ဗာတီကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်သွယ်ရေး ပိုကောင်းလာတဲ့လက္ခဏာ

76-b

(ဆောင်းပါး)

သြဂုတ်လ ၈ ရက်၊ ဗာတီကန်

လက်ရှိကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းက ယခင်ကလိုမဟုတ်၊ နေရာတော်တော်များများတွင် ဗုံးဖေါက်ခွဲ မှု၊ သေနတ်သံများ၊ ငိုသံများဖြင့် လူ့အသိုင်းအဝိုင်းကို ခြိမ်းခြောက်နေရင်း ဆုတောင်းခြင်း၊ လူသားချင်း စာနာမှုအကူအညီများနှင့်သံတမန်ဆက်ဆံရေးများကို လိုအပ် နေသောအချိန် ဖြစ်လေသည်။ သို့သော် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ သြဂုတ်လ ၁၃ ရက်နေ့စတင်သည့် တောင်ကိုးရီးယားနိုင်ငံ ခရီးစဉ်သည် အရာရာတိုင်း ကို အရင်ကထက်ပိုကောင်းအောင် ဆောင် ကျဉ်းပေးနိုင်မည့်မျှော်လင့် ချက်ရောင်ခြည်များ ဖြာထွက်နေလေသည်။ အကြောင်းရင်းကား ရဟန်းမင်းကြီးများ အဆက်ဆက် က နိုင်ငံခြားခရီးစဉ်ရှိတိုင်း တရုတ်နိုင်ငံလေပိုင်နက်ကို ဖြတ်ကျော်ခွင့် မရရှိခဲ့သော်လည်း လက်ရှိရဟန်း မင်းကြီးဖရန်စစ်ကမူ တရုတ်အစိုးရက တရုတ်နိုင်ငံ၏လေပိုင်နက်ထဲတွင် ရဟန်းမင်းကြီး၏ လေယာဉ် ကို ဖြတ်သန်းခွင့် ပြုရန် ဗာတီကန်နိုင်ငံ၏ တောင်းဆိုချက်ကို တရုတ်အစိုးရက ခွင့်ပြုလိုက်ခြင်းပင် ဖြစ်ပေ သည်။ ထိုသို့သော ရဟန်းမင်းကြီးများ၏ လေယာဉ်ထဲက ရဟန်းမင်းကြီး ဖရန်စစ်၏လေယာဉ်ကို တရုတ်လေပိုင်နက် (ပုံပါအစိမ်းရောင်လမ်းကြောင်းအတိုင်း) ထဲတွင် တရုတ်အစိုးရက ဖြတ်သန်း ခွင့်ပြုခြင်းသည် တရုတ်အစိုးရ၏ ပထမဆုံးအကြိမ်ဖြစ်သည်။

၁၉၈၄ ခုနှစ်က ပျံလွန်သွားသော ရဟန်းမင်းကြီးယောဟန်ပေါလူး (၂) က တောင်ကိုးရီးယားနိုင်ငံသို့ သွားရောက်စဉ်တွင် တရုတ်အစိုးရက ရဟန်းမင်းကြီး၏လေယာဉ်ကို တရုတ်လေပိုင်နက်ထဲ တွင် ဖြတ် သန်းခွင့် ပိတ်ပင်ခဲ့သည်။ ထို့ကြောင့် ရဟန်းမင်းကြီးယောဟန်ပေါလူး (၂) ၏ လေယာဉ်သည် ပုံပါအနီရောင်လမ်းကြောင်းအတိုင်း ပျံသန်းခဲ့ရသည်။ ထိုကဲ့သို့သော လမ်းကြောင်း ကို ကွေ့ပတ်မောင်းနှင် ရ သောကြောင့် လေယာဉ်ကိုဆီဖြည့်ရန်အတွက် ရဟန်းမင်းကြီးယောဟန်ပေါလူး (၂) ၏ လေယာဉ်သည် အမေရိကန်နိုင်ငံ၊ အလာစကား ပြည်နယ် ဖေးဘန့်မြို့တွင် ဆင်းသက်ခဲ့ရပြီး အမေရိကန်သမ္မတ ရိုနယ်လ်ရိကန်က ရဟန်းမင်းကြီးယောဟန်ပေါလူး (၂)ကို လေဆိပ်တွင် ကြိုဆိုခဲ့ဖူးသည်။ ရဟန်းမင်း ကြီးယောဟန်ပေါလူး (၂) သည် ၎င်းလေဆိပ်တွင်ပင် စုရုံးကြိုဆိုနေကြသော ဘာသာဝင်များနှင့်အတူ ဘုရားဝတ်ပြုခြင်း (မစ္ဆားပြုလုပ်)ကို ပြုလုပ်တော်မူခဲ့သည်။

တဖန် ၁၉၈၉ ခုနှစ်က ရဟန်းမင်းကြီးယောဟန်ပေါလူး (၂) သည် တောင်ကိုးရီးယားနိုင်ငံသို့ ဒုတိယ အကြိမ် ကြမြန်းတော်မူရာတွင်လည်း ရဟန်းမင်းကြီးယောဟန်ပေါလူး (၂) ၏ လေယာဉ်ကို တရုတ်လေပိုင်နက်ထဲတွင် ဗာတီကန်က အခွင့်တောင်းခဲ့သော်လည်း တရုတ်အစိုးရက ဖြတ်သန်းခွင့်ကို ပယ်ချခဲ့သည်။ ရဟန်းမင်းကြီးယောဟန်ပေါလူး (၂) သည် နိုင်ငံခြားခရီးစဉ်ကြမြန်းတော်မူတိုင်း ရုရှားနိုင်ငံ ၏လေပိုင်နက်ကို ဖြတ်သန်းခွင့် တောင်းဆိုခဲ့ရာ ရုရှားနိုင်ငံက ရဟန်းမင်းကြီးယောဟန်ပေါလူး (၂)၏ လေယာဉ်ကို ရုရှားလေပိုင်နက်ထဲတွင် အမြဲတမ်းဖြတ် သန်းခွင့် ပြုခဲ့သည်။ ထိုကဲ့သို့ ရုရှားနိုင်ငံ၏လေပိုင်နက်ကို ဖြတ်ကျော်တိုင်း ရဟန်းမင်းသည် ရုရှားသမ္မတ ကိုဘာချော့ဗ်အား ကျေးဇူးတင် စကားမိန့်ကြားရင်း ရုရှားပြည်သူများအတွက်ပါ ကောင်းကြီးပေးဆုတောင်းပေးတော်မူခဲ့သည်။

ထုံးစံအရ၊ ရဟန်းမင်းကြီးများသည် မိမိ၏လေယာဉ်ဖြင့် ဖြတ်ကျော် ထားသော လေပိုင်နက်နိုင်ငံများ အတွက် ၎င်းနိုင်ငံခေါင်းဆောင်များထံ ကျေးဇူးတင် ခြင်းနှင့်ဆုတောင်းပေးခြင်း သဝဏ်လွှာကို ပေးပို့ ခဲ့ကြရသည်။ ရဟန်းမင်းကြီးဖရန်စစ်သည်လည်း မိမိ၏ လေယာဉ်ကို တရုတ်နိုင်ငံ၏ လေပိုင်နက် ထဲတွင် ဖြတ်သန်းခွင့်ပြုသော တရုတ်အစိုးရအား ကျေးဇူးတင်ခြင်းနှင့်ဆုတောင်းပေးခြင်း သဝဏ်လွှာ ကို ကြေးနန်းဖြင့်ပေးပို့လိုက်သော်လည်း ၎င်းစာသည် တရုတ်အစိုးရထံမရောက်ရှိကြောင်း၊ ထိုသို့ မရောက်ရှိခြင်းသည် စက်ပိုင်းဆိုင်ရာနည်းပညာ ချို့ယွင်းမှုကြောင်းဖြစ်နိုင်ကြောင်း၊ ထိုသို့မရောက် ရှိခြင်းကြောင့်၊ ဗာတီကန်နိုင်ငံသည် တရုတ်အစိုးရထံပေးပို့သော ရဟန်းမင်းကြီး၏ ကျေးဇူးတင် သဝဏ်လွှာကို အီတလီသံရုံးမှတဆင့် ထပ်မံပေးပို့ခဲ့ရကြောင်းဖြင့် ဗာတီကန်ပြန်ကြားရေးဌာနမှူး ဘုန်းတော်ကြီးလွမ်ဘားဒီထံမှ သိရှိရသည်။ ဗာတီကန်နိုင်ငံသည် တရုတ်နိုင်ငံကို ကွန်မြူနစ်အစိုးရက စတင်အုပ်ချုပ်သည့် ၁၉၄၉ ခုနှစ်မှစတင်ပြီး သံတမန်အဆက် အသွယ်ကို ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။ ၀၀၈ ဂျိုးဇက်

1604  Views
Previous: ရဟန်းမင်းကြီးဖရန်စစ်က အီရတ်နိုင်ငံတွင် ညှင်းပန်းသတ်ဖြတ်ခြင်း ခံနေကြရသော လူနည်းစုများအရေးအတွက် မိမိကိုယ်စားလှယ်ကို ခန့်အပ်တော်မူ
Next: မြစ်ကြီးနား ကက်သလစ်ဆရာတော်ကြီး ဖရန်စစ်ဒေါတန်နှင့်တွေ့ဆုံမေးမြန်းခန်း