝေးကြီး၌ ရဟန်းမင်းကြီး ဖရန်စစ်နှင့်Grand Imam Al-Azharç Ahmed el-Tayeb တို့သည် ကမ်္ဘာ ငြိမ်းချမ်းရေးနှင့် တူယှဉ်တွဲ နေထိုင်မှု အတွက် လူသားထုတစ်ရပ်လုံး ညီအစ်ကိုမောင်နှမ သဖွယ် ချစ်ကြည်နိုင်ရေး အပေါ် ကြေညာချက်အား လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
ယုံကြည်ခြင်းအားဖြင့် ယုံကြည်သူတစ်ဦးသည် အခြားသူများအား ကူညီထောက်ပံ့ပေးရမည့် ချစ်မြတ်နိုး ရမည့် ညီအစ်ကို မောင်နှမ အဖြစ် ရှုမြင်နိုင်ရန် လမ်းပြပေးပါသည်။ စကြဝဋ္ဌာ၊ ဖန်ဆင်းခံ သတ်္တဝါများနှင့် (ဘုရားသနားမှု၌ တန်းတူညီမျှမှု ရှိသော) လူသားအပေါင်းအား ဖန်ဆင်းတော်မူသော ဘုရားသခင်အား ယုံကြည် ခြင်းမှ တစ်ဆင့် ယုံကြည်သူများသည် ဖန်ဆင်းခံ သဘာ၀ ပတ်ဝန်းကျင်နှင့် စကြဝဋ္ဌာ တစ်ခုလုံးအား ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် လူသားအားလုံး အထူးသဖြင့် အဆင်းရဲဆုံး၊ အလိုအပ်ဆုံးအား ကူညီပေးခြင်းဖြင့် လူသားချင်း ညီအစ်ကို မောင်နှမစိတ်ထား ပြသဖို့ ဖိတ်ခေါ်ခြင်း ခံရသည်။
ထိုသို့သော မွန်မြတ်သော စံနှုန်းသည် ကမ်္ဘာကြီး၏ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနှင့် ပြဿနာ အခက်အခဲများ အား ဝေမျှမည့်နေရာဖြစ်သော မိတ်ဆွေ ညီအစ်ကို အသိုင်းအဝန်းတို့ စုဝေးတွေ့ဆုံရန်အတွက် အစပြု အချက်အနေနှင့် တည်ရှိပါသည်။ ကျွနု်ပ်တို့သည် ၎င်းတို့ကို သိပ်္ပံနှင့် နည်းပညာ တိုးတက်မှု၊ ကုစားခြင်းပေးသော အောင်မြင်မှုများ၊ ဒစ်ဂျစ်တစ်ခေတ်၊ လူထု မီဒီယာနှင့် ဆက်သွယ်ရေးများအား ထည့်သွင်းစဉ်းစားခြင်းဖြင့် လုပ်ဆောင်နိုင်ခဲ့ပါသည်။ ကျွနု်ပ်တို့သည် လက်နက် အပြိုင်အဆိုင် တပ်ဆင်ခြင်း၊ လူမှုရေး တရားမျှတမှု မရှိခြင်း၊ အကျင့်ပျက် ခြစားခြင်း၊ တန်းတူညီမျှမှု မရှိခြင်း၊ နီတိရေးရာ ကျဆင်းနေခြင်း၊ အကြမ်းဖက်ဝါဒ၊ ခွဲခြားဆက်ဆံခြင်း၊ အစွန်းရောက်ခြင်းနှင့် အခြားသော ကိစ်္စအရပ်ရပ်ကြောင့် ကမ်္ဘာအရပ်ရပ်ရှိ ညီအစ်ကို မောင်နှမများ၏ ဆင်းရဲခြင်း၊ ပဋိပက်္ခနှင့် နာကျင်မှု ဒုက်္ခဝေဒနာ အမျိုးမျိုးအပေါ်ကိုလည်း ထောက်ရှု သုံးသပ်ပေးခဲ့ကြပါသည်။
ညီအစ်ကို စိတ်ထားနှင့် ပွင့်လင်းသော ဆွေးနွေးမှုများမှ၊ လူသားထုအားလုံးအတွက် တောက်ပသော အနာဂတ်တစ်ခု အတွက် အစစ်အမှန် မျှော်လင့်ချက်မှုအား ဖော်ပြခွင့်ရခဲ့သည့် အစည်းအဝေးမှ လူသား ညီအစ်ကို စိတ်ထား ံHuman Fraternity ဟူသည့် စာချွန်တော်ဆိုင်ရာ အတွေးအခေါ် ရရှိခဲ့ပါသည်။ ဤစာချွန်တော်သည် နှလုံးသားမှ လာသည့် မွန်မြတ်သော စိတ်သဘောထားအား ပူးတွဲကြေညာချက်တစ်ခု ဖြစ်ဖို့ရန် အလို့ငှာ ရိုးသားဖြောင့်မတ်ပြီး လေးနက်သော အတွေးများအား ထည့်သွင်းဖော်ပြထားပါသည်။ ဤစာချွန်တော်သည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူ အပေါင်း၊ ညီအစ်ကို စိတ်ထားအား လက်ခံယုံကြည်ကြသူ အပေါင်း စည်းလုံး ညီညွှတ်ရန်နှင့် ပူးတွဲလုပ်ဆောင်ရန် အလို့ငှာ ဖိတ်ခေါ်ထားသော စာချွန်တော် ဖြစ်ပါသည်။ ဤစာချွန်တော်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်အားကြောင့် အနာဂတ် မျိုးဆက်သစ်များ အတွက် လူသားအားလုံးသည် ညီအစ်ကို မောင်နှမများ ဖြစ်ကြသည် ဟူသော အသိတရားနှင့် အပြန်အလှန် လေးစားသော ယဉ်ကျေးမှု အားကောင်းစေမည့် လမ်းညွှန်ချက်အဖြစ် တည်ရှိရန် ရည်ရွယ်ပါသည်။

697  Views
Previous: ကက်သလစ်ရဟန်းအဖြစ်မှ အနားပေးခံရသော ဝန်ကြီးဟောင်းအား ရဟန်းအဖြစ်သို့ ရဟန်းမင်းကြီးက ပြန်လည်လက်ခံ
Next: နတ်ဆိုး၏ နှောင့်ယှက်တတ်သော နည်းလမ်းများကို သခင်ခရစ်တော်က ဖော်ပြပေးဟု ရဟန်းမင်းကြီးက မီးမောင်းထိုးပြတော်မူ