မာတင်လုသာ ရေးခဲ့တဲ့နာမည်ကြီး (၉၅) ချက် ကြေငြာစာတမ်း

Ye Ming(ပတ္တမြားမြေ)
ခရစ်ယာန်သမိုင်းမှာနာမည်ကြီးခဲ့တဲ့မာတင်လုသာMartin Luther(1483-1546)ကိုကြားဖူးကြမှာပါ။ သူရေးခဲ့တဲ့နာမည်ကြီး ၉၅ ချက်ကြေငြာစာတမ်းဟာတကယ်တော့ခေါင်းစဉ်က《အပြစ်ဖြေစာရွက်နဲ့ပတ်သက်ပြီးသဘောထား》(လာတင်လို:Disputatio pro declaratione virtutis indulgentiarum)ဖြစ်ပါတယ်။ ဒီကြေငြာစာတမ်းဖြစ်လာစေတဲ့အကြောင်းရင်းကတော့ ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ စိန့်ပီတာကျောင်းတော်ကြီးတည်ဆောက်ဖို့အတွက် ငွေလိုလို့အပြစ်ဖြေစာရွက်ရောင်းခြင်းကနေ စတင်လာတာပါ။ သေပြီးသောမိသားစုဝင်တွေဟာ ငရဲမှာခံနေရကြောင်းဟောပြီး အပြစ်ဖြေစာရွက်ဝယ်ပြီးသေပြီးသူအတွက်လုပ်ပေးလိုက်ရင် ငရဲကနေလွတ်မှာဖြစ်ကြောင်းသွန်သင်ပြီး အပြစ်ဖြေစာရွက်တွေရောင်းလာကြပါတယ်။ ဒီအကြောင်းကြောင့် ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးတဦးဖြစ်တဲ့ မာတင်လုသာဟာ သမ္မာကျမ်းစာအခြေခံပြီး ၉၅ ချက်နဲ့ကျမ်းစာသဘောထားထုတ်ပြန်ခဲ့ရတာပါ။ ဒီစာတမ်းကို ၁၅၁၇ခုနှစ်၊ အောက်တိုဘာလ၊ ၃၁ ရက်နေ့က ဂျာမနီကဝီထိန်ပါဘုရားကျောင်းရှေ့မှာကပ်ထားခဲ့ပါတယ်။
နဂိုသမ္မာတရားအတိုင်းသာ ထောက်ပြဖို့ရည်ရွယ်ခဲ့သော်လည်း သူ့ရဲ့စာတမ်းကြောင့် ရဟန်းတော်တွေအကျင့်ပျက်ချစားတဲ့အရာလုံးလုံးပေါပြီး သူ့ကိုမုန်းလို့လိုက်ဖမ်းဆီးခြင်းခံခဲ့ရပါတယ်၊ နောက်ဆုံးခရစ်ယာန်ဂိုဏ်းကြီးတခုဖြစ်တဲ့ပရိုတက်စတင့်(Protestantism)တွေကို မွေးဖွားပေးခဲ့တဲ့အထိဖြစ်ခဲ့ပါတယ်။

Martin Luther

၁။ငါတို့သခင်ယေရှုက” သင်တို့သည်နောင်တရကြပါ” လို့ပြောလိုက်ခြင်းဟာယုံကြည်သူများအသက်တာမှ ာအစဉ်မပျက်နောင်တရနေသင့်ကြောင်းပါ။
၂။ဒီစကားဟာပြီးဆုံးခြင်းကိုပြောနေတာမဟုတ်သေးဘဲ၊ အပြစ်ဝန်ခံခြင်းနဲ့ပေးဆပ်ခြင်းကိုပြောခြင်းဖြစ်တယ်။
၃။ဒီစကားဟာအတွင်းနှလုံးသားပြောင်းလဲခြင်းကိုဘဲပြောနေတာမဟုတ်၊ ဘာကြောင့်လဲဆိုတော့အတွင်းစိတ်ပြောင်းလဲပြီးလက်တွေ့အသက်တာမှာအမျိုးမျိုးသောပေးဆပ်ခြင်းမရှိဘူးဆိုရင်အလဟာသပါ။
၄။ဒါကြောင့်အပြစ်ရဲ့စီရင်ခြင်းနဲ့တကွဇာတိကိုမုန်းခြင်းဟာအတူကြီးထွားတာပါ၊ ဒါမှစစ်မှန်သောအတွင်းနှလုံးသားရဲ့နောင်တပါ၊ဒီလိုနဲ့ကောင်းကင်ဝင်တဲ့အထိပါဘဲ။
၅။ရဟန်းမင်းကြီးဟာကိုယ့်လုပ်ပိုင်ခွင့်နဲ့စည်းဘောင်ထဲကနေစီရင်ခွင့်မှတပါး၊ကိုယ့်သဘောနဲ့ဘယ်အရာတခုကိုမှအပြစ်လွတ်ခြင်းစီရင်ခြင်းမပြုနိုင်ပါ။
၆။ပုပ်ရဟန်းမင်းကြီးဟာအပြစ်ကိုလွတ်ပိုင်ခွင့်မရှိပါ။ဘုရားသခင်ကအပြစ်ကိုလွတ်ပေးပြီဖြစ်ကြောင်းဘဲကြေငြာနိုင်ပါတယ်၊ပြီးမှသူ့လုပ်ပိုင်ခွင့်ဘောင်အတွင်းကနေလူကိုလွတ်ခြင်းအခွင့်ပေးနိုင်မှာဖြစ်ပြီး၊ဒီထက်ကျော်ရင်အပြစ်ကရှိနေအုံးမှာပါ။
၇။ဘုရားသခင်ဟာလူသားအပြစ်ကိုခွင့်လွတ်ဆေးကြောသူပါ၊လူတိုင်းကိုသူစေလွတ်တဲ့ရဟန်းတွေရှေ့မှာမနှိမ့်ချခိုင်းစေတာမရှိပါ။
၈။အသင်းအဖွဲ့ရဲ့စီရင်ခြင်းဆိုင်ရာအချက်တွေဟာအသက်ရှင်နေတဲ့လူတွေအတွက်ပါ၊သေပြီးတဲ့သူအတွက်မစီရင်သင့်ပါ။
၉။ထိုကြောင့်ဝိညာဉ်တော်ဟာရဟန်းမင်းကြီးကနေကျွန်ုပ်တို့ကိုစိတ်ရှည်ပေးသလို၊အသင်းတော်ထဲကသေခြင်းကိုချွင်းချက်အဖြစ်ထားပေးပါတယ်။
၁၀။ရဟန်းကအသင်းတော်စည်းမျဉ်းတွေကိုလူသေအတွက်ချမှတ်ပြီးငရဲငယ်ထိထားပေးတာဟာအင်မတန်ဆိုးပြီးအသိညာဏ်မဲ့တဲ့လုပ်ရပ်ပါ။
၁၁။အသင်းတော်စည်းမျဉ်းရဲ့စီရင်ခြင်းဟာငရဲထိသက်ရောက်တယ်ပြောရင်၊ဒါဟာရန်သူကနေရဟန်းတွေအိပ်နေချိန်ကျဲသွားတဲ့စပါးနှင့်လက္ခဏာတူသော တော မျိုးစေ့တွေပါဘဲ။
၁၂။အရင်ကစည်းကမ်းနဲ့စီရင်ချက်ချတဲ့အခါ၊အပြစ်လွတ်ကြောင်းမကြေငြာခင်မှာပါ၊ကြောငြာပြီးမှမဟုတ်။ဒါဟာစစ်မှန်သောနောင်တနဲ့မျှတတဲ့စမ်းသပ်ခြင်းမျိုးပါ။
၁၃။သေပြီးတဲ့သူဟာသေခြင်းကြောင့်အသင်းတော်ရဲ့ဒဏ်မှန်သမျှနဲ့လွတ်မြောက်ပါပြီ။အသင်းတော်စည်းမျဉ်းစီရင်ချက်အားလုံးသူတို့ပေါ်အရာမဝင်တော့ပါ။
၁၄။သေတော့မဲ့သူဟာမေတ္တာတရားမပြည့်စုံနိုင်ရင်ကြောက်ရွံ့နေရမှာပါ၊မေတ္တာသေးငယ်လေကြောက်စိတ်ပိုကြီးလေပါ။
၁၅။ဒီကြောက်ရွံ့မှုကြောင့်ငရဲထဲထိဒဏ်ခံစားစေနိုင်ပါတယ်၊မျော်လင့်ခြင်းကင်းမဲ့နေတာနဲ့ပိုနီးကပ်ပါတယ်။
၁၆။ငရဲလေး၊ငရဲကြီးနဲ့ကောင်းကင်နိုင်ငံရဲ့ကွာခြားချက်က မျော်လင့်ချက်မဲ့သွားတော့မလို၊မျှော်လင့်ချက်မဲ့တော့မယ်၊မုချယုံကြည်ခြင်း ဒီသုံးချက်နဲ့တူပါတယ်။
၁၇။စိတ်ဝိညာဉ်ဟာငရဲလေးမှာအကြောက်တရားကင်းလေလေ၊မေတ္တာပိုကြီးလေလေပါ။ဒါဟာအမှန်ဖြစ်တယ်။
၁၈။ကျွန်ုပ်တို့ဟာညာဏ်ပညာသို့မဟုတ်သမ္မာကျမ်းနဲ့သက်သေမပြနိုင်ပါ၊ဒီလိုစိတ်ဝိညာဉ်ဟာကောင်းမှုမပြုနိုင်သလိုမေတ္တာတိုးများအောင်မလုပ်နိုင်ပါ။
၁၉။ဒီအရာတွေရဲ့ကောင်းမြတ်ခြင်းကိုစိတ်ချနေရပေမဲ့၊လက်တွေ့သက်သေမပြနိုင်ပါ။
၂၀။ဒါကြောင့်၊ပုပ်ရဟန်းမင်းကြီးရဲ့အပြစ်အကုန်လွတ်ခြင်းဟာအပြစ်အကုန်လွတ်ခြင်းလို့မသက်ရောက်ပါ။သူ့ဘောင်ထဲကဖြေလွတ်ပိုင်ခွင့်ရှိတဲ့အကန့်သတ်ထဲကနေပါ။
၂၁။ဒါကြောင့်ပုပ်ရဟန်းမင်းကြီးရဲ့အပြစ်ဖြေစာရွက်ဟာတကယ်အပြစ်ဖြေစေပြီးကယ်တင်ခြင်းပေးတယ်ဆိုသူတွေအတွက်၊ဒါဟာအမှားကြီးတခုလုပ်မိတာပါဘဲ။
၂၂။ဘာကြောင့်လဲဆိုတော့မရာဏာထဲခံနေတဲ့ဝိညာဉ်တွေဟာအသင်းတော်စည်းမျဉ်းအားဖြင့်အပြစ်မဖြေနိုင်ပါဘူး။
၂၃။အကယ်၍အပြစ်လွတ်ခွင့်ရတယ်ဆိုရင်တောင်ဖြောင့်မတ်သောသူသာလျှင်ရမှာဖြစ်ပါတယ်။
၂၄။ဒါကြောင့်များစွာသောယုံကြည်သူတွေဟာဒီအမှန်အမှားမှန်းမသိတဲ့လုပ်ဇာတ်မှာလိမ်ခံနေရတာပါ။
၂၅။ငရဲလေးနဲ့ပတ်သတ်ပြီး၊ပုပ်ရဟန်းမင်းရဲ့အခွင့်အာဏာဟာအသင်းတော်တခုလုံးမှာဘယ်လောက်ရှိရင်၊ဘီရှော့နဲ့ဖာသာတွေလဲသူတို့နယ်ပယ်အတွင်းစီရင်ခွင့်အာဏာရှိသည်။
၂၆။ပုပ်ရဟန်းမင်းကြီးဟာကောင်းကင်သော့ရှိခြင်းဖြစ်တဲ့အာဏာမသုံးဘဲ၊ကြားဝင်အသနားခံခြင်းသာလုပ်မယ်ဆိုရင်သာ၍မြတ်ပါလိမ့်မယ်။
၂၇။သင့်အလှူငွေဟာအလှူခံခွက်ထဲကျရောက်တာနဲ့ငရဲကမိသားစုဝိညာဉ်တွေလွတ်ခြင်းရမယ်ဆိုတာမုသာပါ။
၂၈။အလှူငွေဟာဘုရားကျောင်းလိုအပ်တဲ့နေရာမှာရောက်မသွားဘဲ၊လောဘသားတွေလက်ထဲရောက်သွားနေတာပါ။အလှူအားဖြင့်ကောင်းခြင်းလှဲလှယ်လို့မရပါ။
၂၉။St.Severinusနဲ့St.Paschalအကြောင်းကြည့်ရရင်၊ငရဲကဝိညာဉ်တွေကိုကယ်ထုတ်လို့ရမရဘယ်သူမှမသိရသေးပါဘူး။
၃၀။စစ်မှန်သောနောင်တဟုတ်မဟုတ်ဘယ်သူမှမသိသလို၊လူတယောက်ဖြေလွတ်ခြင်းရမရဘယ်သူမှမသိနိုင်ပါဘူး။
၃၁။အပြစ်ဖြေစာရွက်ကိုအမှန်အတိုင်းရောင်းဝယ်တဲ့သူဟာလဲ၊အမှန်အပြစ်ဝန်ချသူလိုရှားပါတယ်။
၃၂။အပြစ်ဖြေစာရွက်ကိုဝယ်ပြီးကယ်တင်ခြင်းရပြီလို့ထင်နေသူဟာသူတို့ဆရာလိုဘဲထာဝရအပြစ်ပေးခြင်းခံရမှာပါ။
၃၃။ပုပ်ရဟန်းမင်းကြီးရဲ့အပြစ်ဖြေစာရွက်ဟာဘုရားသခင်ရဲ့ကျေးဇူးတရားဖြစ်ကြောင်းပြောဆိုသူတွေကိုသတိထားကြပါ။
၃၄။ဘာလို့လဲဆိုတော့အပြစ်ဖြေစာဟာ၊အသင်းတော်ရဲ့သန့်ရှင်းသောဝတ်ထဲကလူတွေကိုစီရင်တဲ့အရာတမျိုးသာဖြစ်နေပါတယ်။
၃၅။အပြစ်ဖြေစာရွက်ဝယ်လိုက်တာနဲ့ကယ်တင်ခြင်းသို့ရောက်ပြီ၊နောင်တနဲ့ယုံကြည်ခြင်းမလိုဘူးလို့ပြောနေသူတွေဟာခရစ်ယာန်ယုံကြည်မှုနဲ့လုံးဝလွဲတာပါဘဲ။
၃၆။စစ်မှန်သောနောင်တနဲ့ပြောင်းလဲယုံကြည်သူအတွက်အပြစ်ဖြေစာရွက်မလိုပါ၊ကျေးဇူးတော်ကြောင့်ယုံကြည်လို့အပြစ်လွတ်ခွင့်ရပြီးသားပါ။
၃၇။စစ်မှန်သောယုံကြည်သူဟာသေသည်ဖြစ်ပါစေရှင်နေသည်ဖြစ်ပါစေ၊အပြစ်ဖြေစာရွတ်နဲ့ဘယ်လိုမှမဖြေနိုင်ပါ၊ဘုရားသခင်ရဲ့သနားခြင်းကျေးဇူးတရားဖြင့်သာဖြေလွတ်ခြင်းခံရသည်။
၃၈။ဒါပေမဲ့ပုပ်ရဟန်းမင်းရဲ့အာဏာကိုလွန်ဆန်ရမယ်လို့မဟုတ်ပါ၊သူဟာဘုရားသခင်ရဲ့ခွင့်လွတ်ခြင်းကိုကြေငြာလက်ဆင့်ကမ်းသူဖြစ်လို့ပါ။
၃၉။ဘယ်လောက်ဘဲတော်တတ်နေတဲ့ဓမ္မပညာရှင်ဖြစ်ပါစေ၊တဖက်ကအပြစ်ဖြေရာစာရွတ်ရောင်းပြီး၊တဖက်ကစစ်မှန်သောနောင်တတရားဟောဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
၄၀။စစ်မှန်သောနောင်တဟာခရစ်တော်ရဲ့ပေးဆပ်မှုကိုလက်ခံယုံကြည်စေပါတယ်၊အပြစ်ဖြေရာစာရွတ်ဟာခရစ်တော်ရဲ့ကျေးဇူးတရားကိုမေးမိန်စေပါတယ်။
၄၁။အပြစ်ဖြေရာစာရွက်ကိုသေခြာရှင်းလင်းစွာကြေငြာပေးသင့်ပါတယ်၊မဟုတ်ရင်လူတွေကမေတ္တာထက်သာတယ်ထင်ပြီးဦးစားပေးမှုမှားနိုင်ပါတယ်။
၄၂။ပုပ်ရဟန်းမင်းကြီးဟာအပြစ်ဖြေရာစာရွတ်နဲ့ကောင်းမှုလုပ်ခြင်းကိုရောထွေးစေတာကိုယုံကြည်သူတွေသတိထားသင့်ပါတယ်။
၄၃။ဆင်းရဲသောသူကိုပေးကမ်းခြင်းနဲ့ချေးငြားပေးခြင်းဟာအပြစ်ဖြေရာစာရွတ်ထက်သာ၍မြတ်ကြောင်းယုံကြည်သူတွေနားလည်ထားသင့်ပါတယ်။
၄၄။မေတ္တာစိတ်ဟာလူကိုကြီးပွားရှင်သန်စေပါတယ်၊လူကိုပြောင်းလဲစေနိုင်ပါတယ်၊ဒါပေမဲ့အပြစ်ဖြေရာစာရွတ်ကတော့လူကိုမပြောင်းလဲနိုင်သလိုအပြစ်လဲဖြေနိုင်မှာမဟုတ်ပါ။
၄၅။ယုံကြည်သူအချင်းချင်းအကူညီလိုနေတာကိုမကူညီဘဲအပြစ်ဖြေရာစာရွတ်သွားဝယ်ခဲ့ရင်တော့၊ရလာဒ်ကပုပ်ရဟန်းမင်းကြီးရဲ့ခွင့်လွတ်ခြင်းမဟုတ်ဘဲ၊ဘုရားသခင်ရဲ့အမျက်တော်ပါ။
၄၆။ယုံကြည်သူတွေသိရမှာကငွေပိုနေသာကလွဲလို့၊အိမ်မှာစားစရာဖို့လုပ်ရမဲ့ငွေနဲ့အပြစ်ဖြေရာစာရွတ်ကိုလုံးဝမသွားဝယ်သင့်ပါ။
၄၇။ယုံကြည်သူများမိမိသဘောအားဖြင့်အပြစ်ဖြေရာစာရွတ်ကိုချင့်ချိန်ဝယ်ယူခြင်းနဲ့မဝယ်ယူခြင်းရွှေးချယ်နိုက်ပါတယ်၊ပုပ်ရဟန်းမင်းကြီးရဲ့အမိန်ကြောင့်ဝယ်နေရခြင်းမျိုးမဖြစ်သင့်ပါ။
၄၈။ယုံကြည်သူတိုင်းဟာပုပ်ရဟန်းမင်းကြီးရောင်းနေတဲ့အပြစ်ဖြေရာစာရွတ်ကိုသေချာနားလည်ထားသင့်ပါတယ်၊အပြစ်ဖြေဖို့ထက်ငွေလိုလားနေလားဆိုတာပါ။
၄၉။ယုံကြည်သူများသိထားရမှာကအပြစ်ဖြေရာစာရွတ်ကိုယုံကြည်နေခြင်းမဟုတ်ရင်အပြစ်ဖြေဖို့ကအသုံးဝင်ပါတယ်။အကယ်၍အပြစ်ဖြေစာရွတ်ကြောင့်ဘုရားသခင်ကိုမေ့လျော့နေစေခဲ့ရင်အန္တရာယ်ရှိနေပါပြီ။
၅၀။ယုံကြည်သူများသိထားရမှာကပုပ်ရဟန်းမင်းကြီးဟာအပြစ်ဖြေရာစာရွတ်ကြောင့်ဖြစ်နေတဲ့ငွေကြေးအဂတိလိုက်စားမှုကိုသိခဲ့ရင်စိန့်ပီတာချက်စ်ကိုတောင်လုပ်ချင်မှာမဟုတ်တော့ပါ။သိုးတွေရဲ့အသားနဲ့အရိုးကိုယူပြီးဆောက်နေတဲ့စိန့်ပီတာကျောင်းကိုလိုလားမှာမဟုတ်ပါ။
၅၁။ပုပ်ရဟန်းမင်းဟာစိန့်ပီတာကျောင်းကိုဆောက်ဖို့အပြစ်ဖြေရာစာရွက်တွေဆင်းရဲသားကိုရောင်းပေးနေတာမလုပ်ကောင်းမှန်းသိရက်သားနဲ့ဆက်မှားနေတာပါဘဲ။
၅၂။အပြစ်ဖြေရာစာရွက်နဲ့ကယ်တင်ခြင်းရတယ်ဆိုတာမဖြစ်နိုင်ပါ၊အကယ်၍ပုပ်ရဟန်းမင်းကြီးကိုယ်တိုင်အာမခံထားလဲမထူးပါဘူး။
၅၃။အပြစ်ဖြေရာစာရွတ်ကလွဲလို့ကျန်တဲ့တရားမဟောရဆိုနေတဲ့သူတွေအားလုံးဟာတကယ်တမ်းတော့ခရစ်တော်နဲ့ပုပ်ရဟန်းမင်းရဲ့ရန်သူသာဖြစ်နေသင့်ပါတယ်။
၅၄။တူညီတဲ့တရားဟောချိန်မှာအပြစ်ဖြေရာစာရွတ်ရောင်းတဲ့အကြောင်းနဲ့နူတ်ကပတ်တော်အကြောင်းကတူညီတဲ့အချိန်ကြာမြင့်နေရင်နူတ်ကပတ်တော်ကိုပြစ်မှားရာရောက်ပါပြီ။
၅၅။ပုပ်ရဟန်းမင်းရဲ့အပြစ်ဖြေရာစာရွတ်ရောင်းဖို့ခေါင်းလောင်းသီးနယ်လှည့်ဟောပြောခဲ့ရင်၊နူတ်ကပတ်တော်ဟောပြောဖို့အခါတစ်ရာမကခေါင်းလောင်းသီးသင့်ပြီးအခါတစ်ရာမကနယ်လှည့်ဟောပြောသင့်ပါတယ်။
၅၆။ပုပ်ရဟန်းမင်းရောင်းစေတဲ့အပြစ်ဖြေရာစာရွတ်ဟာခရစ်တော်ယာန်တွေနဲ့မဆိုင်သလိုသိသင့်တဲ့အရာလဲမဟုတ်ပါ။
၅၇။ဒီအရာတွေဟာလောကစည်းစိမ်စစ်မဟုတ်ပါ၊အပြစ်ဖြေစာရွတ်ရောင်းသူတိုင်းကလောကီစည်းစိမ်မှာယစ်မူးနေကြလို့ပါ။
၅၈။ဒီအရာတွေဟာလဲယုံကြည်သူနဲ့သန့်ရှင်းသူတွေရဲ့ကောင်းမှုမဟုတ်ပါ၊စစ်မှန်သောကောင်းမှုကပုပ်ရဟန်းမင်းတဆင့်ကသာမဟုတ်ခရစ်တော်ကြောင့်ပါ။
၅၉။စိန့်လောရိမ်စီ(St. Lawrence)တချိန်က ဒီလိုပြောဖူးပါတယ်-အသင်းတော်မှာရှိတဲ့ဆင်းရဲသောယုံကြည်သူတွေဟာအသင်းတော်ရဲ့စည်းစိမ်ဘဲဖြစ်ပါတယ်တဲ့။
၆၀။ယေရှုခရစ်တော်အားဖြင့်အသင်းတော်ကနေကျွန်တော်တို့ကိုပေးလာတဲ့ကောင်းမှုဟာကျွန်တော်တို့ရဲ့စည်းစိမ်တိုက်ဘဲလို့ပြောလို့ရပါလိမ့်မယ်။
၆၁။ဘာကြောင့်လဲဆိုတော့စီရင်ခြင်းကိုဖြေပေးတဲ့အပိုင်းမှာပုပ်ရဟန်းမင်းအာဏာကလုံလောက်နေလို့ပါ။
၆၂။အသင်းတော်ရဲ့ရတနာတိုက်စစ်ဟာဘုရားဘုန်းတော်နဲ့ကျေးဇူးတရားဖြစ်တဲ့သန့်ရှင်းသောဧဝံဂေလိပါ။
၆၃။ဒါပေမဲ့ဒီရတနာစစ်ကိုလူတွေကမုန်းကြပါတယ်၊ဘာကြောင့်လဲဆိုတော့သူ့ကရှေ့လူကိုနောက်ကျစေလို့ပါ။
၆၄။ဆန့်ကျင်ဖက်အနေနဲ့လူတွေဟာအပြစ်ဖြေရာစာရွတ်ကိုပိုနှစ်သက်ကြပါတယ်၊ဘာကြောင့်လဲဆိုတော့သူဟာနောက်လူကိုရှေ့ရောက်စေတာမို့ပါ။
၆၅။ဆိုတော့ဧဝံဂေလိရတနာတိုက်ဟာတချိန်ကလူကိုကြွယ်ဝစေတဲ့အရာပေါ့။
၆၆။အပြစ်ဖြေရာစာရွတ်ကတော့လက်ရှိကြွယ်ဝနေစေတဲ့အရာပါ။
၆၇။အပြစ်ဖြေရာစာရွတ်ကိုရောင်းနေတဲ့သူတွေကတော့အပြစ်ဖြေရာစာရွတ်ဟာအကြီးမားဆုံးကျေးဇူးတော်လို့ပြောကြပါတယ်၊တကယ်တမ်းတော့အကြီးမားဆုံးဆိုတာသူတို့ကိုယ်ကျိုးအတွက်ပါ။
၆၈။ခရစ်တော်ရဲ့ကားတိုင်နဲ့ဘုရားရဲ့ကျေးဇူးတရားတွေနဲ့လာနိုင်းရင်အပြစ်ဖြေရာစာရွတ်ဟာဘာမှမဟုတ်တော့ပါ။
၆၉။ဖာသာနဲ့ခေါင်းဆောင်တွေပုပ်ရဟန်းမင်းရဲ့အပြစ်ဖြေရာစာရွတ်လာရောင်းသူကိုလေးစားစွာဆက်ဆံပါ။
၇၀။ဒါပေမဲ့သေချာအကြားအမြင်ကိုအသုံးပြုပြီးသတိထားသင့်ပါတယ်။တပါးသူလျှောက်ပြောနေတာကိုပေါ့။
၇၁။ပုပ်ရဟန်းမင်းပြုတဲ့အပြစ်ဖြေရာစာရွတ်ကိုမထောက်ခံသူဟာကျိန်ခြင်းခံရပါတယ်။
၇၂။ဒါပေမဲ့အပြစ်ဖြေရာစာရွတ်ကိုမဟုတ်မမှန်ကြေငြာပြီးရောင်းနေသူတွေကိုတားမြစ်သူဟာမင်္ဂလာရှိပါတယ်။
၇၃။အပြစ်ဖြေရာစာရွတ်ရောင်းတာကိုဖျက်ဆီးနေသူတွေကိုသတ်ပေးတာမှန်ပါတယ်။
၇၄။သို့ပေမဲ့အပြစ်ဖြေရာစာရွတ်အားဖြင့်သမ္မတရားကိုဖျက်ဆီးနေရင်ပိုပြီးသတိပေးသင့်ပါတယ်။
၇၅။ပုပ်ရဟန်းမင်းရဲ့အပြစ်ဖြေရာစာရွတ်ကိုဒီလောက်အာနိဒင်ရှိတယ်လို့ယုံကြည်နေခြင်းဟာရူးသွပ်မှုတခုပါဘဲ။မယ်တော်ကိုပြစ်မှားသူတောင်ဖြေနိုင်တဲ့သဘောဖြစ်နေပါတယ်။
၇၆။ရှင်းရှင်းပြောရရင်ပုပ်ရဟန်းမင်းကြီးရဲ့ဒီအပြစ်ဖြေရာစာတမ်းဟာအပြစ်သေးထဲကအသေးဆုံးကိုတောင်ဖြေလွတ်နိုင်မှာမဟုတ်ပါဘူး။
၇၇။အကယ်၍ရှင်ပေတရုယနေ့ထိပုပ်ရဟန်းမင်းလုပ်နေခဲ့ရင်တောင်သူ့မှာဒီလိုဖြေလွတ်ပေးဖို့အခွင့်မရှိပါ။ဒါဟာရှင်းရှင်းပြောလို့တမန်တော်နဲ့ပုပ်ရဟန်းကိုထိပါးစရာတော့ဖြစ်ပါမယ်။
၇၈။၁ကော၁၂မှာပြောသလိုဧဝံဂေလိနဲ့ဆုကျေးဇူးတွေဟာပုပ်ရဟန်းမင်းအဆက်ဆက်မှာပိုပြီးတည်ရှိပြီးသားဖြစ်မှာပါ။
၇၉။ပုပ်ရဟန်းမင်းဆွဲထားတဲ့ကားတိုင်ဟာယေရှုကားတိုင်ပေါ်ပေးဆပ်ခဲ့တဲ့ကယ်တင်ခြင်းအာနိသင်တူညီစွာရှိနေတယ်ဆိုတာမရိုသေခြင်းတမျိုးပါ။
၈၀။ဒီလိုမဟုတ်မမှန်လိုက်ပြောနေတဲ့ခေါင်းဆောင်နဲ့ပညာရှင်အားလုံးဘုရားသခင်နဲ့ရှင်းရပါလိမ့်မယ်။
၈၁။ဒီလိုအပြစ်ဖြေရာစာရွတ်အကြောင်းလိုက်ဟောနေခြင်းဟာပညာရှိတွေနဲ့ယုံကြည်သူတွေပုပ်ရဟန်းမင်းကြီးအပေါ်အထင်လွဲစရာပါဘဲ။
၈၂။ဒီနေ့မေးရမှာကပုပ်ရဟန်းမင်းဟာဘုရားကျောင်းဆောက်ဖို့ငွေလိုလို့ဘဲဝိညာဉ်တွေကိုကယ်တင်နေရတာလား?ငွေကြောင့်မဟုတ်ဘဲချစ်မေတ္တာနဲ့ဝိညာဉ်တွေကိုကယ်တင်ဖို့မရဘူးလား?
၈၃။သေသူအတွက်ဆုတောင်းခြင်းဟာမှားနေရင်၊ဘာလို့သေသူအတွက်မီစာလုပ်ပေးနေသေးတုန်း?ပုပ်ရဟန်းကဘာလို့အပ်ထားတဲ့ငွေနဲ့ဖောင်ဒေးရှင်းတခုကိုပယ်ဖျက်ခွင့်မပြုရတာလဲ?
၈၄။သူတို့ဟာပိုက်ဆံရဖို့အရေးငရဲလေးထဲကလူဆိုးဝိညာဉ်ကိုထုတ်ပေးနေပါတယ်။
၈၅။စီရင်ခြင်းစည်းကမ်းတွေဟာမသုံးတာကြာလို့အရာမဝင်တော့သလိုပါ၊လူတွေကဘာလို့ငွေနဲ့ဒီစီရင်ခြင်းကလွတ်အောင်အပြစ်ဖြေရာစာရွတ်ဝယ်နေရသလဲ?ဒီသတ်မှတ်ချက်ကအကျုံးဝင်မယ်လို့ဘာလို့ယုံကြည်နေကြလဲ?
၈၆။ပုပ်ရဟန်းမင်းရဲ့စည်းစိမ်ဟာယနေ့အချမ်းသာဆုံးလူတွေထက်ချမ်းသာနေပါတယ်၊စိန့်ပီတာကျောင်းပိုဆောက်ဖို့သူ့ငွေကိုတော့မသုံးဘဲအပြစ်ဖြေရာစာရွတ်ဆင်းရဲသားကိုရောင်းပေးပြီးငွေညစ်နေရသလဲ?
၈၇။ဘုရားရဲ့ခွင့်လွတ်ခြင်းနဲ့ထိုက်တန်တဲ့တကယ့်နောင်တနဲ့ပြောင်းလဲလာတဲ့သူကိုပုပ်ရဟန်းမင်းကဘာလွတ်ပိုင်ခွင့်ရှိသေးတုန်း?
၈၈။အကယ်၍ပုပ်ရဟန်းမင်းကတနေ့ကိုတခါဘဲလုပ်နေတဲ့အရာကိုတနေ့အခါတရာလုပ်ခဲ့ရင်၊အပြစ်လွတ်ခြင်းကိုယုံကြည်သူတိုင်းအတွက်ဖြစ်စေခဲ့ရင်အသင်းတော်ရရှိတဲ့မင်္ဂလာကဒီထက်ပိုမကြီးပေဘူးလား?
၈၉။အကယ်၍ပုပ်ရဟန်းမင်းရောင်းတဲ့အပြစ်ဖြေရာစာရွတ်ဟာဝိညာဉ်ကိုသာကယ်ဖို့ဖြစ်ပြီး၊ငွေကြေးကြောင့်မဟုတ်ဘူးဆိုရင်၊အရင်ကတည်းကရှိနေတဲ့အပြစ်ဖြေခြင်းကိုဘာလို့အသုံးမပြုကြတာလဲ?ဘာလို့ဘေးဖယ်ထားသလဲ?
၉၀။သာမန်ယုံကြည်သူတွေရဲ့ဒီလိုမေးခွန်းကိုပညာရှိရှိပြန်မဖြေဘဲပုပ်ရဟန်းမင်းအာဏာနဲ့ဖိချတာဟာအသင်းတော်နဲ့ရဟန်းတွေကိုအရှက်ရစေသလိုယုံကြည်သူတွေအတွက်လဲမျက်နာပျက်စေပါတယ်။
၉၁။ဒါကြောင့်အပြစ်ဖြေရာစာရွတ်ဟာအကယ်၍ပုပ်ရဟန်းမင်းအမိန့်နဲ့ဟောပြောနေရင်၊ဒီအရာအားလုံးအဖြေတခုရှိရပါလိမ့်မယ်။
၉၂။ယုံကြည်သူများကိုငြိမ်သက်ခြင်းအကြောင်းဟောပြီးကိုယ်၌ကငြိမ်သက်ခြင်းမရှိတဲ့ပရောဖတ်ဆိုသူတွေရှောင်ပါ။
၉၃။ယုံကြည်သူများကိုကားတိုင်၊ကားတိုင်လို့သွန်သင်ပြီးမိမိကိုယ်၌ကကားတိုင်မထမ်းဘဲနေတဲ့ပရောဖတ်ဆိုသူတွေနဲ့ထာဝရနူတ်ဆက်ပါ။
၉၄။ယုံကြည်သူများဦးခေါင်းဖြစ်တဲ့ခရစ်တော်ကိုနာခံသင့်ပါတယ်၊သခင်နဲ့အတူနာကျင်ခြင်း၊သေခြင်း၊ငရဲသို့စစ်ကြောခြင်းမျိုးခံသင့်ပါတယ်။
၉၅။ဒါကြောင့်ကောင်းကင်နိုင်ငံဝင်ဖို့အခက်ခဲအများကြီးကြုံတွေ့မယ်၊သူတပါးရဲ့အာမခံချက်ကြောင့်ဝင်ရတာမဟုတ်ဘူး။
509  Views
Previous: Pope: Abortion is murder, the Church must be close and compassionate, not political
Next: ထန်တလန်မြို့လယ်ခေါင်က တိုက်ပွဲကြောင့် ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေ၊ သင်းအုပ်ဆရာတစ်ဦး ပစ်သတ်ခံရ