မြန်မာနိုင်ငံအတွင်းရှိ ဆရာဝန်များအနေနဲ့ ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ပေးကြပါလို့ အသနားခံချင်ပါတယ်။

ကျွန်တော်ဆလိုင်းဂျိုးဇက်ကုန်ဇမှုန်း (ခ) ဝင်းလှိုင်ဦးသည် မြန်မာနိုင်ငံအတွင်းရှိ ဆရာဝန်များအနေနဲ့ ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ပေးကြပါလို့ အသနားခံချင်ပါတယ်။ Covid 19 ကပ်ရောဂါလူနာများကို သနားကုသပေးကြပါ။
ဒီလို တာဝန်ထမ်းဆောင်တာဟာ အခုအာဏာသိမ်းအဖွဲ့ရဲ့အစိုးရသစ်အတွက် မဟုတ်ပါဘူး။ ဒီလို လုပ်တာဟာ ကျနော်တို့ရဲ့ပြည်သူ/လူနာတွေ အားကိုးရာမဲ့နေတဲ့အခြေအနေမဖြစ်အောင် သွားရောက်စောင့်ရှောက်ပေးတာဖြစ်ပါတယ်။
မြန်မာပြည်သူပြည်သား အများစု လိုလားတောင့်တနေတဲ့ဆန္ဒတွေ အမြန်ဆုံးပြည့်ပါစေလို့ ဆုတောင်းပါတယ်။
ဆလိုင်းဂျိုးဇက်ကုန်ဇမှုန်း (ခ) ဝင်းလှိုင်ဦး
1281  Views
Previous: ရွေးကောက်ပွဲလုပ်ပြီး အာဏာပြန်လွှဲမယ်လို့ တပ်မတော်ပြော
Next: My Appeal of Medical Care to Myanmar Medical Doctors