ပြည်ကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်ကြီး အလက်ဇန်္ဒားပြုံးချိုနှင့်တွေ့ဆုံမေးမြန်းခန်း (ကက်သလစ်ရဟန်းတွေမှာ သာသနာပြုလိုစိတ်တွေ အားနည်းလာတယ်။ ဒါပေမယ့် ဒီရဟန်းတွေဟာ ကိုယ့်ဘာသာဝင်တွေကို ဘာသာတရား၊ ဘုရားအကြောင်းတွေကို သင်ကြားပေးတဲ့နေရာမှာတော့ အားကောင်းလာကြတယ်)

ရန်ကုန်၊ ဇွန်လ ၂၂၊ ၂၀၁၈

ဂလိုရီယာသတင်းဂျာနယ်၏ထုတ်ဝေသူနှင့်အယ်ဒီတာချုပ်ဖြစ်သော ဆလိုင်းဂျိုးဇက်ကုန်ဇမှုန်း (ခ) ဝင်းလှိုင်ဦးက ပြည်ကက်သလစ်ဂိုဏ်းအုပ် သာသနာပိုင် ဆရာတော် ကြီး အလက်ဇန်္ဒား ပြုံးချိုအား ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၂)  ရက်နေ့က ရန်ကုန်မြို့ရှိ စီးတီးရန်ကုန် ဟိုတယ်တွင် သွားရောက်ပြီး ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းခန်းကို အပြည့်အစုံတင်ဆက် ပေးလိုက်ပါသည်။
———————————————————————————–
အပိုင်း (၁)
ဆလိုင်းဂျိုး။ မင်္ဂလာပါ ဆရာတော်ဘုရား။ အခုလိုတပည့်တော်ကို တွေ့ဆုံမေးမြန်းခွင့် ပေးတဲ့အတွက် ကိုယ်တော့်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။
ဆရာတော်ပြုံး။ ဟုတ်ကဲ့ပါ။ ဖြေရခက်တာလေးတွေတော့ မမေးနဲ့နော်။
ဆလိုင်းဂျိုး။ တင်ပါ။ ကိုယ်တော်ဖြေလို့အဆင်ပြေတဲ့ဟာပဲ ဖြေပေးပါ။ ဒီလ (၂၀၁၈ ခုနှစ်၊ ဇွန်လ ၃-၆) ရက်နေ့အထိ ပြုလုပ်ခဲ့ကြတဲ့မြန်မာနိုင်ငံကက်သလစ်ဆရာတော် ကြီးများအဖွဲ့ချုပ်ရဲ့ နှစ်ဝက်မျက်နှာစုံညီအစည်းအဝေးကနေ၊ နိုင်ငံတော်အတွက်နဲ့ကက်သလစ်ဘာသာဝင်များအတွက် ဘာတွေဆုံးဖြတ်ခဲ့ကြသလဲဆိုတာကို ပြောပြလို့ရသလောက် ပြောပြစေချင်ပါတယ်။
ဆရာတော်ပြုံး။ ဒီအစည်းအဝေး ကနေပြီးတော့၊ ကက်သလစ် ရဟန်းသင်ကျောင်းမှာ ပညာသင်နေကြတဲ့ ရဟန်းဖြစ်သင် ကျောင်းသားတွေကို ပုံသွင်းပျိုးထောင်ခြင်းနဲ့ ပတ်သက်ပြီးတော့၊ သူတို့ရဲ့ဝိညာဉ်ရေးဆိုင်ရာမှာ အဖော်ပြုပေးကြဖို့ ဆွေးနွေးကြတယ်။ ၂၀၁၈ ခုနှစ်၊ မေလတုန်းက ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ တွေ့ကြတဲ့အခါမှာ ရဟန်းမင်းကြီးက ရဟန်းဖြစ်သင်ကျောင်းသားတွေကို လွှတ်မထားဘဲ အဖော်ပြုပေးကြဖို့အတွက် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီး များကို အထူးမှာလိုက်ပါတယ်။ နောက်တစ်ချက်ကတော့၊ ရဟန်းဖြစ်သင် ကျောင်းသားတွေရဲ့လူသား ပီသခြင်းဆိုင်ရာ ပုံသွင်း ပျိုးထောင်ပေးခြင်း Human Formation နှင့် ပတ်သက်ပြီးတော့၊  သေချာမပျိုးထောင်ဘူးဆိုရင် ဒီလူတွေက ရဟန်းတွေ ဖြစ်လာတဲ့ အခါမှာ သာသနာမှာ ပြသာနာတွေ ဖြစ်တတ်တယ်။ ဒီအချက် ကိုတော့၊ အကြိုကက်သလစ် ရဟန်း  သင်ကျောင်း Seminary ကနေ ကက်သလစ် ရဟန်းဖြစ်တက်္ကသိုလ် Theologate အထိ တာဝန်ယူကြတဲ့ကျောင်း အုပ်တွေက မိမိတို့အစည်း အဝေးမှာ ရဟန်းဖြစ်သင် ကျောင်းသားတွေကို လူသားပီသခြင်းဆိုင်ရာပုံသွင်း ပျိုးထောင်ခြင်း နဲ့ပတ်သက်ပြီး တူညီသောပုံသွင်းခြင်း အဆင့် အဆင့်ကို တနိုင်ငံလုံး ကျင့်သုံးနိုင်ဖို့အတွက်၊ ပုံနှိပ်စာအုပ် အဆင့်ဆင့် စည်းကမ်း၊ အခြေခံစည်းမျဉ်း များကို ရေးဆွဲကြဖို့ ဆုံးဖြတ် ကြပါတယ်။ ဒုတိယ အချက်ကတော့၊ ကျွန်တော်တို့ ဆရာတော် တွေအနေနဲ့ ကိုယ့်လက် အောက် ရှိရဟန်းတွေကို မပစ်ထားဘဲ အဖော်ပြုကြဖို့၊ ရဟန်းတာဝန်ကနေထွက်သွားကြသူတွေကိုလည်း ဆရာတော်တွေဖက်က မပစ်ထားကြဘဲ၊ သူတို့တတွေလည်း ကောင်းတဲ့လူနေမှုထဲမှာ ဆက်လက်ရှိနေကြဖို့အတွက် ကူညီပေးကြရန် ဆုံးဖြတ်ကြ ပါတယ်။ တတိယအချက်ကတော့၊ ကော်မရှင်အသီးသီးမှ အတည်ပြုပေးဖို့ တင်လာတဲ့တင်ပြချက်တွေကို အတည်ပြုပေး ကြပါတယ်။ ကျွန်တော့်အနေနဲ့ကတော့၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော် ကြီးများ အဖွဲ့ချုပ် လက်အောက်ရှိ ကျန်းမာရေး ကော်မရှင် ဥက်္ကဌအနေနဲ့ ကျန်း မာရေး  ကော်မရှင်ရဲ့ဖွဲ့စည်းပုံဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့မဟာဗျူဟာတွေကို ရေးဆွဲချမှတ်ပြီးသွားတာမို့ ဒီကော်မရှင်ကို ပီပီပြင်ပြင်အလုပ်လုပ်ဆောင်နိုင်ဖို့ အတည်ပြုချက်ကို တောင်းတော့ သူတို့ က အတည်ပြု ပေးပါတယ်။ စတုတ်္ထ အချက်ကတော့၊ ရဟန်းဖြစ် တက်္ကသိုလ်မှာ စာချနေကြတဲ့ ရဟန်း တော်တွေထဲက တချို့ကို ထပ်ဆင့်ပညာတော်သင်စေလွှတ်ဖို့နဲ့ တချို့ရဟန်းတွေကို အပြောင်းအလဲတွေ လုပ်ဖို့ အတည်ပြုကြတယ်။ ပဉ်္စမအချက်တော့၊ မြန်မာနိုင်ငံကက်သလစ်သာသနာလုံးဆိုင်ရာ လက်ထပ်ထိမ်းမြားခြင်းခုံရုံး National Marriage Tribunal ကို စတင်ဖွဲ့စည်းဖို့ ဆုံးဖြတ်ကြ ပါတယ်။ ဒီကော် မရှင်ကို ပီ ပီပြင်ပြင်ဖွဲ့အစည်း ဖို့အတွက် ကာနွန် ဥပဒေဘွဲ့ရ ကက်သလစ် ရဟန်းတွေရဲ့နာမည် တွေကို ပြုစုကြပြီးတော့၊ ဒီကော်မရှင် ကို ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် သာသနာမှ လက် ထောက်ဆရာတော်ကြီး၊ ဂျွန်စောယောဟန်က ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင်လည်း ဂိုဏ်းချုပ်သာသနာအဆင့်မှာ ဒီလိုမျိုးလက်ထပ်ထိမ်းမြားခြင်းခုံရုံးကို ဖွဲ့စည်းကြဖို့၊ လက်ထပ်ထိမ်း မြားခြင်းခုံရုံး မရှိသေးတဲ့ သာသနာတွေ အဆင့်မှာလည်း စတင်ဖွင့် လှစ်ကြဖို့အတွက် အကြံပြုကြပါတယ်။

ဆလိုင်းဂျိုး။ ဒီမြန်မာနိုင်ငံကက်သလစ်သာသနာလုံးဆိုင်ရာ လက်ထပ်ထိမ်းမြားခြင်းခုံရုံးအတွက် ကာနွန်ဥပဒေဘွဲ့ရ ရဟန်းတွေရဲ့နာမည်နဲ့စာရင်းတွေကို ပြုစုတယ်လို့အခုနားက ပြောပါတယ်။ တကယ်တော့ ဒီခေတ်ကြီးမှာက သာမန် ဘာသာဝင်တွေနဲ့သီလရှင်တွေလည်း ကာနွန်ဥပဒေဘွဲ့ကို ရရှိနေကြပါပြီ။ ဒီလိုမျိုးလူတွေကိုရော ဒီခုံရုံးမှာ ဘာဖြစ်လို့ ထည့်မစဉ်းစားတာလဲ။ ကျားမ ရောလိုက်ရင် အမှုကို ကိုင်တွယ်ဖြေရှင်းပေးတဲ့နေရာမှာ ပိုပြီးတော့ မြန်ဆန်ပြီး ရလဒ် ကောင်းတွေ ပိုရလာမယ်လို့ တပည့်တော် ယူဆပါတယ်။
ဆရာတော်ပြုံး။ အခုကတော့ အစဆိုတော့၊ ထည့်မစဉ်းစားသေးတာ။ နောက်ပိုင်းကျရင်တော့ တာဝန်ယူတဲ့သူတွေက ဒီခုံရုံးထဲမှာ ကာနွန်ဥပဒေဘွဲ့ကိုရတဲ့ ရဟန်းတွေအပြင်၊ ကာနွန်ဥပဒေဘွဲ့ကိုရတဲ့ သီလရှင်တွေနဲ့သာမန်ဘာသာဝင် တွေကို ခန့်တာမျိုးတွေ လုပ်လာမယ်ထင်ပါတယ်။

ဆလိုင်းဂျိုး။ Nation Building နိုင်ငံတော်တည်ဆောက်ရေးအစီအစဉ်ဆိုပြီး (၅) Social-Pastoral Program Strategy (၅) နှစ်စာအတွက် မဟာဗျူဟာအစီအစဉ်ကို ဒီအစည်းအဝေးကနေ အတည်ပြုလိုက်ပြီလာ။
ဆရာတော်ပြုံး။ အတည်ပြုလိုက်ပြီ။ ဒါပေမယ့် ဘယ်ကနေစမလဲဆိုတာကိုတော့ ကိုယ့်ကော်မရှင်အလိုက်က ဆုံးဖြတ်ပြီး အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။
ဆလိုင်းဂျိုး။ ဒီြအေငသည ကြငိူငညါ နိုင်ငံတော်တည်ဆောက်ရေးအစီအစဉ်ဆိုပြီး (၅)့နမေဒျ ှအမအေနါငခ ဏူညေညငညါ (၅) နှစ်စာအတွက် မဟာဗျူဟာအစီအစဉ်ကို ဦးဆောင်ပေးမယ့် ညွှန်ကြားရေးမှူးလိုမျိုး၊ (ဥပမာ၊ ဂရုဏာအဖွဲ့အစည်းဆိုရင် ဒေါက်တာထွန်းကြည်က တစ်နိုင်ငံလုံးဆိုင်ရာညွှန်ကြားရေးမှူး လုပ်သလိုမျိုး) ခန့်ဖို့ ရှိလာ။
ဆရာတော်ပြုံး။ မရှိဘူး။ ကိုယ့်ကော်မရှင်နဲ့ကိုယ်ပဲ သက်ဆိုင်ရာဆရာတော်တွေက ဦးဆောင်ပြီး လုပ်ကြမယ်။
ဆလိုင်းဂျိုး။ ၂၀၁၈ ခုနှစ်၊ မေလ တုန်းက ဗာတီကန် နိုင်ငံကို သွားပြီးတော့ ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်ကို ကိုယ်တော်တို့ မြန်မာပြည်က ကက်သလစ် ဆရာ တော်ကြီးတွေက သွားဖူးတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံခြင်း ကနေ ကိုယ်တော်အတွက်၊ ပြည်သာသနာအတွက် ဘာတွေ ပညာရခဲ့သလဲ၊ ဘာသတင်းစကားတွေ ယူလာသလဲ။
ဆရာတော်ပြုံး။ ဗာတီကန် နိုင်ငံကို ရောက်ကြတဲ့အခါမှာ အဲဒီမှာ ရှိနေကြတဲ့ ဌာန (ဝန်ကြီးဌာနရုံး) အသီးသီးကို လိုက်တွေ့ပြီးတော့ ဆွေးနွေး ခဲ့ကြပါတယ်။ သူတို့က တော့၊ ကျွန်တော်တို့တတွေကို ကူညီဖို့အဆင်သင့်ရှိနေတဲ့အကြောင်း၊ အထက်ကနေ အမိန့်ပေးတာမျိုးထက်၊ အောက်ခြေ (ဥပမာ၊ ဆရာတော်ပိုင်သာသနာတွေကနေ ဗာတီကန်ကို တင်ပြလာတာမျိုး) ကနေပြီးတော့ တင်ပြလာတာမျိုးကို ပိုပြီးလိုချင်ကြပါတယ်။ ဒီလိုကြားရတော့ ခွန်အားတစ်ခု ရရှိသွားပါတယ်။ ရဟန်းမင်းကြီးလည်း ဒီစိတ်ဓါတ်ပါပဲ။ တစ်ညနေမှာတော့၊ ရဟန်းမင်းကြီးဖရန်စစ်ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံက ဆရာတော် တွေနဲ့ ဝိုင်းထိုင်ကြပြီးတော့ လွတ်လွတ် လပ်လပ် ဆွေးနွေးမေး မြန်းမှုကို လုပ်ကြပါတယ်။ အဲဒီ မှာ မြန်မာနိုင်ငံက ဆရာတော် တစ်ပါးက သူ့သာသနာမှာ ဖြစ်ပျက်တဲ့ အခက် အခဲကို တင်ပြတဲ့အခါမှာ ရဟန်းမင်းကြီး က၊ အဲဒီဆရာ တော်ရဲ့အခက်အခဲတွေကို သူ့ဆီစာရေးတင်ပြပြီး ရဟန်းမင်းကြီးအနေနဲ့ ကူညီပေးဖို့အဆင်သင့် ရှိပါတယ် ဆိုပြီး ပြန်ပြောပါတယ်။ ဒီရဟန်းမင်းကြီးရဲ့စကားကို ကြား တော့၊ ဒီလိုမျိုးပဲ ကက်သလစ်အသင်းတော်မှာ ဗဟိုနဲ့နယ်တွေ အကြားမှာ ညိုနှိုင်းတိုင်ပင်မှုတွေ ရှိနေပါ လာဆိုပြီး တော်တော် သဘောကျ မိပါတယ်။ ရဟန်းမင်းကြီး လည်း ရိုးရိုးအခန်း မှာပဲ ဘာဟင်းဟန်မှ မပါဘဲနဲ့ ဖခင်တစ်ယောက်လို ငါတို့နဲ့အတူတူထိုင်ပြီးတော့ စကားပြောတယ်။ သူ့ရဲ့စကားတွေက ဟန်ဆောင်မှုကင်းပြီး စိတ်ထဲက စကားတွေကို ငါတို့ကို ပြောပြပါတယ်။ နောက်ပြီး ရဟန်းမင်းကြီးက ကျွန်တော်တို့ ဆရာတော်တွေကို ဘာမှာလဲဆိုတော့၊ ကိုယ့်လက်အောက်ရှိရဟန်းတွေကို တွဲခေါ်ပါ၊ ကူညီပါ။ ရဟန်းအဖြစ်ကနေ ထွက်သွားကြတဲ့ သူတွေကိုလည်း မပစ်ထားဘဲနဲ့ တတ်နိုင်သလောက် ထိတွေ့မှုလုပ်ရန်၊ နောက်ပြီး ကိုယ့်ရဲ့သာသနာမှာ ရှိနေ ကြတဲ့ သူတော်စင်တွေကိုလည်း အကောင်းဆုံးအသုံးပြုကြဖို့၊ ကူညီပေးကြဖို့အတွက်လည်း ညွှန်ကြားပါတယ်။

ဆလိုင်းဂျိုး။ ဆရာတော်က ပြည် သာသနာ မှာဆိုရင် ရှေ့ပြေး ဘုန်းတော်ကြီး တစ်ပါးထဲမှာ အပါအဝင်ဖြစ်ခဲ့သလို အခု ဆိုရင် သာသနာပိုင်ဆရာတော်လည်း ဖြစ်လာ တော့၊ ပြည်သာသနာမှာ အရင်ကနဲ့အခုကိုယ်တော့်လက်ထဲမှာ ကွာခြားတဲ့ အခက်အခဲတွေ၊ တိုးတက်မှုတွေနဲ့စိန်ခေါ်မှုတွေက ဘာတွေလို့ မြင်ပါသလဲ။
ဆရာတော်ပြုံး။ ဟိုတုန်းကတော့၊ နိုင်ငံခြား သာသနာ ပြုတွေက မြန်မာနိုင်ငံ ကနေ ပြန်သွား ကြတဲ့အခါမှာ တိုင်းရင်းသား ဘုန်းတော်ကြီးကတော့ ငါတို့ (၉) ပါးပဲ ကျန်ခဲ့ ကြတယ်။ (၉) ပါးနဲ့ပဲဆိုတော့ သာသနာနယ်က ကျယ်တာပေါ့လေ။ ဒါ ပေမယ့် ကျွန်တော်တို့က သာသနာပြုပုဂိုလ်တွေရဲ့စိတ်နေစိတ်ထားတွေကို ရရှိခဲ့ကြတော့၊ ကျယ်ပြန့်တဲ့သာသနာနယ်ထဲမှာ သူတို့လိုပဲ လျှောက်သွားပြီး သာသနာပြုခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းကတော့၊ ကက်သလစ်ခရစ်ယာန်အသင်းတော်ထဲ မှာ ဘာသာတူအသစ်တွေ တိုးလာဖို့၊ တခြားဘာသာကနေ ကိုယ့်ဘာသာဖက်ကို ကူးပြောင်းလာဖို့အတွက် ဦးစားပေး လုပ်ဆောင်ခဲ့ကြပါတယ်။Quantity ဘာသာတူဦးရေတိုးလာဖို့ကို ဦးစားပေးခဲ့ကြတာပေါ့။ ကိုယ့်ဘာသာ ဖက်ကို ဝင်လာတဲ့သူတွေကို Faith Formation အရည်အသွေးတက်လာအောင် အားစိုက်ပြီး မလုပ်ဆောင်နိုင်ခဲ့ ကြဘူး။ အခုခေတ်ကျတော့၊ ရဟန်းတွေက များလာတော့၊ ကက်သလစ် ဘာသာတူတွေ ဦးရေတိုးရေးကို ဦးစား မပေးကြတော့ဘဲ၊ လက်ရှိရှိနေကြတဲ့ ကက်သလစ် ဘာသာတူ တွေရဲ့အရည်အသွေး (ပိုပြီးတော့ ယုံကြည်ခြင်းရှိလာကြဖို့၊ ဘုရားအကြောင်းနဲ့ အသင်းတော် အကြောင်းကို ပိုသိလာကြဖို့) Faith Formation ဘာသာရေးအသိတရားကို သင်ကြားပေးတဲ့ဖက်ကိုပဲ ဦးစားပေးလာကြတော့တယ်။ အခုလက်ရှိအခြေအနေကိုကြည့်ရင် ကျွန်တော်တို့ဘုန်းကြီးတွေဟာ ဘာသာတူအသစ်ကို ရဖို့ သာသနာပြုလိုတဲ့စိတ်တွေ လျှော့နည်းလာကြတယ်။ ရှိနေ ကြတဲ့ ဘာသာ တူတွေ အကြား ထဲမှာပဲ ဘာသာရေး အသိ တရားတွေ ကို ပိုပြီး သင်ကြားပေး တဲ့ဖက်ကို ရ ဟန်းတွေက အားသန်လာကြတော့တယ်။ ဒါကတော့ ကိုယ့်ရဟန်းတွေရဲ့ ဂုဏ်ယူစရာ ဖြစ်ပါတယ်။

ဆရာဂျိုး။ ပြည်ကက်သလစ်သာသနာရဲ့သမိုင်းက သိသလောက်ပြောရရင်၊ နိုင်ငံခြားသာသနာပြုတွေဟာ စစ်တွေကို အရင်ဆုံး ဝင်ခဲ့ကြတယ်။ အခုဆိုရင် သမိုင်းအရက၊ နှစ်ပေါင်း (၁၀၀) ကျော်ပြီ။ ဒါပေမယ့် အခုပြည်ကက်သလစ် သာသနာထဲမှာ ရခိုင်လူမျိုးထဲက ရဟန်းတစ်ပါးမှ မတွေ့ရဘူး။ နောက်ပြီးတော့၊ ကိုယ်တော်တို့ဖက်ကလည်း ရခိုင်လူမျိုး တွေအကြားထဲမှာ သာသနာပြုတာ ရှိရဲ့လား။
ဆရာတော်ပြုံး။ လူမျိုးတစ်ခုက ဘာသာတစ်ခုခုမှာ စွဲပြီဆိုရင် တခြားဘာသာဖက်ကို ကူးပြောင်းလိုစိတ် မရှိကြတော့ဘူးလို့ ကျွန်တော့်အနေနဲ့ သုံးသပ်မိပါတယ်။ ဥပမာပြောရရင်ဟိုး….နိုင်ငံခြားကသာသနာပြုတွေက မြန်မာနိုင်ငံကို လာရောက်ကြတဲ့အခါမှာ တောင်တန်းဒေသ တွေ (ချင်း၊ ကချင်၊ ကရင်၊ ကယား) စတဲ့နေရာဒေသမှာက နတ်ကိုးကွယ်တဲ့ဓလေ့က ကြီးထွားတဲ့အချိန်ဖြစ်ပါတယ်။ နတ်ကို ကိုးကွယ်တဲ့ဒေသတွေမှာ သာသနာပြုရတာက ပိုပြီးတော့ အောင်မြင်မှု ရှိခဲ့ပြီး နတ်စားတွေဟာ ခရစ်တော်ကို လက်ခံဖို့ လွယ်ကူခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့၊ နတ်စားတဲ့သူတွေရဲ့ရိုးရာနဲ့ယဉ်ကျေးမှုတွေက ခရစ်ယာန်တို့နဲ့ ဆင်တူရိုးမှားမှုတွေ၊ တူညီတာတွေ ရှိနေတဲ့အခါကျတော့၊ သင်ပေးတဲ့သူတွေက ကွက်ကွက်ကွင်းကွင်းသင်ပေးနိုင်ကြသလို နားထောင်တဲ့သူတွေကလည်း နတ်နဲ့ဘုရားကို ကောင်း ကောင်းခွဲခြားသိမြင်နိုင်လွယ်ကြတဲ့အတွက် နတ်စားတွေဟာ ခရစ်တော်ကို လက်ခံဖို့ လွယ်ကူခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဗုဒ်္ဓဘာသာတရားက နှစ်ပေါင်း အကြာကြီး ကြီးထွားနေ ခဲ့တဲ့ရခိုင်လူမျိုးများ၊ ရှမ်းလူမျိုးများ၊ ပအိုပ့်လူမျိုးများ နဲ့ဗမာလူမျိုးများအကြားမှာက ဗုဒ်္ဓဘာသာဝင်တွေက ဘုရားဆိုတာကို ကောင်းကောင်းနားလည်ခဲ့ကြတာမို့၊ ဗုဒ်္ဓ ဘာသာကနေ ခရစ်ယာန်ဘာသာဖက်ကို ကူးပြောင်းလာဖို့ အတော်ခက် လာတယ်လို့ သုံးသပ် ပါတယ်။ ဒါကြောင့် မို့လည်း ပြည် ကက်သလစ် သာသနာမှာ ရခိုင် လူမျိုးထဲက ကက်သလစ် ရဟန်းတစ်ပါးမှ မရှိသေး တာရယ်၊ ရခိုင် လူမျိုးထဲက ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေ မရှိသလောက် နည်းပါး နေတာ ဖြစ်ပါတယ်။ ကျောက်ဖြူ နယ်ဖက်မှာတော့ ရခိုင်လူမျိုးထဲက ကက်သလစ်ခရစ်ယာန်ဘာသာဝင် နည်းနည်းပါးပါးတော့ ရှိကြပါတယ်။

ဆရာဂျိုး။ ပြည်မြို့မှာ ဖွင့်လှစ်ထားတဲ့ ရဟန်းဖြစ်သင်ကျောင်းမှာရော ရခိုင်လူမျိုးထဲက လူငယ်တွေ မရှိဘူးလား။
ဆရာတော်ပြုံး။ မရှိဘူး။ ရခိုင်လူမျိုးထဲက ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေကိုတောင် လက်ချိုးရေလို့ ရတယ်။
ဆရာဂျိုး။ ပြည် ကက်သလစ် ဆရာတော် ပိုင်သာသနာက နှစ်လည်း ကြာခဲ့သလို နယ်မြေလည်း ကျယ်ပြန့်တော့၊ နောက် ထပ်ဆရာတော်ပိုင်သာသနာ တစ်ခုအဖြစ် ခွဲ ထုတ်တည်ထောင်ဖို့ အစီအစဉ်ရှိပါသလား။
ဆရာတော်ပြုံး။ ရှိပါတယ်။ တကယ်တော့ ပြည် ကက်သလစ် ဆရာတော်ပိုင် သာသနာနယ်ကို သီးခြား ဆရာတော်ပိုင် သာသနာနယ် New Diocese အဖြစ် ခွဲထုတ် တည်ထောင်ဖို့အတွက် ပျံလွန်တော်မူပြီးဖြစ်တဲ့ ဆရာတော်ကြီး ဂျိုးဇက်သောင်းရွှေ လက်ထဲကတည်းကနေ လုပ်ခဲ့ကြပါတယ်။ ကျွန်တော်လည်း ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ ဆရာတော်ကြီး ဂျိုးဇက် သောင်းရွှေက ကျန်းမာရေးမကောင်းလို့ အနားယူတော့၊ သူ့ကို ဆက်ခံတဲ့ ဆရာတော်ကြီး ဂရေဂေါ်ရီ တိုက်မောင်း တက်လာတဲ့ အခါမှာ တော့ သာသနာခွဲဖို့ကို သိပ်စိတ်မဝင်စားဘူး။ ဒါကြောင့် သူက ဒီလုပ် ငန်းကို ဆက်မလုပ် ခဲ့တော့ဘဲ ဒီနေ့အထိ ရှိနေတာ ပေါ့လေ။ ဘာပဲဖြစ်ဖြစ်၊ အခု ခေတ်မှာက လုပ်စရာအလုပ်တွေက များလာတော့၊ သာသနာအလုပ်ကို ထိထိရောက် ရောက်လုပ်ဖို့ဆိုရင် ဆရာတော် ပိုင်သာသနာ အသစ်တစ်ခုကို ပြည်ကက်သလစ် သာသနာကနေ ခွဲထုတ်ပြီး ထူထောင်မှ ဖြစ်တော့မယ်။

(အပိုင်း-၂ ကို နောက်လတွင် ဆက်လက်တက်ဆက်ပေးပါမယ်။)

1541  Views
Previous: တရုတ်နှင့်ဗာတီကန်နိုင်ငံနှစ်ခု၏ သံတမန်လမ်းကြောင်းမှ ကချင်ပြည်နယ်ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေနိုင်ဟု မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများက မျှော်လင့်
Next: ဟားခါးကက်သလစ်ဂိုဏ်းအုပ်သာသနာ၌ ၂၀၁၇ ခုနှစ်အတွင်း ဆယ်ဖို့တစ်ဖို့ ကျပ်သိန်းလေးထောင်ခုနှစ်ရာကျော် ရရှိ