မိသားစုက မိမိတို့အား အထီးကျန်ဆန်ခြင်းဘဝမှ ကယ်တင်သည်ဟု ရဟန်းမင်းကြီးဖရန်စစ်က မိန့်ကြားတော်မူ
အောက်တိုဘာ ၇၊ ၂၀၁၅၊ ဗာတီကန်
ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က မိသားစုသည် မိမိတို့အား အထီးကျန်ဆန်ခြင်း နှင့် ဖာသိဖာသာနေသောဘဝမှ ကယ်တင်ပြီး လူ့ဘဝ၏အရေးကြီးမှုများကို သွန်သင်ပေးသည့်နည်းတူ မြတ်စွာဘုရားသခင်၏ မိသားစုဖြစ်သော ကက်သလစ်သာသနာတော်သည် လည်း မိသားစုကဲ့သို့ပင်အခန်းကဏ္ဍရှိပြီး ၎င်းအခန်းကဏ္ဍကို မည်ကဲ့သို့ရှင်သန်သင့်သည်ကို သုံးသပ်သင့်သည်ဟု အောက်တိုဘာလ (၇) ရက်နေ့က မိန့်ကြားတော်မူလိုက်သည်။
ရဟန္တာပေါလူးကဲ့သို့ပင် အသင်းတော်သည်လည်း လူသားများကိုဖမ်းသောတံငါသည် ဖြစ်ရန်ဖိတ်ခေါ်ခြင်းခံရကြောင်း၊ ထို့ကြောင့် အသင်းတော်သည် ပုံစံသစ်ပိုက်ကွန်ကိုလိုအပ်နေကြောင်း၊ ၎င်းပုံစံသစ်ပိုက်ကွန်သည် မိသားစုပင်ဖြစ်ကြောင်းကို ဗာတီကန်ရင်ပြင်သို့ ဘုရားဖူး လာကြသောဧည့်သည်များအား ဟောကြားတော်မူသည်။ ဆက်လက်ပြီး ရဟန်းမင်းကြီးက “ မိသားစု များသည် မိမိတို့ကို အထီးကျန်ဆန်ခြင်းနှင့် ဖာတိဖာသာနေရသောဘဝမှလွတ်မြောက်စေကြပြီး ဘုရားသခင်၏သားသမီးဖြစ်ရခြင်း၏ လွတ်မြောက်ခြင်းကို ထိတွေ့ခံစားစေ သည် ” ဟု မီးမောင်းထိုး ပြတော်မူသည်။
ရဟန်းမင်းကြီးဖရန်စစ်သည် ယနေ့ခေတ်ကာလနှင့် ကက်သလစ်သာသနာတော်ထဲတွင် မိသားစု၏ခေါ်တော်မူခြင်းနှင့် တာဝန်များ ဟူသော ခေါင်းစဉ်ဖြင့်ကျင်းပနေသော တစ်ကမ္ဘာလုံး ဆိုင်ရာကက်သလစ်ဆရာတော်ကြီးများ၏ညီလာခံကို အောက်တိုဘာလ (၄) ရက်နေ့က စတင် ဖွင့်လှစ်ကျင်းပချိန်တွင် ယခုကဲ့သို့ မိန့်ကြားတော်မူလိုက်ခြင်းဖြစ်သည်။
ရဟန်းမင်းကြီးက ဓမ္မညီလာခံ၏ဆောင်ပုဒ်နှင့်စပ်လျဉ်းပြီး မိန့်ကြားရာတွင် “ ယနေ့ ခေတ်မိသားစုသည် မိမိတို့၏ပြည့်ဝသော အာရုံစိုက် ခြင်းနှင့်ဂရုစိုက်ခြင်းကို လိုအပ်နေကြောင်း၊ ညီလာခံကြီးသည် ၎င်းတောင်းဆိုချက်ကိုဖြေကြားပေးရမည်ဖြစ်ကြောင်း၊ မိသားစုများသည် ခရစ် တော်ဘုရားရှင်၏ လမ်းကြောင်းအတိုင်းခရီးသွားနေချိန်တွင် ၎င်းတို့သည် ခမည်းတော်ဘုရား၏ ချစ်ခြင်းမေတ္တာတော်အား အခြေခံကျသောသက်သေခံခြင်းကိုပူဇော်ထားကြပြီး ၎င်းမိသားစုတို့သည် ကက်သလစ်သာသနာတော်၏ ပြည့်ဝသောအားပေးမှုနှင့် ဆက်ကပ် ခြင်းတို့ကို ထိုက်တန် ကြသည်ဟု မီးမောင်းထိုးပြတော်မူသည်။
ဆက်လက်ပြီး ရဟန်းမင်းကြီးက မိသားစုထဲတွင်သာ မိမိတို့အားလုံးကို အခက်အခဲများ နှင့်ရင်ဆိုင်ချိန်တွင်ပင် စည်းလုံးစေသောသစ္စာ ရှိခြင်း၊ ရိုးသားခြင်း၊ ယုံကြည်ခြင်း၊ လက်တွဲလုပ် ဆောင်ခြင်းနှင့် လေးစားခြင်းတို့၏ နှောင်ကြိုးကိုသင်ယူပြီးတိုးတက်ကြသည်ဟု ဟောကြားတော်မူသည်။
ပုပ်က လူတစ်ဦး၏စကားကို ရိုသေရန်၊ တခြားသူများကိုလေးစားရန်နှင့် တခြားသူများ၏ အားနည်းချက်များကို နားလည်ပေးနိုင်ရန် မိသားစုများကသာသင်ကြားပေးသည့်အပြင် အငယ်ဆုံးသော၊ အချုာချာဆုံးသော၊ ဒါဏ်ရာရသူနှင့် ဘဝတွင်စိတ်ပျက်အားငယ်နည်းသော မိသားစုဝင်များအား အစားထိုးမရသော အာရုံစိုက်မှုကိုလည်း မိသားစုများကသာပေးနေသည်ဟု သြဘာပေးတော်မူလိုက်သည်။
သို့သော် ရဟန်းမင်းကြီးက “ လူ့အဖွဲ့အစည်း၏အများပြည်သူဘဝထဲက မိသားစုဘဝ၏ ပါရမီများနှင့် ပေါင်းစပ်နိုင်စွမ်းကို ပျောက် ဆုံး နေသောစီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများက မိသားစုများမှ ပံ့ပိုးပေးနေသောတန်ဖိုးများကို အန်္တရာယ်ပြုနေကြသည်ဟု ေ၀ ဖန်တော်မူလိုက်သည်။ ကုန်ဇမှုန်း
1666 Views