ကက်သလစ်ရဟန်းအဖြစ်မှ အနားပေးခံရသော ဝန်ကြီးဟောင်းအား ရဟန်းအဖြစ်သို့ ရဟန်းမင်းကြီးက ပြန်လည်လက်ခံ


နီဂါရာဂွာနိုင်ငံ၊ ဖေဖော်ဝါရီလ ၁၈၊ ၂၀၁၉ ဃဗြ

နီဂါရာဂွာနိုင်ငံနိုင်ငံ၏ အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်မှုကြောင့် ယဉ်ကျေးမှုဝန်ကြီးဖြစ်လာမှုကြောင့် ကက်သလစ်ရဟန်းအဖြစ်မှ အနားပေးခံရသော ဝန်ကြီးဟောင်းကက်သလစ်ဘုန်းတော်ကြီး အဒ်နက်စတို ကာဒေးနာအား ရဟန်းမင်းကြီးဖရန်စစ်က ရဟန်းအဖြစ်သို့ ဖေဖော်ဝါရီလ (၁၈) ရက်နေ့က ပြန်လည်လက်ခံသည် ဟု သတင်းရရှိသည်။
ကက်သလစ်ရဟန်းဖြစ်သော အဒ်နက်စတို ကာဒေးနာသည် ကက်သလစ်သာသနာတော်၏ကာနွန်ဥပဒေ ကတားမြစ်ထားသော ““ကက်သလစ်ရဟန်းများသည် နိုင်ငံရေးတွင် ပါဝင်ခြင်းမပြုရ”” ဟူသော ပုဒ်မကို ချိုးဖောက် ပြီး ၁၉၈၄ ခုနှစ်က နီဂါရာဂွာနိုင်ငံ၏ အာဏာရှင်ဆန့်ကျင်ရေးဖြုတ်ချခြင်းတွင် ပါဝင်မှုပြီးနောက် ဒီမိုကရေစီ အစိုးရကို စတင်ဖွဲ့စည်းသည့်အခါ၌ ဝန်ကြီးဖြစ်လာခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ရဟန်းမင်းကြီးယောဟန်ပေါလူး (၂) က သူ့အား ကက်သလစ်ရဟန်းတာဝန်များမှ ရုတ်သိမ်းလိုက်သည်။
ထိုသို့ကက်သလစ်ရဟန်းတာဝန်များမှ ရုတ်သိမ်းခြင်းကို ခံရပြီးနောက်၊ အဒ်နက်စတို ကာဒေးနာသည် ဝန်ကြီးတာဝန်ကိုသာ ကောင်းမွန်စွာထမ်းဆောင်ရင်း ရဟန်းမင်းကြီး၏တာဝန်ရုတ်သိမ်းခြင်းအပေါ် ချိုးဖောက်ခြင်း မပြုဘဲ နေထိုင်ခဲ့သည်။
အသက် (၉၄) ခုနှစ်ရှိပြီဖြစ်သော ဘုန်းတော်ကြီးအဒ်နက်စတို ကာဒေးနာသည် ဝန်ကြီးရာထူးမှ အနားယူ ပြီးနောက် ကက်သလစ်ရဟန်းတာဝန်များကို ပြည့်ဝစွာထမ်းဆောင်ခွင့် ပြုပါရန် နီဂါရာဂွာနိုင်ငံအခြေစိုက်၊ ဗာတီကန်သံအမတ်ကြီးနှင့်မိမိ၏ဆရာတော်ကြီးများထံသို့ အသနားခံစာတစ် စောင်ကို ပေးပို့ခဲ့လေသည်။
သူ၏အသနားခံစာအပေါ်အခြေခံလျက်၊ စုံစမ်းစစ်ဆေးခြင်းများကိုပြုလုပ်ပြီးနောက် မာနာဂွာမြို့၏ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးဖြစ်တော်မူသော သူသည် အိမ်ထောင်မပြုခြင်း၊ ရဟန်းလုပ်ငန်းများကို ကွယ်ရာတွင် လုပ်ဆောင်မှုမရှိဘဲ အသင်းတော်၏စည်း မျဉ်းအတိုင်း နေထိုင်ခြင်း၊ ပြည်သူများ၏ရိုသေထောက်ခံမှု ကို ရရှိခြင်းစသောအချက်များကို တွေ့ရှိပြီးနောက် သူ့အား ရုတ်သိမ်းထားသော ကက်သလစ်ရဟန်းတာဝန်များကို ပြန်လည်ပေးအပ်သင့်ကြောင်းဖြင့် နီဂါရာဂွာနိုင်ငံ အခြေစိုက်၊ ဗာတီကန်သံအမတ်ကြီးနှင့်မိမိ၏ ဆရာတော်ကြီး များက ရဟန်းမင်းကြီးဖရန်စစ်ထံသို့ အစီရင်ခံခဲ့ ကြလေသည်။
ရဟန်းမင်းကြီးဖရန်စစ်သည် နီဂါရာဂွာနိုင်ငံအခြေစိုက်၊ ဗာတီကန်သံအမတ်ကြီးနှင့်မိမိ၏ဆရာတော်ကြီး များ၏ အစီရင်ခံစားကို အခြေခံလျက် ကက်သလစ်ရဟန်းတာဝန်များမှ (၃၇) နှစ်တိတိ ရုတ်သိမ်းခံရသော ဘုန်းတော်ကြီးအဒ်နက်စတို ကာဒေးနာအား ကက်သလစ်ရဟန်းတို့၏တာဝန်များကို ပြန်လည်ထမ်းဆောင်ခွင့် ပြုသော စာကို ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ထုတ်ပြန်ပေးလိုက်တော်မူသည်။
ဆီးကြိတ်ရောဂါဖြင့် ဆေးရုံတက်နေသော ဘုန်းတော်ကြီးအဒ်နက်စတို ကာဒေးနာ ရဟန်းမင်းကြီး၏ခွင့်ပြု စာကို သူ၏ဆရာတော်ကြီးထံမှ လက်ခံရရှိပြီးနောက် သူ၏ဆရာတော်က သူ့ထံမှ ကောင်းကြီးခံယူတော်မူသည်ဟု သတင်းရရှိပါသည်။

674  Views
Previous: ကလေးမွေးပေးကြသော အမျိုးသမီးမိခင်တိုင်းဟာ မယ်တော်သခင်မများ ဖြစ်ကြသည်ဟု ကာဒီနယ်ချားလ်စ်ဘိုက မိန့်ကြား
Next: ကက်သလစ်ခရစ်ယာန်သာသနာတော်နှင့်မွတ်ဆလင်ဘာသာဝင်တို့၏ သမိုင်းဝင် ကြေအေးသင့်မြတ်ခြင်း