မြန်မာနိုင်ငံအတွင်း တယ်လီနော ဆက်သွယ်ရေးလုပ်ငန်းကို ရောင်းချတော့မည်

နော်ဝေနိုင်ငံ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ တယ်လီနော ကုမ္ပဏီဟာ မြန်မာနိုင်ငံက သူ့ရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြန်လည်ရောင်းထုတ်ဖို့ ဝယ်ယူမယ့်သူကို ရှာဖွေနေတယ်လို့ ဇွန် ၁ ရက် မနေ့က ရိုက်တာ သတင်းမှာ ရေးထားပါတယ်။

တယ်လီနော ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဈေးကွက်အတွင်းက ကောလဟလတွေအပေါ် မှတ်ချက်မပေးသလို ငြင်းဆန်တာလည်း မလုပ်ခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ စစ်တပ်က အာဏာသိမ်းပြီး ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက တယ်လီနော့ ရဲ့ မိုဘိုင်းဆက်သွယ်ရေးဟာ ဆိုးဆိုးဝါးဝါး ကန့်သတ်မှုတွေရှိ လာပြီး ဈေးကွက်ဟာလည်းကျဆင်းလာခဲ့တယ်လို့ဆိုပါတယ်။ နိုင်ငံတကာက စီးပွားရေးအရ ဒဏ်ခတ်ထားတဲ့အတွက် တယ်လီနော့ကုမ္ပဏီကို တခြားဆက်သွယ်ရေးကုမ္ပဏီတွေက ဝယ်ယူမှာ မဟုတ်တဲ့အတွက် တရုတ်ကုမ္ပဏီတွေကို ကမ်းလှမ်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။

 

 

တယ်လီနောနဲ့အပြိုင် မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီကလည်း တယ်လီနော့ကို ဝယ်ယူဖို့ စိတ်ဝင်စားတဲ့အတွက် ငွေကြေးဆိုင်ရာ အကူညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေကို ရှာဖွေနေတယ်လို့လည်း TMT Business မီဒီယာမှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ တယ်လီနော နဲ့ အပြိုင် Ooredoo ကုမ္ပဏီဖက်က တစုံတရာပြောကြားတာ မရှိသေးပါဘူး။ တယ်လီနောကုမ္ပဏီဟာ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်က ဝင်ရောက် ရင်းနှီးမြုပ်နှံခဲ့ပြီး အသုံးပြု သူပေါင်းက (၁၈) သန်းဝန်းကျင်ရှိပြီး အကြီးဆုံးရင်းနှီးမြုပ်နှံတဲ့ နိုင်ငံခြား ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ ရှိနေတာကြောင့် လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ တယ်လီနောလုပ်ငန်းတွေကို နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီတွေက ဝယ်ယူမှာမဟုတ်တဲ့အတွက် တရုတ် ဝယ်လက်တွေကိုပဲ ဖိတ်ခေါ်ထားတယ်လို့လည်း ရိုက်တာသတင်းက ဆိုပါတယ်။

ဒါ့အပြင် ကာတာနိုင်ငံ ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ အော်ရီဒူး ကတော့ တယ်လီနောရဲ့ မြန်မာနိုင်ငံက ဆက်သွယ်ရေးလုပ်ငန်းကို ဝယ်ယူဖို့ စိတ်ဝင်စားတဲ့အတွက် ငွေကြေးဆိုင်ရာ အကူအညီပေးနိုင်မယ့် အဖွဲ့အစည်းတွေကို ရှာဖွေနေတယ်လို့လည်း ဖော်ပြပါတယ်။

တယ်လီနောဟာ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်မှာ ဝင်ရောက်လာတာဖြစ်ပြီး မြန်မာနိုင်ငံအတွက် အကြီးမားဆုံး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေထဲက တစ်ခုဖြစ်ပါတယ်။

လူဦးရေ ၅၄ သန်း ရှိတဲ့ မြန်မာနိုင်ငံမှာ လက်ရှိ တယ်လီနော သုံးစွဲသူအရေအတွက်ဟာ ၁၇ သန်းအထိ ရှိတာကြောင့် တတိယ သုံးစွဲသူအများဆုံး ဆက်သွယ်ရေး အော်ပရေတာဖြစ်ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

Reference: RFA and VOA Burmese

479  Views
Previous: ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ကက်သလစ်စီးပွားရေးခေါင်းဆောင်တွေကိုအများပြည်သူအကျိုးစီးပွားအတွက်ရင်းနှီးမြှုပ်နှံကြရန် မိန့်ကြားတော်မူ
Next: ပဲခူးနဲ့ မန္တလေးတိုင်းက မြို့နယ် ကိုးခုကို နေအိမ်မှာနေရေး Stay at Home အမိန့်ထုတ်