လုဒ်မြို့တွင် ထင်ရှားပြတော်မူခဲ့သော မယ်တော် သခင်မ (မေရီ) က မသန်စွမ်းသော သီလရှင် ဘဲနဒေးတေ မိုရီအိုဟာ၏ရောဂါကိုပျောက်ကင်းစေ

ပြင်သစ်၊ ဖေဖော်ဝါရီလ ၁၂၊ ၂၀၁၈ CNA
မယ်တော်သခင်မ (မေရီ) က မသန်စွမ်းသော ကက်သလစ်ခရစ်ယာန် သီလရှင်ဘဲနဒေးတေမိုရီအိုဟာ သက်တော် (၇၉) နှစ်၏ရောဂါကိုပြင်သစ်နိုင်ငံရှိ လုဒ် မြို့တွင်ထင်ရှားပြတော်မူခဲ့သော မယ် တာ် ဂူ၌ ပျောက်ကင်းစေတော်မူခဲ့သည်။ သီလ ရှင်ဘဲနဒေးတေ မိုရီအိုဟာသည် ၁၉၈၀ ခုနှစ်မှ စတင်ပြီး မသန်စွမ်းဖြစ် လာကာ တွန်း လှည့်ဖြင့်သာ သွားလာလှုပ်ရှား နေထိုင်ခဲ့ရသူ ဖြစ်သည်။

သီလရှင် ဘဲနဒေးတေ မိုရီအိုဟာ သည် ၁၉၈၀ ခုနှစ်မှစတင်ပြီး ကျောရိုးနှင့် ဆိုင်သောရောဂါကို ခံစားပြီးခြေထောက် သည်လည်း မသန်စွမ်းဖြစ်လာကာ တွန်းလှည်း ကိုသာ အားပြုခဲ့ရ သူဖြစ်သည်။ သို့သော် သူမသည် ၂၀၀၈ ခုနှစ်တွင် သူမ မိတ်ဆွေ များ၏ အကူအညီဖြင့် ပြင်သစ် နိုင်ငံရှိ လုဒ်မြို့တွင်ထင် ရှားပြတော် မူခဲ့ သော မယ် တော်ဂူသို့ဘုရားဖူးသွားရောက် ခဲ့သည်။သူမ၏ဘုရားဖူးခရီးစဉ်နှင့် ပတ်သက်ပြီး သူမက ““ကျွန်မ ပြင်သစ်နိုင်က လုဒ်မြို့မှာ ထင်ရှားပြတော်မူခဲ့တဲ့ မယ်တော် ဂူကို ၂၀၀၈ ခုနှစ်တုန်းက သွားရောက်ပြီး မိခင်မေရီထံတော်မှာ ကျွန်မရဲ့ရောဂါကို ကုသပေးဖို့ ဆုတောင်းခြင်း မပြုခဲ့ပါဘူး။ ဒါပေမယ့် အဲဒီမယ် တော်ဂူမှာပဲ မကျန်းမာတဲ့သူ တွေအတွက် ကောင်းကြီးပေးခြင်း အခမ်းအနားကို ဆရာတော်နှင့် ရဟန်းများကပြုလုပ်တဲ့နေရာမှာ သွားပါဝင်ချိန်က နေစပြီး ကျွန်မရဲ့ခန်္ဓာကိုယ်ထဲမှာ တစ်ခုခု ပြောင်းလဲ သွားတာကိုတော့ စတင်ရိပ်မိ ခံစားလာခဲ့ပါတယ်”” ဟု ဖြေကြားသည်။

ဆက်လက်ပြီး သီလရှင်က ““ကျွန်မ အခန်းထဲမှာနေနေတဲ့အချိန်မှာ တစ်ရက် မှာတော့ အသံတစ်သံကိုကြားရပါတယ်။ အဲဒီအသံကတော့ ခင်ဗျားရဲ့ခါးသိုင်းကြိုး တွေကို ဖြုတ်ချွတ်လိုက်ပါ”” ဆိုတဲ့အ သံဖြစ်ပါတယ်။ အဲဒါနဲ့ကျွန်မ လည်း အဲဒီကြိုးတွေကို ဖြုတ်ချွတ် လိုက်ပြီး လမ်းလျှောက် ကြည့်တော့ လျှောက်လာနိုင်တယ်။ ဒီလိုနဲ့ တ ဖြည်းဖြည်းလမ်းလျှောက်ရင်း ကျွန်မရဲ့ ခန်္ဓာကိုယ်ကနေတွန်းလှည်းတွေ၊ ဘောင်းဘီ ပခုံးသိုင်းကြိုးတွေကိုအသုံးမပြုတော့ဘဲဖြည်းဖြည်းလျှောက်လာရာကနေ ကျွန်မရဲ့ခန်္ဓာကိုယ်ရှိ နာကျင်မှုဝေဒနာတွေလည်းလုံးဝပျောက်ကင်းသွားပါတယ်”” ဟု သက်သေထွက်ဆို လိုက်သည်။

ဤကဲ့သို့ မယ်တော်မေရီက သီလရှင်ဘဲနဒေးတေ မိုရီအိုဟာ၏ ရောဂါအား ပျောက်ကင်းစေ တော်မူခြင်းကို ပြင်သစ်နိုင်ငံ၊ ဘွေဗာ အစ်ကက်သလစ် သာသနာပိုင် ဆရာ တော်ကြီးဂျက်ဘီနွဲ့ဂိုနင်းက ဖေဖော်ဝါရီလ (၁၁) ရက်နေ့က တရားဝင်ကြေညာတော်မူလိုက်သည်။ ထိုကဲ့သို့ မယ်တော်မေရီက သီလရှင်ဘဲနဒေးတေ မိုရီအိုဟာ၏ရောဂါအား ပျောက်ကင်း စေတော်မူခြင်း တန်ခိုးတော်သည် ကက်သလစ်သာသနာတော်က တရားဝင် အတည်ပြုသော အကြိမ် (၇၀) မြောက်ပြည့်သော တန်ခိုးလည်း ဖြစ်ပေသည်။ မယ်တော်သခင်မ (မေရီ) က ကက်သလစ်သာသနာတော်က  တရားဝင်အတည်မပြုသေးသော  တန်ခိုးပေါင်း (၇၀၀၀) ခုနှစ်ထောင်ကျော်လည်း  ရှိနေသေးသည်။

ဘွေဗာအစ်ကက်သလစ် သာသနာပိုင်ဆရာတော်ကြီး ဂျက်ဘီနွဲ့ဂိုနင်းကမသန်စွမ်းသောသီလရှင်ဘဲနဒေးတေ မိုရီအိုဟာ၏ ရောဂါပျောက်ကင်းမှုကို နိုင်ငံတကာဆေး ကုသမှုဆိုင်ရာကော်မတီထံသို့  ၎င်းသီလရှင်၏ ယခင်ဆေးကု မှတ်တမ်းများနှင့်အတူ ပေးပို့ပြီး မည်ကဲ့သို့ ပျောက် ကင်းကြောင်းကို  လာရောက် စစ်ဆေးရန် တောင်းဆို တော်မူလိုက်သည်။ ၎င်းဆရာတော်ကြီး၏တောင်းဆိုမှုအပေါ် နိုင်ငံတကာဆေးကုသမှုဆိုင်ရာကော်မတီက သီလရှင်ဘဲနဒေးတေ မိုရီအိုဟာ၏ ရောဂါပျောက် ကင်းမှုကို စစ်ဆေးမှုပြုလုပ်ရာတွင်  သူမ၏ရောဂါသည် သဘာ၀ ထက်လွန်ကဲသော  လူသားတို့၏ နည်းပညာဖြင့် မဟုတ်သော နည်းဖြင့် ပျောက်ကင်းကြောင်း တရားဝင် ထုတ်ပြန်လိုက်သည်။

ထို့သို့ နိုင်ငံတကာဆေးကုသမှုဆိုင်ရာကော်မတီက သီလရှင်ဘဲနဒေးတေ မိုရီအိုဟာ၏ရောဂါ ပျောက်ကင်းမှုကို သဘာ၀ ထက် လွန်ကဲသော  လူသားတို့၏ နည်းပညာ ဖြင့် မဟုတ်သောနည်းဖြင့် ပျောက်ကင်းကြောင်း တရားဝင် ထုတ်ပြန်ပြီးနောက် ဘွေဗာအစ် ကက်သလစ်သာသနာပိုင် ဆရာတော်ကြီး ဂျက်ဘီနွဲ့ဂိုနင်းက သီလရှင်ဘဲန ဒေးတေ မိုရီအိုဟာ၏ ရောဂါပျောက်ကင်းမှုသည် မယ်တော်မေရီ (မယ်တော်သခင်မ) ၏  တန်ခိုးတော်ကြောင့် ပျောက် ကင်းခြင်းဖြစ်သည်ဟု  တရားဝင် ကြေညာလိုက် ခြင်းဖြစ်သည်။  ဤကြေညာချက်ကို ရဟန်းမင်းကြီးရုံးက  ဆက်လက်အတည်ပြုရန်လိုသေးသည်။

မယ်တော်သခင်မ (မေရီ) သည် ပြင်သစ်နိုင်ငံရှိ  လုဒ်မြို့၌ အမျိုးသမီးငယ်လေး ဘေနေဒစ်ဆိုသူအား ၁၈၅၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် စတင် ရူပါရုံ ထင်ရှားပြတော်မူခဲ့သည်။
ကုန်ဇမှုန်း

1232  Views
Previous: ကက်သလစ်ဆရာတော်ကြီးများ၏ လုပ်ငန်းတာဝန်နှင့်ဆိုင်သော အသက်ကန့်သတ်ချက်ဥပဒေကို ရဟန်းမင်းကြီးက ပြင်ဆင်လိုက်ပြီ
Next: ဖိလစ်ပိုင်နိုင်ငံ၌ ပြာခံပွဲနေ့တွင်ပြာအသုတ်ခံရသော ကက်သလစ်ခရစ်ယာန်ဘာသာဝင်တချို့၏ နဖူးတွင်ပူလောင်ခြင်း ခံရမှုဖြစ်ပွား