နိုင်ငံပေါင်း ၂၇ ခု စုဖွဲ့ထားသည့် ဥရောပသမဂ္ဂပါလီမန်က NUG အစိုးရနှင့် CRPH လွှတ်တော် ကို မြန်မာပြည်သူ၏ တရားဝင်ကိုယ်စားပြုအဖြစ် လက်ခံဟု ဆုံးဖြတ်ချက်ချ

နိုင်ငံပေါင်း ၂၇ ခု ပါဝင်သော ဥရောပသမဂ္ဂပါလီမန်က မြန်မာနိုင်ငံတွင် အ ကြမ်း ဖက် စစ်တပ် ဦးဆောင်သော စစ်အာဏာသိမ်းမှုကို ရှုတ်ချလိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် CRPHလွှတ်တော် ကို မြန်မာပြည်သူများ၏ ဒီမိုကရေစီ ဆန္ဒကို တရားဝင် ကိုယ်စားပြုများအဖြစ် ထောက်ခံ အားပေး လက်ခံသည်ဟု ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၇ ရက်နေ့ ကျင်းပသော ဥရောပသမဂ္ဂပါလီမန်အစည်း အဝေး က မြန်မာ့အရေးနှင့်ပတ် သက်၍ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး NUG နှင့် CRPH ကို တရားဝင် လက်ခံကြောင်း အဆိုပြုချက်ကို ထောက်ခံမဲ ၆၄၇ မဲ၊ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေ ၃၁ မဲ ထောက်ခံမဲအပြတ်အသတ်ဖြင့် ဆုံး ဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဥရောပ သမဂ္ဂက ပါလီမန်က မြန်မာ့အရေးနှင့်ပတ်သက်၍ အချက် ၅ ချက်ပါသော ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကိုယ်စားလှယ်များက သ ဘောတူ ညီလိုက်ကြပြီး ယင်း ၅ ချက်တွင်
၁-ဖေဖော်ဝါရီလ ၁ ရက်နေ့ မင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာသိမ်းမှုကို အပြင်းအထန်ရှုတ်ချကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လေးစားရန်နှင့် အရပ်သားအစိုးရကို အာဏာ ပြန်လွှဲပြောင်းပေးရန်၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်မှုများ အဆုံးသတ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာ ဖွဲ့စည်းပိုင်ခွင့်များကို လေးစားရန်၊ ရွေးကောက်တင် မြှောက်ခံ အမတ်များကို ၎င်းတို့၏ ပြည်သူလူထုတရားဝင်ကိုယ်စားပြုမှု လုပ်ငန်းများ စတင်ရေး ခွင့်ပြုရန်၊ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့်၊ ဖွဲ့စည်းပိုင်ခွင့်များအပေါ် တားဆီးမှုများ ဖယ်ရှားရန်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုကို လေးစားရန်။
၂- ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး ပထမ ခြေလှမ်းအဖြစ် မြန်မာ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူများကို ချက်ချင်း လွှတ်ပေးရန်၊
၃- မြန်မာပြည်သူများ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး တိုက်ပွဲများကို ထောက်ခံကြောင်း၊
၄- စစ်တပ်က ကျယ်ပြန့်စွာ ကျူးလွန်သော အကြမ်းဖက်မှုများကို ရှုတ်ချပြီး ဘုရားရှိခိုးကျောင်းများ၊ ဗလီများ၊ ကျောင်းများ၊ ဆေးကုသမှုဆိုင်ရာ အဆောက် အအုံများကို မကြာခဏ တိုက်ခိုက်မှုများနှင့် ဘာသာရေးခေါင်းဆောင်များကို ဖမ်းဆီးမှုများအတွက် အလွန်အမင်းစိုးရိမ်ကြောင်း၊
၅- CRPH နှင့် NUG တို့ကို မြန်မာပြည်သူများ၏ ဒီမိုကရေစီ စိတ်ဆန္ဒကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်ကိုယ်စားလှယ်များအဖြစ် ထောက်ခံပြီး တရားဥပဒေစိုးမိုးရေးကိုလေးစားလိုက်နာလျက် မြန်မာ့အ ကျပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရန် ရည်ရွယ် ဆောင်ရွက်သွားမည့် ကြိုးပမ်းအားထုတ်မှုများနှင့် စစ်မှန် ပြီးအားလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးပွဲများတွင် CRPH နှင့် NUကိုပါ ထည့်သွင်းဆောင်ရွက်သွားရန် အာဆီယံနှင့်နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းကြောင်း ဟူသော အချက်များ ပါဝင်သည်။
ဥရောပသမဂ္ဂပါလီမန်၏ ဆုံးဖြတ်ချက်ကို ပါလီမန် ဥက္ကဋ္ဌက ကုလသမဂ္ဂ၊ အာဆီယံ၊ အမေရိကန် အပါအဝင် အနောက်နိုင်ငံကြီးများ၊ အာရှနိုင်ငံများ အပါ အဝင် ကမ္ဘာ့ခေါင်းဆောင်များသို့ ပေးပို့ အသိပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇ ခုတွင် အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ တူရကီ ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဘူးဂေးရီယား၊ ဩစတြီးယား၊ လက်ဗီးယား၊ လစ်သူအေးနီးယား၊ လူဇင်ဘာ့၊ ဆိုက်ပရက် ၊ ခရိုအေးရှား၊ မော်လ်တာ့၊ ပိုလန်၊ ဒိန်းမတ်၊ ချက်စ်ချီးယား၊ အက်စ်တိုးနီးယား၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ ဖင်လန်၊ ဂရိ၊ စပိန်၊ ဆွီဒင်၊ ဟန်ဂေရီ၊ အိုက်ယာလန်နိုင်ငံတို့ပါဝင်သည်။
367  Views
Previous: Sean Turnell ကို အစိုးရလျှို့ဝှက်ချက် ဥပဒေနဲ့ ရုံးထုတ်ချိန် စကားပြန်ထားရှိခွင့် ပြုမည်မဟုတ်
Next: ဒေါ်အောင်ဆန်းစုကြည် လာဘ်စားခဲ့တယ်ဆိုတဲ့ ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက် သက်သေခံပစ္စည်းမရှိ