ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က (၂) နှစ်တာ ကျင်းပမည့် တကမ္ဘာလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ၏ဓမညီလာခံအတွက် “တွေ့ဆုံ၊ နားထောင်၊ ပိုင်းခြားသိမြင်ရန်” ဟု တိုက်တွန်းတော်မူ

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် နှစ်နှစ်ကြာကမ္ဘာလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများ၏ဓမညီလာခံလုပ်ငန်းစဉ်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့က တရားဝင်စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ပြီးဆုံးမည့် ကက်သလစ်ဆရာတော်ကြီးများ၏ဓမညီလာခံအပေါ် “အခြားသူများကိုမျက်လုံးအားကြည့်ပြီးသူတို့ပြောသောအရာကိုနားထောင်ပါ” ဟု ကက်သလစ်ဆရာတော်ကြီးများအား ဆော်သြတော်မူလိုက်သည်။

 

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က (၂) နှစ်တာ ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ၏ဓမညီလာခံတွင် ဆွေးနွေးအဖြေရှာကြမည့် အကြောင်းအရာ (၃) ခုမှာ၊ ကက်သလစ်ခရစ်ယာန်သာသနာတော်ထဲတွင် Communion တစ်လုံးတစ်ဝတည်းရှိခြင်း၊ Participation ပါဝင်လုပ်ဆောင်ခြင်းနှင့် Mission သာသနာပြုခြင်းဟူသော ခေါင်းစဉ် (၃) ခုကို ဆွေးနွေးတင်ပြကြရန်ဖြစ်သည်။

 

 

၎င်းအကြောင်းအရာ (၃) ခုကို နိုင်ငံတစ်ခုဆီတွင် ရှိနေကြသော ဆရာတော်ပိုင်သာသနာအသီးသီးမှ ဆရာတော်များ၊ သူတော်စင်များ၊ ရဟန်းတော်များနှင့်သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များက ဆွေးနွေးကြပြီး သဘောတူထားသောအချက်များကို သက်ဆိုင်ရာဆရာတော်က မိမိနိုင်ငံရှိကက်သလစ်ဆရာတော်ကြီးများရုံးချုပ်သို့ ပေးပို့ကြရမည်။ ထိုနောက် ၎င်းကက်သလစ်ဆရာတော်ကြီးများရုံးချုပ်က တစ်နိုင်ငံလုံးရှိ ကက်သလစ်သာသနာတစ်ခုဆီမှ ရောက်ရှိလာသော ဆွေးနွေးချက်ကများကို ဗာတီကန်နိုင်ငံသို့ ၂၀၂၃ ခုနှစ်တွင် ပေးပို့ကြရမည်ဖြစ်သည်။ ကမ္ဘာလုံးမှ ပေးပို့လာသော ဆွေးနွေးချက်များကို စုစည်းပြီး ရဟန်းမင်းကြီးက ကမ္ဘာလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ၏ဓမညီလာခံသို့ တင်သွင်းတော်မူမည်ဖြစ်ပြီး ၎င်းညီလာခံမှ အတည်ပြုထားသောအချက်များကို တကမ္ဘာလုံးဆိုင်ရာ ကက်သလစ်ခရစ်ယာန်ဘာသာဝင်အားလုံး၏ ကျင့်စဉ်အဖြစ် ရဟန်းမင်းကြီးက ပြဌာန်းပေးတော်မူမည် ဖြစ်သည်ဟု သိရှိရပါသည်။

 

၎င်းညီလာခံအတွက် ဆွေးနွေးရမည့် မေးခွန်းများနှင့်အကြောင်းအရာများကို ရဟန်းမင်းကြီးရုံးတော်ကနေ တကမ္ဘာလုံးရှိကက်သလစ်ဆရာတော်ကြီးများထံသို့ ပေးပို့ထားပြီး ဖြစ်ပါသည်။

 

ရေးသားတင်ဆက်သူ။။။။  ဆလိုင်းဂျိုးဇက်ကုန်ဇမှုန်း

414  Views
Previous: အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းနေကြောင်း NCA လက်မှတ်ထိုး ၁၀ ဖွဲ့ ပြော
Next: အာဏာသိမ်းတဲ့နေ့က ဖိအားပေးနုတ်ထွက်ခိုင်းခဲ့ကြောင်း သမ္မတဦးဝင်းမြင့် ပြော