မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု နေ့စွဲမှတ်တမ်း

မှတ်ချက်။ ။ ဘီဘီစီမြန်မာသတင်းဌာန၏ဝက်ဆိုက်မှ ကူးယူဖော်ပြထားပါသည်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံအနှံ့ ဆန္ဒပြမှုတွေ ဆက်ရှိနေသလို ဆန္ဒပြဆန့်ကျင်သူတွေကို အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် ဒေသခံတွေ ရရာလက်နက် ကိုင်ဆောင်ဖွဲ့စည်းထားကြတဲ့ ဒေသကာကွယ်ရေးတပ်တွေ ပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

မြန်မာနိုင်ငံက စစ်တပ်အာဏာသိမ်းမှုနောက် ထူးခြားနေ့စွဲမှတ်တမ်းတွေကို စုစည်းဖော်ပြထားပါတယ်။ နောက်ထပ်ဖြစ်ထွန်းမှုတွေကိုလည်း ဒီစာမျက်နှာမှာ နေ့စွဲအလိုက် ထပ်မံဖော်ပြပေးသွားပါမယ်။

စစ်အာဏာသိမ်းပြီးနောက် ဘာတွေဖြစ်ပျက်ခဲ့လဲ

ရွေစျေးနဲ့ ဒေါ်လာစျေးတွေ ဆက်တက်လာပြီး ရွှေက တစ်ကျပ်သားကို ၂၂ သိန်းကျော်နဲ့ အမေရိကန်တစ်ဒေါ်လာက စျေးကွက်တွင်းမှာ ၂၅၀၀ ကျပ် စံချိန်တင်စျေးနှုန်းတွေ ဖြစ်လာပါတယ်။ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ ထုတ်ရောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ပေမယ့် ပြင်ပစျေးကွက်မှာ စျေးတွေက ဆက်တက်နေပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံ နောက်ဆုံးနေ့မှာ မိန့်ခွန်းပြောဖို့ အစီအစဥ်ကို ရုပ်သိမ်းထားကြောင်း၊ ဒီလိုလုပ်တာက ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံကြီးတချို့နဲ့ သဘောတူနားလည်မှု ယူထားတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ဘီဘီစီကို ပြောပါတယ်။ ဒါပေမဲ့ သူဟာ ၂၀၂၂ စက်တင်ဘာထိ လက်ရှိတာဝန်ကို ဆက်လက်ဝန်ထမ်းဆောင်ခွင့်ရှိထားတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ဦးကျော်မိုးထွန်းကို ကန့်ကွက်ထားပြီး သူ့နေရာမှာ စစ်တပ်အရာရှိဟောင်း ဦးအောင်သူရိန်နဲ့ အစားထိုးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ပုံမူပိုင်BBC

စက်တင်ဘာ ၇ ရက်နေ့မှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ ခုခံစစ်စတင်ပြီလို့ NUG က ကြေညာခဲ့ပြီး စက်တင်ဘာ ၂၀ ရက်နေ့မှာတော့ တော်လှန်ရေးအတွက် နောက်အဆင့်တွေ လာတော့မယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ ခုခံစစ်စပြီလို့ကြေညာပြီးကတည်းက မန္တလေး၊ ရန်ကုန် အပါအဝင် မြို့ကြီးနဲ့ နယ်မြို့တွေမှာပါ ပေါက်ကွဲမှုတွေ နေ့စဉ် လိုလိုရှိနေပြီး ပစ်ခတ်မှုတွေလည်း အရင်ကထက် ပိုများလာပါတယ်။

ပုံမူပိုင် SPRING DIARY

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)က လူငယ်ကေဒါတွေအတွက် လေ့ကျင့်ရေး သင်တန်းကို ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်လိုက်ပါတယ်။

UWSP ဟာ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ဝ တပ်ဖွဲ့ (UWSA)ကို ပိုင်ဆိုင်ထားတာပါ။

မနှစ်က ဗိုလ်သင်တန်းဖွင့်။

မန္တလေးတိုင်းထဲက မိုးကုတ်မြို့နဲ့ မြင်းခြံမြို့အပါအဝင် စစ်ကိုင်းတိုင်းထဲက ဘုတလင်၊ ယင်းမာပင်၊ အရာတော်၊ ကနီ၊ ပုလဲ ၊မြောင်၊ မကွေးတိုင်း တောင်တွင်းကြီး မြို့တွေဘက်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရတယ်လို့ ဒေသခံတွေက တစ်ဆင့် ဘီဘီစီက စုံစမ်းသိရပါတယ်။ ဒီမြို့နယ်တွေမှာ မိုင်တဲ တာဝါတိုင်တွေဖောက်ခွဲခံရတာ ရှိသလို တချို့နေရာတွေမှာတော့ ဒေသခံ PDF တွေနဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားနေပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့က ကျန်းမာရေးမကောင်းလို့ တရားရုံးမတက်နိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးပြန်ကောင်းမွန်လာလို့ နေပြည်တော်က အထူးတရားရုံးကို တက်ရောက်ခဲ့ပါတယ်။ အင်္ဂါနေ့တွေမှာ ပုံမှန်စစ်ဆေးနေကျ ၂  မှုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရပ်သားတစ်ဦးကစွဲဆိုတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေပုဒ်မ ၂၅ နဲ့ ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်တို့ ၃ ဦးလုံးကို စွဲဆိုထားတဲ့ ဆူပူရန်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) တို့ကို စစ်ဆေးခဲ့တာပါ။

NUG ရဲ့ ခုခံတွန်းလှန်စစ် စတင်ကြောင်း ကြေညာချက်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပမယ့် အချိန်မှာ လုပ်ရပ် တစ်ခုခု ပြနိုင်အောင်၊ နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှု ပြန်လည် ရရှိအောင်  လုပ်ဆောင်တဲ့ကြေညာချက်သာ ဖြစ်တယ်လို့ စစ်ကောင်စီ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ပြောကြား ပါတယ်။

စက်တင်ဘာ ၇ ရက် က စပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူလူထုရဲ့ ခုခံတွန်းလှန်စစ် စတင်ပြီလို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ယာယီ သမ္မတ ဒူဝါလရှီးလက အာဏာသိမ်း စစ်ကောင်စီ အပေါ် စစ်ကြေညာ လိုက်ပါတယ်။ စစ်အုပ်ချူပ်ရေးကို တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြ ဆိုပြီး NUG ယာယီသမ္မတက ပန်ကြားပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ သူ့ရဲ့ ထူးလုပ်ငန်းစုကို ဗြိတိန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။ ဦတေဇဟာ မြန်မာစစ်တပ်အတွက် လက်နက်တွေ ဝယ်ယူနိုင်ဖို့ ကူညီပေးခဲ့တယ်လို့ ဗြိတိန်ဘက်က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်ဖွဲ့တွေကြောင့် သေဆုံးရသူ ၁၀၀၀ ကျော်သွားပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG က အောင်လံလွှင့်ချီ နွေဦးထီလို့ အမည်ပေးထားတဲ့ အွန်လိုင်းထီကို သြဂုတ်လ ၁၅ ရက်နေ့မှာ စတင်ဖွင့်လှစ်ပြီး အချိန်ပိုင်းအတွင်းမှာတင် သတ်မှတ်ထားတဲ့ ထီအစောင်ရေကုန်သွားတယ်လို့ ကြေညာပါတယ်။ ထီရောင်းချတဲ့ အချိန်၀န်းကျင်မှာ ပြည်သူတွေရဲ့ မိုဘိုင်းဖုန်း ငွေလွှဲအကောင့်တွေ အပိတ်ခံရတာတွေ ရှိတယ်လို့ ထီထိုးသူတချို့က ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က တစ်ဒေါ်လာကို ၁၄၀၀ ကျပ် စျေးနှုန်းသာ ရှိခဲ့တဲ့ ဒေါ်လာစျေးဟာ ဒီကနေ့မှာတော့ ၁၇၀၀ ကျော်အထိ စျေးနှုန်းမြင့်တက်ခဲ့ပါတယ်။ ဒီလို ဒေါ်လာစျေးတက်တာဟာ ကိုဗစ်ကုသရေးမှာ လိုအပ်တဲ့ ဆေးဝါးနဲ့ ကုန်ပစ္စည်းတွေကို အသွင်းများလာပြီး နိုင်ငံခြား ပို့ကုန် မရှိတာကြောင့်လို့ စီးပွားရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် အများပြည်သူရုံးပိတ်ရက်ကို သြဂုတ်လ ၂၂ ရက်နေ့ အထိ တိုးမြှင့်သတ်မှတ်လိုက်ပြီး အခြေခံပညာကျောင်းတွေ၊ အစိုးရရုံးတွေနဲ့ ဘဏ်တွေလည်း ပိတ်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနဲ့ ပြည်နယ်အစိုးရ ဝန်ကြီးတွေ ဖြစ်တဲ့ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးကျော်လွင်၊ ဦးမင်းအောင်တို့ကို အဂတိလိုက်စားမှု ပုဒ်မ ၅၅ နဲ့ စစ်ကောင်စီက တရားစွဲဆိုလိုက်ပါတယ်။

တရုတ်နဲ့ အာဆီယံအဖွဲ့ဝင် မဲခေါင်မြစ်ဝှမ်းနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှု လန်ချန်း-မဲခေါင် LMC အစီအစဉ် တစိတ်တပိုင်းအရ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၆ သန်းကျော် တရုတ်နိုင်ငံက ထောက်ပံ့ဖို့ ရှိပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှု မတိုင်ခင်က ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုတွေကို ပိတ်သိမ်းမယ်လို့ စစ်ကောင်စီက ထပ်မံ ကြေညာပါတယ်။

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းမှာ လူငယ်တချို့ကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးစဉ် တိုက်ပေါ်က ခုန်ချခဲ့တဲ့ အသက် ၁၇ နှစ်နဲ့ ၂၀ အရွယ်ကြား လူငယ် သုံးဦး သေဆုံးခဲ့ပါတယ်။ နှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ကိုဗစ်ရောဂါကာကွယ်ဆေးကို ပြည်ပကနေ တချိန်လုံးဝယ်နေရရင် တိုင်းပြည်မွဲသွားနိုင်တယ်၊ ပြည်တွင်းမှာထုတ်နိုင်အောင် ကြိုးစားရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ်လ ၉ ရက်နေ့က ပြောပြီးနောက် တိုင်းရင်းနည်းနဲ့ ပရဆေးကုန်ကြမ်းတွေသုံးပြီး ထုတ်နိုင်အောင် ပြင်ဆင်နေပြီလို့ တိုင်းရင်းဆေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် ကာကွယ်ဆေးကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ ဇန်နဝါရီ ၂၇ ရက်မှာ စတင်ထိုးနှံပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် ကာကွယ်ဆေးကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ ဇန်နဝါရီ ၂၇ ရက်မှာ စတင်ထိုးနှံပေးခဲ့ပါတယ်။ ပုံမူပိုင်MYINT LWIN

စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဧပြီလက စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် သေဆုံးသူ ၃၁ ဦး ရှိပြီလို့ ကနီ PDF က သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ ၁၁ ရက်နေ့ကနေ သြဂုတ် ၁ ရက်နေ့ အထိ တိုက်ပွဲပေါင်း ၃၅ ခုရှိခဲ့ပြီး စစ်ကောင်စီတပ်တွေကို ခုခံရင်း ကျဆုံးခဲ့တာလို့လည်းဆိုပါတယ်။

မေလတုန်းကကင်းရွာက ကျည်ထိမှန်သေဆုံးခဲ့သူတစ်ဦးကို သင်္ဂြိုဟ်စဥ်
မေလတုန်းကကင်းရွာက ကျည်ထိမှန်သေဆုံးခဲ့သူတစ်ဦးကို သင်္ဂြိုဟ်စဥ်ပုံ မူပိုင် CJ

သြဂုတ်လ ၈ ရက် ညပိုင်းက မန္တလေး အိုးဘိုထောင်အတွင်း ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ နောက်တနေ့မှာ ထိန်းသိမ်းခံထားရသူ ၃၀ ကျော်ကို စုံစမ်းစစ်ဆေးနေတယ်လို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူကပြောပါတယ်။

ဒုတိယအသုတ်ရောက်လာတဲ့ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးတွေ
စာတန်းဒုတိယအသုတ်ရောက်လာတဲ့ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးတွေပုံ  မူပိုင် THE MIRROR

၃၃ နှစ်မြောက် ၈ လေးလုံးလူထု အရေးတော်ပုံ နှစ်ပတ်လည် အထိမ်းအမှတ် တွေကို ပြည်တွင်းပြည်ပမှာ ပြုလုပ်ခဲ့ကြပါတယ်။ NUG အမျိုးသားညီညွတ်ရေး အစိုးရကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို ပြည်ပရောက် မြန်မာတွေက သူတို့ရောက်ရှိရာ နိုင်ငံအသီးသီးမှာ ကျင်းပခဲ့ကြပါတယ်။

NUG အစိုးရ ကို အသိမှတ်ပြုရေးဆန္ဒထုတ်ဖော်
NUG အစိုးရ ကို အသိမှတ်ပြုရေးဆန္ဒထုတ်ဖော်ပုံ  မူပိုင် ZAW ZAW OO

စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ပူးပေါင်း ကြံစည်မှုနဲ့ မြန်မာ ၂ ယောက်ကို အမေရိကန် ဗဟိုစုံစမ်းရေးဗျူရို FBI က ဖမ်းဆီးပြီး အမှုဖွင့်ထားပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CRPH ရဲ့ စာကို ဖတ်ကြားခဲ့တဲ့ ဦးကျော်မိုးထွန်း
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CRPH ရဲ့ စာကို ဖတ်ကြားခဲ့တဲ့ ဦးကျော်မိုးထွန်း  ပုံမူပိုင် GETTY IMAGES

မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) အာရဝန် ယူဆွဖ် ကို အာဆီယံက ခန့်ထားလိုက်ပြီး မြန်မာစစ်ကောင်စီဘက်က ဒီခန့်ထားမှုကို လက်ခံခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူတဲ့ အိမ်စောင့်အစိုးရ ဖွဲ့စည်းလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ လွတ်လပ်တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် သြဂုတ်လ နောက်ဆုံးထားပြီး ကျင်းပမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

အကျဉ်းထောင်တွေအတွင်း ကိုဗစ်ကာကွယ်ဆေးစထိုး
အကျဉ်းထောင်တွေအတွင်း ကိုဗစ်ကာကွယ်ဆေးစထိုးပုံ  မူပိုင် CJ

 

ရန်ကုန် အင်းစိန်ထောင်နဲ့ နေပြည်တော်အချုပ်ထောင်မှာ ဖမ်းဆီးထားသူတွေ၊ အချုပ်ကျနေသူတွေကို ကိုဗစ် ကာကွယ်ဆေးစတင်ထိုးပေးနေပြီလို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူကပြောပါတယ်။ ဇူလိုင် ၂၈ ရက်က စတင် ကာကွယ်ဆေးထိုးပေးခဲ့သူတွေထဲမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးသမားတွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့ NLD အစိုးရရဲ့ စီးပွားရေး အကြံပေးမစ္စတာရှောင်တာနယ်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို ကူညီတဲ့ အနေနဲ့ ၁၀ လီတာ အောက်ဆီဂျင်ထုတ်စက် အလုံး ၂၀၀ ထောက်ပံ့မယ်လို့ စင်္ကာပူ အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

ပုံမူပိုင် GETTY IMAGES

မင်းကင်းမြို့နယ်ထဲမှာ ဒုတိယအကြီးဆုံးရွာကြီးဖြစ်ပြီး ပျူစောထီးရွာလို့ သတ်မှတ်ထားကြတဲ့ ပန်းဆက်ရွာကို သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဆုတ်ခွာလာတဲ့ PDF ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၇ ယောက် တောင်ဖြုရွာမှာ စောင့်ကြို ဖမ်းဆီးတာခံခဲ့ကြရပါတယ်။ ဒါ့အပြင် ၄ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ တိုက်ခိုက်ရာမှာပါဝင်တဲ့ မိုးကြိုးမုန်တိုင်းအဖွဲ့က ဗိုလ်သူရိန်နဲ့ ဒေသခံရွာသားတွေက ပြောပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွထွေရွေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်ကြောင်း စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းမှုကြောင့် ပြည်တွင်း အလုပ်အကိုင် ၁ သန်းနီးပါး ဆုံးရှုံးနိုင်ပြီး ဆင်းရဲမွဲတေမှုနှုန်းက ၂၀၁၉ ခုနှစ်ထက် ၂ ဆ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းကြောင်း ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပုံမူပိုင် GETTY IMAGES

ရန်ကုန် အင်းစိန်ထောင်တွင်းမှာ ကြွေးကြော်ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ အမျိုးသမီး သီးသန့်ဆောင်ဘက်က စတင်ခဲ့တဲ့ ဆန္ဒပြမှုမှာ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတချို့လည်း ပါဝင်ခဲ့တယ်လို့ ထောင်ဝန်ထမ်းတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ပါတယ်။

ကြွေးကြော်ဆန္ဒပြသူတွေကို တိုက်ပိတ်ထားတယ်၊ ထိခိုက်ဒဏ်ရာရတာ သေဆုံးတာတွေရှိတယ်လို့ ပြောဆိုတာတွေရှိပေမဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်ကတော့ အဲဒီလို ဖြစ်ရပ်မျိုးတွေ မရှိဘူး၊ ဆန္ဒပြသူတွေကို တိုက်ပိတ် ထားတာလည်းမရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံက လှူဒါန်းတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်းအနက် ပထမအသုတ် ကာကွယ်ဆေး ၇၃၆၀၀၀ လုံး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီကနေ့ ရောက်ရှိလာပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံက လှူဒါန်းတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်းအနက် ပထမအသုတ် ကာကွယ်ဆေး ၇၃၆၀၀၀ လုံး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီကနေ့ ရောက်ရှိလာပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ပုံမူပိုင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခုံရုံးက သေဒဏ်ချတာ ၆၅ ယောက် ရှိပြီလို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ပြောပါတယ်။

အဲဒီထဲမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရသူ ၂၆ ယောက် ရှိပါတယ်။

၃၉ ယောက်က မျက်ကွယ်မှာ သေဒဏ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။ အသက် ၇၉ နှစ်အရွယ် ဦးဉာဏ်ဝင်းဟာ ထောင်တွင်းမှာ ကိုဗစ်ကူးစက်ခံရပြီး ရန်ကုန် ဆေးရုံကြီးမှာ ကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ပုံမူပိုင် GETTY IMAGES

အာဏာသိမ်းတာ ၁၆၉ ရက်မြောက်တဲ့ ၇၄ နှစ်မြောက်အာဇာနည်နေ့မှာ နိုင်ငံတဝန်း ဂါရဝပြု အခမ်းအနားတွေနဲ့ အတူ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင် အများစုက အာဇာနည်နေ့ အခမ်းအနား တက်ရောက်တာမရှိဘဲ ကိုယ်စားလွမ်းသူပန်းခွေချတာတွေ့ရပါတယ်။

ပုံမူပိုင် CJ

၂၀၂၁ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံ လူဦးရေ ၅၀ ရာခိုင်နှုန်းကို ကိုဗစ် ကာကွယ်ဆေးထိုးပေးမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ပုံမူပိုင် UWSA

အောက်ဆီဂျင်ဖြည့်ခ စျေးတွေဟာ အရင်ထက် ၁၀ ဆလောက် တက်သွားတယ်လို့ ရန်ကုန်မြို့မှာ အောက်ဆီဂျင်တန်းစီ ဝယ်နေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။  အောက်ဆီဂျင် ၄၀ လီတာ တစ်အိုး ဖြည့်ခကို ၂ သိန်း ၇ သောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ရန်ကုန်မှာ အောက်ဆီဂျင် တန်းစီနေတဲ့မြင်ကွင်း
 ရန်ကုန်မှာ အောက်ဆီဂျင် တန်းစီနေတဲ့မြင်ကွင်း       ပုံမူပိုင်    BBC

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း ကလေးသူငယ် ၇၅ ဦးထက်မနည်း အသတ်ခံခဲ့ရပြီး နောက်ထပ်လူပေါင်း ၁၀၀၀ လောက် တရားမဲ့ အဖမ်းခံခဲ့ရတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များအခွင့်အရေး ကော်မတီ CRC က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ နာယက ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ ကနဲ့ စွဲချက်တင်ဖို့ အမိန့်ချမှတ်လိုက်တယ်လို့ သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ကိုဗစ် တတိယလှိုင်းဒဏ် အပြင်းအထန် ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ အောက်ဆီဂျင်ရဖို့အရေး စက်ရုံတွေရှေ့မှာ အောက်ဆီဂျင်ဘူးတွေချထားပြီး နေ့စဉ် တန်းစီနေတဲ့မြင်ကွင်းကို မြို့ကြီးတွေမှာ တွေ့လာရပါတယ်။

ရန်ကုန်လမ်းမထက် မိုးထဲလေထဲ အောက်ဆီဂျင်ရရေး ကြိုးပမ်းနေသူများ
ရန်ကုန်လမ်းမထက် မိုးထဲလေထဲ အောက်ဆီဂျင်ရရေး ကြိုးပမ်းနေသူများ    ပုံမူပိုင်   BBC

မြန်မာနိုင်ငံမှာ ဒီရက်ပိုင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ တွေ့ရှိမှု နေ့စဉ် မြင့်တက်နေပြီး မနေ့က ဇူလိုင် ၁၂ ရက် တစ်ရက်တည်း မှာတင် သေဆုံးသူ ၈၂ ဦးထိ ရှိခဲ့ပါတယ်။ ရန်ကုန်မြို့က ရေဝေးသုသာန်မှာ ဒီရက်ပိုင်း သေဆုံးသူတွေရဲ့ ရုပ်အလောင်း သင်္ဂြိုဟ်ပေးရမှုတွေ ယခင်ထက် ပိုများပြားနေပါတယ်။

ပုံမူပိုင်   ရွှေအင်းသားခင်မောင်ဝင်း

ကိုဗစ်လူနာတွေ အတွက် အောက်ဆီဂျင်ရဖို့ အခက်အခဲတွေ ကြုံနေရချိန်မှာ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာအောက်ဆီဂျင်လုံလုံလောက်လောက်ရှိကြောင်းနဲ့ အောက်ဆီဂျင်ကိစ္စကို နိုင်ငံရေးအရ အမြတ်ထုတ်နေသူတွေ ရှိတယ်လို့  ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမူနှုန်းများပြားနေချိန်မှာ စစ်ကောင်စီက လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေမပေးဘဲ ကိုဗစ်ရောဂါကို ပြည်သူလူထုကိုဖိနှိပ်ဖို့ လက်နက်လို အသုံးချနေတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှု ၄ မှု ထပ်တိုး ပြီး စစ်ကောင်စီက တရားစွဲလိုက်ပါတယ်။

ဝန်ကြီးချုပ်ဦးညီပုကို ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲချက်တင်လိုက်ပါတယ်။

ကိုဗစ်ကူးစက်မှု များပြားလာတဲ့အတွက် မြန်မာနိုင်ငံ တစ်ဝန်းလုံးက အခြေခံပညာကျောင်းတွေကို ဇူလိုင် ၉ ရက်ကစပြီး နှစ်ပတ်ခန့် ပြန်လည်ပိတ်လိုက်တယ်လို့ ကိုဗစ်ထိန်းချုပ်ကုသရေး ဗဟို ကော်မတီကကြေညာပါတယ်။

ပုံမူပိုင်   GETTY IMAGES

အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်ရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ PPST အစည်းအဝေးကနေ အဖွဲ့ရဲ့ ဦးဆောင် အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

အဖွဲ့ခေါင်းဆောင်အဖြစ် မွန်ပြည်သစ်ပါတီက နိုင်အောင်မင်း၊ အဖွဲ့ဝင်အဖြစ် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်က ဗိုလ်မှူးကြီးခွန်ဥက္ကာ နဲ့ ရှမ်းပြည်တောင်ပိုင်း တပ်မတော်က ဗိုလ်မှူးကြီးစိုင်းငင်းတို့ကို တာဝန်ပေးလိုက်ပါတယ်။

ပုံမူပိုင်   NCA – S EAO

ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံပိုင် ဆေးဝါးစက်ရုံတွေမှာ ကိုဗစ်ကာကွယ်ဆေး ထုတ်ဖို့ ရှိတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရုရှားနိုင်ငံထုတ် Sputnik-V ကိုဗစ်ကာကွယ်ဆေး
ရုရှားနိုင်ငံထုတ် Sputnik-V ကိုဗစ်ကာကွယ်ဆေးပုံမူပိုင်  REX FEATURES

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက မုံရွာသတ္တုတွင်း လုပ်ငန်းတွေကို ပိတ်ဆို့ အရေးယူမှုတွေ ထပ်မံ ချမှတ်လိုက်ပါတယ်။ ကမ္ဘာသိအငြင်းပွားဖွယ်ရာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ မြန်မာစစ်တပ်နဲ့ စီးပွားဖက် အလုပ်လုပ်နေတဲ့ တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ သူ့ရဲ့လက်ခွဲ ကုမ္ပဏီ ၂ ခုကို နာမည်ပျက် စာရင်းထဲထည့်သွင်းလိုက်တာဖြစ်ပါတယ်။

ဝမ်ပေါင်ကနေ မြန်မာစစ်တပ် ဝင်ငွေတွေ ရနေတဲ့အတွက် ပိတ်ဆို့ရတာ ဖြစ်
ဝမ်ပေါင်ကနေ မြန်မာစစ်တပ် ဝင်ငွေတွေ ရနေတဲ့အတွက် ပိတ်ဆို့ရတာ ဖြစ်ပုံမူပိုင်  GETTY IMAGES

ဒီပဲယင်း အနောက်ဘက်ခြမ်းဆပ်ပြာကျင်း ကျေးရွာမှာ စစ်ကောင်စီနဲ့အပြန်လှန်ပစ်ခတ်မူတွေကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အပါဝင်သေဆုံးသူ ၂၆ ဦး အထိရှိနေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။

ကိုဗစ်ကူးစက်မှုတွေ ပြန်မြင့်တက်လာလို့ မြို့နယ် ၉ ခုမှာ နေအိမ်မှာနေထိုင်ရေး အစီအစဥ် ကြေညာလိုက်ပါတယ်။

အကျဥ်းသား ၂၀၀၀ ကျော်ကို နိုငံတစ်ဝန်း အကျဥ်းထောင်တွေကနေ လွှတ်ပေးရာမှာ သတင်းထောက်တချို့လည်း ပါဝင်ပါတယ်။

နိုင်ငံတဝန်း ဖမ်းဆီးခံရသူ ၂ဝဝဝ ကျော် လွတ်မြောက်
စာတန်းနိုင်ငံတဝန်း ဖမ်းဆီးခံရသူ ၂ဝဝဝ ကျော် လွတ်မြောက်

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်းလှိုင် ရုရှားနိုင်ငံကို သွားရောက်ပါတယ်။ အာဏာသိမ်းပြီးနောက် ဒုတိယမြောက်သွားရောက်တဲ့ ပြည်ပနိုင်ငံဖြစ်ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးကတော့ စစ်ခေါင်းဆောင်ကိုလက်ခံတွေ့ဆုံပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးကတော့ စစ်ခေါင်းဆောင်ကိုလက်ခံတွေ့ဆုံပါတယ်။ ပုံမူပိုင်   REUTERS

ပုံမူပိုင်BBC

မန္တလေးမှာ PDF နဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုဖြစ်

ပုံမူပိုင်BBC

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ပြုလုပ်တဲ့ တရုတ်-မြန်မာနှစ်နိုင်ငံ ကိုဗစ်ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေး အွန်လိုင်း ဆွေးနွေးပွဲတက်ရောက်တဲ့ တရုတ်သံအမတ်ကြီး
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ပြုလုပ်တဲ့ တရုတ်-မြန်မာနှစ်နိုင်ငံ ကိုဗစ်ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေး အွန်လိုင်း ဆွေးနွေးပွဲတက်ရောက်တဲ့ တရုတ်သံအမတ်ကြီးပုံမူပိုင်မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး

ကယားပြည်နယ် ဒီးမော့ဆိုမြို့ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်

ကယားပြည်နယ် ဒီးမော့ဆိုမြို့ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်
ကယားပြည်နယ် ဒီးမော့ဆိုမြို့ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ပုံမူပိုင်BBC

၂၀၂၀ မြန်မာရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေက ခိုင်လုံမှုမရှိဘူးလို့ Asian Network for Free Elections (ANFREL) (ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အာရှကွန်ရက်)က ထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိနေတယ်လို့ဆိုပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ ဘန်ကောက်အခြေစိုက် ANFREL ဟာ လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာရှ ၁၇ နိုင်ငံမှာ သူတို့ရဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ဝင်တွေ ရှိပါတယ်။

ပုံမူပိုင် GETTY IMAGES

စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးလာသူ တစ်သောင်းငါးထောင်ကျော် ရှိနေပြီလို့ မီဇိုရမ်အရာရှိကို ကိုးကားပြီး ရိုက်တာစ်သတင်းမှာ ဖော်ပြပါတယ်။

မတ်လကုန်ပိုင်းက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ခြမ်းကို ထွက်ပြေးခိုလှုံလာကြသူတွေ
မတ်လကုန်ပိုင်းက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ခြမ်းကို ထွက်ပြေးခိုလှုံလာကြသူတွေပုံမူပိုင်GETTY IMAGES

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၄ ရပ်ကွက်အုပ်ချုပ်ရေးရုံးအနီးမှာ မေ ၁၈ ရက် ည ၈ နာရီခွဲကျော်လောက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကနေ တစ်ဆင့်သိရပါတယ်။

ဗုံးပေါက်ကွဲမှုတွေဟာ ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်း နိုင်ငံအနှံ့မှာ နေ့စဥ်ဆိုသလို ရှိလာနေပါတယ်။

ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား တစ်ကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို စစ်အုပ်ချုပ်ရေး (မာရှယ်လော) ကြေညာလိုက်ပါတယ်။

စစ်ကောင်စီတပ်မတော်ရဲ့ လုံခြုံရေးတပ်ဖွဲ့
စာတန်းစစ်ကောင်စီတပ်မတော်ရဲ့ လုံခြုံရေးတပ်ဖွဲ့ပုံမူပိုင်CHRO

စစ်ကောင်စီဟာ ဒေါ်လာ ၂.၅ ဘီလီယံတန် တရုတ် ဓာတ်အားပေးစီမံကိန်းကို လုပ်ကိုင်ခွင့်ပြုလိုက်ပါတယ်။ NUG ကတော့ ဒီစီမံကိန်းဟာ NLD အစိုးရလက်ထက်ကတည်းက စိစစ်ဖို့ လုပ်ထားတာ ဖြစ်ပြီး စစ်ကောင်စီက အလျင်စလို အတည်ပြုလိုက်တာလို့ စွပ်စွဲပါတယ်။

ပုံမူပိုင်ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

ဆီးဂိမ်းမှာ မြန်မာက ကစားနည်း ၁၈ မျိုးသာ ဝင်ပြိုင်နိုင်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ အရင်တစ်ကြိမ် ပြိုင်ပွဲမှာတော့ ၃၁ မျိုးထိ ပြိုင်ခဲ့ပါတယ်။

ဖီလစ်ပိုင်ဆီးဂိမ်း ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာနဲ့ထိုင်းအသင်းယှဉ်ပြိုင်နေစဉ်
ဖီလစ်ပိုင်ဆီးဂိမ်း ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာနဲ့ထိုင်းအသင်းယှဉ်ပြိုင်နေစဉ်ပုံမူပိုင်AFP

စစ်အာဏာသိမ််းပြီးနောက်ပိုင်း တိုက်ပွဲတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဥ်တစ်စီးကို ပစ်ချခဲ့တယ်လို့ ပြောပါတယ်။

မေ ၂ ရက် နွေဦးတော်လှန်ရေးနေ့ ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး ၆ ဦးသေဆုံး။

သီပေါသပိတ် ပစ်ခတ်မှုမှာ ကျည်ထိမှန်ခဲ့သူတစ်ဦး
သီပေါသပိတ် ပစ်ခတ်မှုမှာ ကျည်ထိမှန်ခဲ့သူတစ်ဦးပုံမူပိုင်CJ

ထိုင်း-မြန်မာ နယ်စပ်မှာ တပ်မတော်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်။ ထိုင်းဘက်ပြေးရသူ ထောင်ချီရှိနေ။

မြန်မာ့အရေးအာဆီယံခေါင်းဆောင်တွေ အချက်ငါးချက် သဘောတူ

ပုံမူပိုင် BBC EAST ASIA VISUAL JOURNALISM

အီးယူ ဥရောပသမဂ္ဂဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ၁၀ ဦးနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ကို ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။ ဒီကုမ္ပဏီနှစ်ခုကို အမေရိကန်နဲ့ ယူကေတို့ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းကြောင်း ကြေညာလိုက်ပြီး ထိန်းသိမ်းခံထားရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို မူလတာဝန်တွေ ဆက်အပ်နှင်းပြီး ဦးဆောင်ဖွဲ့စည်းထားပါတယ်။

သင်္ကြန်မှာ နေရာအများစုမှာ ခြောက်ကပ်နေပြီး ဆန္ဒပြသူတွေကတော့ တော်လှန်သင်္ကြန်အဖြစ် နိုင်ငံတစ်ဝန်းမှာ ပုံစံမျိုးစုံနဲ့ ဆက်လက်ဆန္ဒထုတ်ဖော်ကြပါတယ်။

မြစ်ငယ်မီးရထားဝန်ထမ်းတွေရဲ့ညဘက်မီးထွန်းသပိတ်
မြစ်ငယ်မီးရထားဝန်ထမ်းတွေရဲ့ညဘက်မီးထွန်းသပိတ်ပုံမူပိုင်BBC

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဇမ္ဗူသီရိတရားရုံးမှာ အွန်လိုင်းဗီဒီယိုကတဆင့် ရုံးထုတ်ခဲ့ပြီး သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။ ဒါကြောင့် စုစုပေါင်း အမှု ၆ မှုနဲ့ တရားစွဲခံထားရပါတယ်။

ပုံမူပိုင် GETTY IMAGES

လားရှိုးအနီး နောင်မွန်ရဲကင်းတိုက်ခိုက်ခံရလို့ ၁၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့ပါတယ်။

အာဏာသိမ်း ဆန့်ကျင်ရေးလှုပ်ရှားမှု လုပ်ဆောင်နေသူတွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ အရေးယူနေတယ်လို့ စစ်ကောင်စီက ကြေညာတဲ့အထဲမှာ ဆန္ဒပြမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ နာမည်ကြီး သရုပ်ဆောင်၊မော်ဒယ်လ် ပိုင်တံခွန်လည်း ပါဝင်လာပါတယ်။

ပုံမူပိုင် AFP

လန်ဒန်က မြန်မာသံရုံးထဲကို သံမှူးကြီးနဲ့ စစ်သံမှူးတို့က ယူကေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကို ပေးမဝင်လို့ သံအမတ်ကြီးဟာ သူ့ကို ဝန်းရံသူတချို့နဲ့အတူ သံရုံးထဲဝင်ဖို့ ကြိုးစားရင်း သံရုံးအပြင်ဘက်က ကားထဲမှာ တစ်ညတာ ကုန်ဆုံးခဲ့ရပါတယ်။ ဦးကျော်စွာမင်းကို ဧပြီလ ၇ ရက်နေ့ကစပြီး ဝန်ထမ်းအဖြစ်က ထုတ်ပယ်လိုက်ပြီလို့ စစ်ကောင်စီက ကြေညာပါတယ်။

ပုံမူပိုင် BBC

စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူရင် ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်တယ်လို့ ရုရှားက သတိပေးလိုက်ပါတယ်။

ကလေးမြို့မှာ အင်အားသုံး ဖြိုခွင်းမှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်ခတ်လို့ သေဆုံးခဲ့ရသူတွေကို ရည်စူးဂုဏ်ပြုတဲ့ ပန်းသပိတ်ကို နိုင်ငံတစ်ဝန်း ပြုလုပ်ကြပါတယ်။ ဒါဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ ပြုလုပ်တာလည်း ဖြစ်တယ်လို့ သပိတ်မှာ ပါဝင်သူတွေက ပြောပါတယ်။

ပုံမူပိုင် GETTY IMAGES

ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ် မီးရထားဝန်းက ၁၃ နှစ်အရွယ် မောင်စိုင်းဝေယံဟာ စစ်ကောင်စီတပ်တွေရဲ့ သေနတ်တဲ့ပစ်သတ်တာ ခံရပါတယ်။

မောင်စိုင်းဝေယံရဲ့ ကျောင်းသားမှတ်ပုံတင်ကတ်ပြား
မောင်စိုင်းဝေယံရဲ့ ကျောင်းသားမှတ်ပုံတင်ကတ်ပြား

မတ်လ ၂၈ ရက်နေ့ ပစ်ခတ်မှုတွေကြောင့် မုံရွာ၊ ကလေး၊ မြင်းခြံ၊ ရန်ကုန်၊ ပုသိမ်၊ တောင်ကြီးတို့မှာ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို ကူနေတဲ့ သူနာပြုဆရာမတစ်ဦးလည်း ခေါင်း ကျည်ထိပြီး သေဆုံးခဲ့ပါတယ်။

မတ်လ ၂၇ ရက်နေ့မှာ ဆန္ဒပြသူ အနည်းဆုံး ၉၁ ယောက်ခန့် သေဆုံးခဲ့ပြီး ဒါဟာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အသေအပျောက် အများဆုံး ရက်တစ်ရက် ဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ရုံးက ပြောပါတယ်။

မတ် ၂၇ မှာ သေဆုံးသူတွေ များပြားခဲ့ပါတယ်။
မတ် ၂၇ မှာ သေဆုံးသူတွေ များပြားခဲ့ပါတယ်။ ပုံမူပိုင် NURPHOTO VIA GETTY IMAGES

အမေရိကန်ဟာ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ရဲ့ အမေရိကန်နိုင်ငံတွင်း ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားလိုက်ပါတယ်။ အမေရိကန်နိုင်ငံသားတွေအနေနဲ့လည်း ဒီကုမ္ပဏီတွေနဲ့ စီးပွားရေးမလုပ်ဖို့ တားမြစ်ပါတယ်။

ပုံမူပိုင် AFP VIA GETTY IMAGES

မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်မှာ အိမ်ထဲအထိ ဝင်ရောက်ပစ်ခတ်ခဲ့လို့ အသက် ၇ နှစ်အရွယ် မခင်မျိုးချစ်သေဆုံးခဲ့ပြီး အစ္စလာမ်ဘာသာ ထုံးစံအတိုင်း သင်္ဂြိုဟ် ခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းမီးလောင်ရာမှာ လူနေတဲပေါင်း တစ်သောင်းကျော် မီးထဲပါပြီး ၁၅ ဦးထက်မနည်းသေဆုံးတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ပုံမူပိုင် GETTY IMAGES

ပြည်တွင်းမီဒီယာတွေဖြစ်တဲ့ မဇ္ဈိမ၊ Myanmar Now, DVB, 7Day News နဲ့ Khit Thit Media တို့ရဲ့ လုပ်ငန်းတွေကို စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ပိတ်ပင်တားမြစ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဗီဒီယိုလင့်ကတစ်ဆင့် ဇဗ္ဗူသီရိတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပထမစွဲတဲ့အမှုက ဆက်သွယ်ရေးစကားပြောစက် တင်သွင်းမှု ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အမှုတွေတိုးပြီး စွဲချက်တင်ခဲ့ပါတယ်။

ပုံမူပိုင် REUTERS

အာဏာရှင်ဆန့်ကျင်ရေး ဒေသတွင်းလှုပ်ရှားမှုအဖြစ် Milk Tea Alliance ဆန္ဒထုတ်ဖော်ပွဲတွေကို မြန်မာနိုင်ငံမှာသာမက ထိုင်ပေ၊ ဘန်ကောက်၊ မဲလ်ဘုန်း နဲ့ ဟောင်ကောင်တို့မှာလည်း ပြုလုပ်ခဲ့ပါတယ်။

ပုံမူပိုင် AFP

ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက နယူးယောက်က အထွေထွေညီလာခံမိန့်ခွန်းမှာ မြန်မာပြည်က ဆန္ဒပြပြည်သူတွေဘက်က ရပ်တည်ကြောင်း ပြောကြားလိုက်ပြီး အာဏာရှင်ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားအစိုးရတစ်ရပ်နဲ့ ပထမဆုံးမျက်နှာချင်းဆိုင်တွေ့ဆုံမှုအဖြစ် စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဘန်ကောက်ကိုလာပြီး ထိုင်းအစိုးရအပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

ပုံမူပိုင် EPA

အာဏာသိမ်းမှုဖြစ်ပြီးနောက် အကြီးဆုံးဆန္ဒပြမှုအဖြစ် နှစ်ငါးလုံးလှုပ်ရှားမှုမှာ နိုင်ငံတစ်ဝန်းကပြည်သူတွေ လမ်းပေါ်ထွက်ဆန္ဒပြကြပါတယ်။

ပုံမူပိုင် AFP VIA GETTY IMAGES

နေပြည်တော်မှာ ဖေဖော်ဝါရီ ၉ ရက်က ဆန္ဒပြမှုအတွင်း ပစ်ခတ်ခံရတဲ့ အသက် ၁၉ အရွယ် မမြသွဲ့သွဲ့ခိုင် သေဆုံးခဲ့ပါတယ်။ ဆန္ဒပြမှုတွေ ပစ်ခတ်ဖြိုခွင်းခံရမှုအတွင်း ပထမဆုံးသေဆုံးသူ ဖြစ်ပါတယ်။

မီးရထားဝန်ထမ်းတွေ အမြောက်အမြားလည်း CDM လှုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။

ပုံမူပိုင် AFP VIA GETTY IMAGES

မိုဘိုင်းအင်တာနက်ကို ည ၁ နာရီကနေ မနက် ၉ နာရီထိ နေ့စဥ်ဖြတ်တောက်မှုကို စတင်လိုက်ပါတယ်။ အာဏာသိမ်းတဲ့နေ့ကလည်း နေပြည်တော်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ခေတ္တပြတ်တောက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ နောက်ပိုင်းမှာလည်း အင်တာနက်ကို အဆင့်ဆင့် ဖြတ်တောက်ခဲ့ပါတယ်။

CRPH ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နောက်ထပ် ၅ နှစ် ထပ်မံ တာဝန်ထမ်းဆောင်နိုင်စေဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြဋ္ဌာန်းလိုက်ကြောင်း ကြေညာပါတယ်။

ပုံမူပိုင် GETTY IMAGES

လူ ၅ ဦး ထက်ပိုမစုရ အမိန့် ထုတ်ထားပေမယ့်လည်း မြို့နယ် အနည်းဆုံး ၃၀၀ မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ပုံမူပိုင် AFP

ရန်ကုန် လှည်းတန်းစင်တာအနီး ဆန္ဒပြမှုတွေမှာ ထောင်နဲ့ချီတဲ့ လူတွေ ပါဝင်ကြပါတယ်။ အများစုက လူငယ်တွေ ဖြစ်ပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုမရှိတဲ့အကြောင်းနဲ့ ရွေးကောက်ပွဲသစ်ကျင်းပပေးမယ့်အကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းလိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေး အရေးပေါ်ဆွေးနွေးခဲ့ပေမယ့် စစ်အာဏာသိမ်းမှုကို ရှုတ်ချတဲ့ ကြေညာချက်ထုတ်ဖို့ထိတော့ သဘောမတူနိုင်ခဲ့ပါဘူး။

အာဏာဖီဆန်ပြီး အလုပ်မဆင်းတဲ့ CDM လှုပ်ရှားမှုမှာ ကျန်းမာရေးဝန်ထမ်း အများအပြား ပါဝင်လာပါတယ်။

ဖေဖော်ဝါရီ ၃ ရက်မှာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ရန်ကုန်ဆေးရုံတစ်ခု ကျန်းမာရေးဝန်ထမ်းတွေ
ဖေဖော်ဝါရီ ၃ ရက်မှာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ရန်ကုန်ဆေးရုံတစ်ခု ကျန်းမာရေးဝန်ထမ်းတွေပုံမူပိုင် GETTY IMAGES

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ၁၃ ဦးနဲ့ ဖွဲ့စည်းလိုက်ပြီး စစ်ဗိုလ်ချုပ် ၈ ဦးအပြင် အရပ်သားတချို့လည်းပါဝင်ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်မှာတော့ နောက်ထပ် အရပ်သား ၅ ဦးထပ်တိုးခဲ့ပါတယ်။

စစ်တပ်ကနေ အစိုးရဝန်ကြီးသစ်တွေကို ခန့်အပ်လိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ တခြား NLD အဖွဲ့ဝင်တွေ၊ အစိုးရခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီးလိုက်ပြီးနောက် တပ်မတော်က နိုင်ငံတော်အာဏာသိမ်းလိုက်ပါတယ်။ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာပါတယ်။ တပ်မတော် ဗိုလ်ချုပ်ကြီးဟောင်း ဒုသမ္မတ ဦးမြင့်ဆွေက ယာယီ သမ္မတအဖြစ် တာဝန်ယူပြီး တပ်မတော်ကို အာဏာလွှဲပေးလိုက်တာ ဖြစ်ပါတယ်။


ပုံမူပိုင်

MOD

360  Views
Previous: ကိုဗစ်မျိုးကွဲသစ် အိုမေခရွန်ဟာ ပိုပြီးကူးစက်မှုမြန်တဲ့အန္တရာယ်ရှိနေတယ်လို့ WHO ပြောလာ
Next: သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အဂတိမှုနဲ့ ထပ်ပြီး တရားစွဲခံရ