ဘုရား မပါပဲ ငါတို့ ဘာမှ မတတ်နိုင်၊ ငါတို့ မပါပဲနဲ့လည်း ဘုရား ဘာမှလုပ်မှာ မဟုတ် ဟူသော ပုသိမ်ဂိုဏ်းအုပ်သာသနာ၏ စီမံအုပ်ချုပ်ရေးတာဝန်ခံ၊ ဖါသာရ် ဟင်နရီ အိုင်ခလိန်၏ ပထမဆုံးသော သတင်းစကား

ပုသိမ်ဂိုဏ်းအုပ်သာသနာ၏
စီမံအုပ်ချုပ်ရေးတာဝန်ခံရုံးမှသတင်းစကား
ပုသိမ်ဂိုဏ်းအုပ်သာသနာအတွင်းရှိ
ကက်သလစ်ဘုန်းတော်ကြီးများ၊ စစ္စတာရ်များ၊ ဘရာသာရ်များနှင့် ဘာသာသူများအတွက်
၁/သတစက/၂၀၂၁
၁၅၊ သြဂုတ် ၊ ၂၀၂၁

ပုသိမ်ဂိုဏ်းအုပ်သာသနာ၏ စီမံအုပ်ချုပ်ရေးတာဝန်ခံ ဖါသာရ် ဟင်နရီ အိုင် ခလိန်

၁။ ပုသိမ်ဂိုဏ်းအုပ်ဆရာတော် ဂျွန်မန်းဆိန်းဟှီဟာပြီးခဲ့တဲ့ ဇူလိုင်၂၂ ရက်နေ့ နံနက်မှာ ပုသိမ်မြို့ပေါ်ရှိဆရာတော်ကျောင်းတိုက်မှာပျံလွန်တော်မူခဲ့ပါတယ်။ ဝမ်းနည်းကြေကွဲခြင်း ရက်သတ္တပတ်ကိုလည်း ဇူလိုင် ၂၂ မှ ၂၈ ရက် အထိ သတ် မှတ်ခဲ့ ပြီး ဧရာ ဝတီ တိုင်းဒေ သကြီးအတွင်းမှာတည်ရှိတဲ့ပုသိမ် ဂိုဏ်း အုပ် သာ သနာ အတွင်း ရှိ ဘုန်းတော် ကြီးများ၊ သီ လရှင် များနဲ့ ဘာသာ ဝင်များ အားလုံး က မစ္ဆား ပူဇော် ခြင်း၊ ပုတီး စိပ် ခြင်း၊ ဆုတောင်း ခြင်း ပြု လုပ် ကြ ဖို့ ရန် တိုက် တွန်း နှိုးဆော် ခဲ့ ပါတယ်။ မမျှော် လင့် ပဲ ရုတ် တရက် အဘ ဆရာတော် ရဲ့ ပျံလွန် တော် မူ ခြင်း ဟာ သူ့ ကို သိသူ များ၊ ချစ် ခင် လေးစားသူများအားလုံးရဲ့ စိတ်နှလုံးထဲမှာ နက် ရှိုင်း စွာ ထိ ခိုက် နာ ကျင် ကြ ရပါတယ်။
အစားထိုး မရ တဲ့ ဒီ ဆုံး ရှုံး မှု ဟာ ပုသိမ် ဂိုဏ်း အုပ် သာသ နာ သာ မက သာသနာ တော် တစ် ဝှမ်းလုံး ရဲ့ ဆုံး ရှုံး မှု ဖြစ် ပါတယ်။ ၂၀၀၃ မှ ၂၀၂၁ ခုနှစ် အတွင်း ၁၈ နှစ် တာ သိုး ထိန်း ကောင်း တစ်ပါးအနေ နဲ့ ထမ်း ဆောင် ခဲ့ တဲ့ သာသနာ အမှုတော် မှာ ပုသိမ်ဂိုဏ်း အုပ် သာသနာ အတွင်း သာ မက၊ ဧ ရာဝတီတိုင်း ဒေ သကြီး တစ် ခုလုံး ရှိ လူပုဂ္ဂိုလ် အား လုံး ရဲ့ အသက် တာ ကို ထိတွေ့ နိုင် ခဲ့ ပါတယ်။ သူ့ကို သိ သူတိုင်း က အစဉ် အမြဲ အောက် မေ့ သတိယ နေ မယ် ဆိုတာ ဧကန် အမှန် ပဲ ဖြစ် ပါတယ်။

 

၂။ ပုသိမ် ဂိုဏ်း အုပ် သာ သနာ ဟာ ၁၉၅၅ ခုနှစ် မှာ ရန်ကုန် ဂိုဏ်း ချုပ် သာသနာတော် မှ ခွဲ ထွက် ပြီး ဆရာ တော် ဂျော့ ဦးကျော် ပုသိမ် ဂိုဏ်းအုပ် သာသနာ အတွက် ပထမဦးဆုံး ဆရာတော် ဖြစ် လာပါတယ်။ ဖြစ် တည် ခါ စ ဂိုဏ်း အုပ် သာသနာ ကို ဆရာတော် ဂျော့ ဦးကျော် ဟာ ၁၉၅၅ ကနေ ၁၉၆၇ ခုနှစ် အထိ ဦးဆောင် ခဲ့ ပါတယ်။ ၁၉၆၇ ခုနှစ် နိုဝင် ဘာ လ သာသ နာ နယ် လှည့် စဉ် ပုသိမ် မြို့နဲ့ မိုင် ၂၀ ဝေးတဲ့ သာ ကျော် ကွင်း ရွာ မှာ ရုတ် တရက် ပြန် လွန် တော် မူ ခဲ့ ပါတယ်။ လစ် လပ် သွား တဲ့ ဆရာတော် နေ ရာ ကို အသက် ငယ် ရွယ် သန် မာ တဲ့ ဆရာ တော် ဂျိုး ဇက် မန်း အေရီ က ၁၉၆၈ ခုနှစ် မှာ ဆက် ခံ ပါတယ်။
၁၉၈၂ ခုနှစ် မှာ ဆရာတော် ဂျိုးဇက် မန်းအေရီ ဟာ ကျန်းမာ ရေး အခြေ အနေ ကြောင့် မမျှော်လင့် ပဲ အနား ယူ သွား တဲ့ အခါ မှာ ပုသိမ် ဂိုဏ်းအုပ် သာသနာတော် ဟာ ၁၉၈၂ မှ ၁၉၈၅ အထိ လေး နှစ် တာ ဆရာ တော် မရှိ ဖြစ် ခဲ့ ပါတယ်။ အဲ ဒီနောက် တော့ ၁၉၈၅ မှာ ပဲ ကိုလိုနီ ခေတ် မှာ ရောက် လာတဲ့ India မျိုး နွယ် ဖွား ဆရာ တော် J.V ဆေးကွီး ယဲ ဟာ အသက် ၆၈ နှစ် အရွယ်မှာ ပုသိမ် ဂိုဏ်း အုပ် ဆရာတော် ဖြစ် လာ ပါတယ်။ ၁၉၈၈ မှာ ဆရာ တော် ဂျွန် ဂေးဗြဲလ် လက် ထောက် ဆရာ တော် တစ် ပါး ဖြစ် လာ ပြီး ဆရာတော် J V. ဆေး ကွီးယဲ အသက် ၇၅ နှစ် ပြည့် လို့ အနား ယူ တဲ့ အခါ မှာ ဆရာတော် ဂျွန် ဂေးဗြဲလ် ဟာ ပုသိမ် ဂိုဏ်း အုပ် သာသနာ ဆရာတော် ဖြစ် လာပါတယ်။ သို့သော် သူ့ရဲ့ ဂိုဏ်း အုပ် ဆရာတော် အဖြစ် အမှု ထမ်းဆောင် ရတဲ့ ကာလ ဟာ တိုတောင်း ခဲ့ ပါတယ်။ ၂ နှစ် ပဲ ရှိ ပါတယ်။ ဘာ ကြောင့်လဲ ဆို တော့ ၁၉၉၄ ခုနှစ် မှာ ပျံလွန် တော် မူ ခြင်းကြောင့် ဖြစ် ပါတယ်။

 

ဒီလို နဲ့ ဒုတိယ အကြိမ် ပုသိမ် ဂိုဏ်း အုပ် သာသနာ ဟာ ဆရာ တော် မရှိ တဲ့ ၁၉၉၄ မှ ၁၉၉၆ ခုနှစ် အထိ သာ သနာ ဖြစ် ပြန် ပါတယ်။ ၁၉၉၆ ထဲ မှာ ပဲ ဆရာ တော် ချားလ် စ်ဘို ( ယခု ကာဒီနယ်) ဟာ လား ရှိုး ဂိုဏ်း အုပ် သာ သနာ ဆရာတော် ကနေ ပုသိမ် ဂိုဏ်း အုပ် သာသနာ ဆရာတော် အဖြစ် ခန့်အပ် ခံရတယ်။ ဆရာတော် ချာလ်းစ် ဘို ဟာ ၁၉၉၇ ခုနှစ် မှာ ပုသိမ် ဂိုဏ်း အုပ် သာသနာ ရဲ့ ပထမဆုံး သာသနာ ညီလာ ခံ ကို ခေါ် ယူ ကျင်း ပခဲ့တယ်။ သာ သနာ ရဲ့ လူမှု ရေး နဲ့ တမန် တော် လုပ်ငန်း ဆိုင် ရာ ကော်မရှင် များ ကို ဖွဲ့စည်း ပေး ခဲ့ တယ်။ အဲ ဒီ အချိန် က စပြီး ဖြစ်တည် လာ ခဲ့ တဲ့လုပ် ငန်းတော် ဟာ ခုတိုင် ဆက် လက် လုပ်ဆောင် နေ ကြ ဆဲဖြစ် ပါတယ်။

 

Bishop John Hsane Hgyi, who died of Covid on 22, 2021.

 

၂၀၀၃ ခုနှစ် တွင် ရန်ကုန် ဂိုဏ်း ချုပ် သာ သနာ သို့ ပြောင်းရွှေ့ ခန့်အပ် ခြင်း ခံ ရသော အခါ ပုသိမ် နယ် သား ဆရာတော် ဂျွန် ဆိန်း ဟှီ ဟာ ပုသိမ် ဂိုဏ်း အုပ် ဆရာ တော် အဖြစ် ရွေး ချယ် ခံ ရပါတယ်။ ဆရာတော် ဂျွန် ဆိန်း ဟှီ ဟာ သာသနာ ရဲ့ ပထမ ညီလာ ခံ မှ ချ မှတ် ထားတဲ့ ပန်းတိုင် များနဲ့ ဦးတည် ချက်များ အတိုင်း ပုသိမ် မြို့ ရှိ ဆရာတော် ကျောင်း တိုက် မှာ ဇူလိုင် ၂၂၊ ပျံလွန် တော်မူတဲ့ အထိ ဆက် လက် အကောင်အထည် ဖော် လုပ် ဆောင် လာ ခဲ့ ပါတယ်။ အခု တစ် ခါ တတိယ အကြိမ် မြောက် ပုသိမ် ဂိုဏ်းအုပ် သာသနာ ဟာ ဆရာတော် မရှိ တဲ့ သာသနာ ဖြစ် လာ ပြန်တယ်။ ဒီတစ် ခါ ဘယ် လောက် ကြာ မှာလဲ။

 

၃။ အခု အချိန် အခါ အထိ ပုသိမ် ဂိုဏ်း အုပ် သာ သနာ ဟာ ကျောင်း ထိုင် သာသနာ ပေါင်း ၃၆ ခု ရှိ ပါတယ်။ ထို ကျောင်း ထိုင် သာသနာ များ တို့ ကို ဇုံ သုံး ဇုံ နဲ့ ဖွဲ့ စည်း ထား ပါတယ်။ ဒါကတော့ ဇုံ မှူး သုံး ဦး တို့ ရဲ့ ဦးဆောင် မှု အောက် မှာ ရှိတဲ့ ပုသိမ်ဇုံ၊ ဟင်္သာတဇုံ၊ နဲ့ မြောင်းမြ ဇုံ တို့ ပဲ ဖြစ် ပါတယ်။ ဇုံး သုံး ဇုံ စလုံး ကလည်း ခရိုင် ၆ ခရိုင် နဲ့ ဖွဲ့ စည်း ထားတဲ့ ဧရာဝတီ တိုင်း ဒေ သကြီး အတွင်း မှာ တည် ရှိပါတယ်။ ၂၀၁၄ အထွေထွေ သန်း ခေါင် စာရင်း အရ ဧရာ ဝတီ တိုင်း ဒေ သကြီး ဟာ လူဦးရေ ၆.၁ သန်းရှိ တယ် လို့ သိရ ပါတယ်။ ဖော် ပြ ပါ ခရိုင် ၆ ခရိုင် မှာ ၄ ခရိုင် ဟာ ပုသိမ် ဂိုဏ်း အုပ် သာသနာ ထဲ မှာ ရှိ ပြီး၊ ကျန် တဲ့ ၂ ခရိုင် ကတော့ ရန် ကုန် ဂိုဏ်း ချုပ် သာသနာ ထဲ မှာ ပါပါတယ်။ အခု အချိန် မှာ ပုသိမ် ဂိုဏ်း အုပ် သာသနာ မှာ ကက်သလစ် ဦး ရေ ၇၀၀၀၀ နီး ပါး ဟာ ဖော် ပြပါ လူ ဦးရေ ၄ သန်း လောက် ရှိတဲ့ ခရိုင် ၄ ခရိုင် မှာ နေထိုင် နေပါတယ်။
လောလော ဆယ် အချိန်မှာ ပုသိမ် ဂိုဏ်း အုပ် သာသနာ ဟာ ကက်သလစ် ဘုန်းတော် ကြီး ပေါင်း ၁၀၇ ပါး ရှိပါတယ်။ ဖော် ပြ ပါ ဦးရေ ရဲ့ ၂၀ % သာ အသက် ၆၀ အထက် ရှိ ပြီး ကျန် အားလုံး ဟာ အသက် ၆၀ အောက် မှာ ရှိ ပါတယ်။ ဖော် ပြပါ ဦးရေ ရဲ့ ၃၅ % ဟာ သာသနာရုံး ခန်း၊ ကော်မရှင် အလုပ်၊ သင်တန်းကျောင်း၊ ပြည်တွင်း ပြည် ပ သာသနာ ပြု လုပ် ငန်းတွင် ပါ ဝင် ကြ ပြီး ကျန် သူ အား လုံး ဟာ ကျောင်းထိုင် သာသနာ ၃၆ ခု မှာ ကျောင်းထိုင်၊ လက်ထောက် ကျောင်း ထိုင် များ အဖြစ် တာဝန် ယူ ထမ်းဆောင် နေ ကြ ပါတယ်။ သူ တို့ ကို လည်း တာဝန် ကျ သီလရှင် များ၊ သာမာန် ဘာ သာဝင် ခေါင်းဆောင် များ က ကူ ညီ ပံ့ပိုးပေး ကြ ပါတယ်။

 

၄။ ပထဝီ အနေအထား အရ ပုသိမ် ဂိုဏ်း အုပ် သာသနာ ဟာ ဧရာ ဝတီ မြစ် ၀ ကျွန်းပေါ် ဒေ သ ရှိ မြေ နိမ့် ရာ အရပ်၊ မြစ် ချောင်း မျာ ပေါများ ရာ အရပ် မှာ တည် ရှိ ပါတယ်။ လွန် ခဲ့ တဲ့ နှစ် ၃၀ လောက် က သွား ရေး လာရေး ၊ သယ်ယူပို့ဆောင် ရေး မှာ ခက် ခဲ ခဲ့ ပေမယ့် အခု အချိန် အခါ မှာ တော့ တိုင်းဒေ သကြီး တစ် ခုလုံး မှာ အနည်း နဲ့ အများ ဆို သလို ထိုက် သင့် အရည် အသွေး ရှိ တဲ့ အောက် ခြေ အဆောက် အအုံ များ နဲ့ တည် ဆောက် လာ တာ ဟာ လွန် ခဲ့ တဲ့ ဆယ် စု နှစ် ပိုင်း လောက် က ဖြစ် ပါတယ်။ မြေနိမ့် အရပ် မှာ တည် ရှိတဲ့ အတွက် သဘာဝဘေးအန္တရာယ် ဖြစ် နိုင် ချေ အရှိ ဆုံး နေ ရာ တစ် ခု လို့ သတ် မှတ် ကြ ပါတယ်။
လွန် ခဲ့တဲ့ မေ ၂ ရက် ၂၀၀၈ တုန်း က ဆိုင် ကလုန်း နာ ဂီ အမည် ရှိ တဲ့ မုန်း တိုင်း ကြီး တစ် ခု ဧ ရာဝတီ တိုင်း ဒေ သကြီး ပြင်း ထန် စွာ တိုက် ခတ် သွား ခဲ့ ပါတယ်။ သိန်းချီ အသက် ဆုံး ရှုံးမှု တွေ နဲ့ သန်း ချီ အိုးမဲ့ အိမ် မဲ့ ဖြစ် ဖြစ် ခဲ့ ကြပါတယ်။ ပြီးခဲ့ တဲ့ ဆယ် စု နှစ် အတွင်း ဖော်ပြ ပါ ဆိုင် ကလုန်းတွေ လို နောက် တစ်ခါ ဖျက် ဆီး ခြင်း မခံ ရတော့ ပေမယ့် မြေ ပြို ခြင်း ၊ ရေ ကြီး ခြင်း တွေ ဟာ ၂၀၁၂၊ ၂၀၁၅ နဲ့ ၂၀၁၆ မှာ သာပေါင်း မြိုနယ် အတွင်း ဆိုး ဝါး စွာ ဖြစ် ပွားခဲ့ ပါတယ်။ ကရုဏာ အသင်း ရဲ့ အရေးပေါ် လူ မှု ကယ် ဆယ် ရေး အဖွဲ့ ရဲ့ ဝန် ထမ်းများ တွေ ဦးဆောင်မှု နဲ့ အရေး ပေါ် ကူညီ ကယ် ဆယ် ရေးလုပ် ငန်းများ တွေ လုပ် ခဲ့ ပါတယ်။ ကမ္ဘာကြီး ပူနွေး လာ မှု နဲ့ ရာသီ ဥတုဖောက် ပြန် မှု ရဲ့ အကျိုးဆက် ကြောင့် ပုသိမ် ဂိုဏ်း အုပ် သာသနာ ဟာ မုန်တိုင်းများ၊ မြေပြို ခြင်းများ၊ ရေ ကြီးရေလျှံ ခြင်း များ ရဲ့ ချိန်းချောက် မှု ဘေး အန္တာရယ် ကာ အစဉ် ခံ စား နေ ရ ဖြစ် ပါတယ်။ သဘာ ဝဘေး အန္တာရယ် လျှော့ ချ ရေး စီမံကိန်း များ ကို ပုသိမ် ဂိုဏ်း အုပ် သာသနာ ရဲ့ သာသနာ စီမံ ကိန်း တစ် ခု အဖြစ် တည် ရှိစေ ပြီး ယင်း စီမံ ကိန်း ဖြင့် သာသနာ ကို အသင့် ပြင် အနေအထား ဖြင့် တည် ဆောက် ထား ပါတယ်။

 

၅။ မြန်မာ နိုင် ငံ လုံး ဆိုင် ရာ ကက်သလစ် ဆရာတော် ကြီး များ အဖွဲ့ ချုပ် ရဲ့ ကို ဗစ် ၁၉ တုန်ပြန် ရေး အစီအစဉ် တွေ မှာ ပုသိမ် ဂိုဏ်းအုပ် သာသနာ အနေနဲ့ ၂၀၂၀ မှာ ပါဝင် ခဲ့ ပါတယ်။ ကိုဗစ် ပထမနဲ့ ဒုတိယ လှိုင်း တွေ ကိုကျော် ဖြစ် နိုင် ခဲ့ ကြ ပါတယ်။ ကိုဗစ် တတိယ လှိုင်း ကို တုန် ပြန် ရန် အတွက် ကာသီဒြယ် ကျောင်း ဝင်း တစ် ခုံ လုံး ကို ဇူလိုင် လ ပထမပတ် ကတည်း က ပိတ် လိုက် တယ်။ ကရုဏာ ဝန် ထမ်း များ တွေ အတွက် ကရုဏာ ဆို ရှယ် စင် တာမှာ သံသယ လူ နာ များ ကို ထား လိုက် တယ်။ စိန် ဖရန်စစ် ဇေး ဗီး ယဲ သီ လရှင် များ အတွက် ကူး စက် ခံ ရ လူနာ၊ သံ သယ လူ နာ များ တွေ ကို သရက် ပင် မောင် နှမ ကျောင်း တိုက် မှ ထား ရှိ ကာ ပြု စုကု သ ကြတယ်။ ပုသိမ် ကသီဒြယ် ကျောင်း ဝင်းအတွင်း မှာ နေ ထိုင် ကြ တဲ့ နာ တာရှည် ရော ဂါ ခံ စား နေ ရတဲ့ ဘုန်း တော် ကြီးများ၊ သက် ကြီး ပိုင်း ဘုန် တော် ကြီးများ ကို ပုသိမ် မြို့ ကနေ ၆ မိုင် လောက် ဝေးတဲ့ မရမ်း ချောင်း ရဟန်း ဖြစ် သင် ကျောင်း ကို ပို့ ထား လိုက် ကြ ပါတယ်။ ကျောင်းထိုင် သာသနာ ၃၆ ခု လုံး ကို လည်း အိမ် တွင်း နေ ဖို့၊ ကိုဗစ် ကာကွယ် ရေး စည်းမျဉ်း စည်း ကမ်း များ အတိုင်း နေ ထိုင် ဖို့ အရေး ပေါ် ညွှန် ကြား ချက် တွေ ထုတ် ပြန် ထား ပါတယ်။ ကျောင်းထိုင် သာသနာ အသီး သီး ကလည်း ကိုဗစ် တုန့် ပြန် ရေး အစီ အစဉ် များ ကို ဆွဲ ပြီး အမြန် ဆုံး အကောင် အထည် ဖော် ကြ ဖို့ တိုက်တွန်း ထား ပါတယ်။ ထို့ ကဲ့ သို့ ကြိုး စား ကာ ကွယ် မှု ကြားတွင် ပင် ပုသိမ် ဂိုဏ်း အုပ် သာသနာ ဟာ မိမိ တို့ ရဲ့ဆရာ တော် ကြီး နဲ့ ဘုန်းတော် ကြီး သုံး ပါး၊ ဘရာသာရ် သုံး ပါး၊ စစ္စတာရ် နှစ် ပါး၊ ဓမ္မဆရာမ တစ် ဦး အပြင် သာမန် ဘာသာဝင် ၂၀ ခန့် အသက် ဆုံး ရှုံး ခဲ့ ရသည် ဟု သြ ဂုတ် ၁၄ ရက် နေ့ အထိ ရရှိ သော သတင်း အရ သိရ ပါတယ်။

 

၆။ စိန် သြစတင်း (ဟစ်ပို) ရဲ့ စ ကား အရ ..သင် မယုံ ကြည် လျှင် ..သင် နားလည် မည် မဟုတ်( ဟေရှာ ၇/၉) ။ ကျွန်ပ် တို့ ဝန် ခံ ကြပါတယ်။ ဖုံး ကွယ်နေ တာ တွေ၊ ကျွန်ုပ် တို့ လူ့ အသိဉာဏ် နဲ့ နားမလည် နိုင်တာ တွေ က အများ ကြီး ပဲ။ ဒါပေမယ့် လူ့ သမိုင်း စဉ် တစ် ခု လုံး ကိုင် တွယ် လှုပ် ရှား ပေး နေ တဲ့ ဘုရား သခင် ရဲ့ မွန် မြတ် တဲ့ စီမံ ကိန်း တော် နဲ့ အကြံ အစည် တော် တို့ ကို ကျွန်ုပ် တို နိမ့် ချ စွာ ယုံ ကြည် ကြပါတယ်။ ဘုရား မပါပဲ ငါတို့ ဘာ မှ မတတ် နိုင်၊ ငါတို့ မပါ ပဲ နဲ့လည်း ဘုရား ဘာမှလုပ်မှာ မဟုတ် .. ဆို တဲ့ စိန် သြဂုတ် စတင်း (ဟစ်ပို) ရဲ့ ဉာဏ် ပညာ နဲ့ ဆို စကား ကြည့် ပြန် တော့ ကျွန်ုပ်အားလုံး သည် ဘုရား သခင် ၏ ကြီးမြတ် သော တန်ခိုး တော် ကို အမှီပြု လျှက် မိမိ တို့ လူ သား တို့ ၏ ကြိးစား အားထုတ် လုပ် ဆောင် ပါလျှင် ကျွန်ုပ်တို့ ယုံ ကြည်သည်။ ကျွန်ုပ်တို့ ကျော် ဖြတ်နိုင်သည်။ ကျွန်ုပ်တို့ အောင်မြင်လိမ့်မည်။
ဖါသာရ် ဟင်နရီ အိုင် ခလိန်
သာသနာ၏ စီမံအုပ်ချုပ်ရေး တာဝန်ခံ
ပုသိမ် ဂိုဏ်း အုပ် သာသနာ
၁၅ ၊ သြ ဂုတ် ၊ ၂၀၂၁

622  Views
Previous: Mary is like the hummingbird, always praising and thanking God and others in spite of hard times and trying circumstances
Next: သမ္မတ အာရှ်ရက်ဖ် ဂါနီ ထွက်ပြေးသွားပြီးနောက် အာဖဂန်နစ္စတန်ကို တာလီဘန်တို့ သိမ်းပိုက်ထိန်းချုပ်