လူငယ်တို့……..ဘုရားတရား ရှိကြပါ

လူငယ်တို့၊ လူ့ဘဝမှာ ဘုရားတရား ဆိုတာလိုအပ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ လူရယ်လို့ ဖြစ်လာရင် ကိုယ်ခန်္ဓာကြီးထွား ကျန်းမာသန်စွမ်းဖို့အတွက် အစာရေစာများကို မှီဝဲရပါတယ်။ ဒီလိုပဲ ကျွန်တော်တို့အားလုံးဟာ လူရယ်လို့ ဖြစ်လာရင် ပညာဆည်းပူးကြရပါတယ်။ ဒီအချက်တွေအပြင် ကျွန်တော်တို့ အားလုံးဟာ လူရယ်လို့ ဖြစ်လာရင် လူမှုအပေါင်းအသင်းဆိုတဲ့ မိတ်ဆွေသူငယ်ချင်းတွေ လိုအပ်ပါတယ်။
ဒီလို လိုအပ်ချက်တွေထဲမှာမှ အလိုအပ်ဆုံးအရာကတော့ ကျွန်တော်တို့အားလုံးဟာ လူရယ်လို့ ဖြစ်လာရင် ဘုရားတရားရှိခြင်း ဖြစ်ပါတယ်။ ဘုရားတရား ရှိခြင်းဟာ တနည်းအားဖြင့် ပြောရရင် မိမိဘဝကို ကုသိုလ်ပါရမီ တွေနှင့် အလှဆင်ခြင်း ဖြစ်တယ်။ ဘုရားတရား ရှိခြင်းဟာ မိမိဘဝကို တစ်ပါးသူများအတွက် ပေးဆပ်ခြင်း၊ တစ်ပါးသူများအပေါ် အကောင်းပြုခြင်း ဖြစ်ပါတယ်။

တစ်ရက်တော့၊ ကျွန်ုပ်မိတ်ဆွေက ““ငါဘုရားကျောင်း မသွားချင်ဘူး။ အိမ်မှာနေရင်းနဲ့ ဘုရားရှိခိုးလို့ ရတာပဲ။ ငါ ဘာမှ မကောင်းတာတွေ မလုပ်ဘူး။ ဒါကြောင့် ဘုရားကျောင်းကို ငါမသွားချင်ဘူး၊ သွားဖို့လည်း မလိုဘူး”” ဆိုပြီးတော့ ကျွန်တော့်ကို ပြောဖူးပါတယ်။ သူ့ရဲ့ပြောဆိုချက်ကိုကြည့်ရင် သူ့အတွေးအခေါ်ဟာ မှားပါတယ်။
တကယ်တော့၊ သူက လက်ရှိအခြေအနေမှာ ကောင်းမှုတွေလုပ်နိုင်တာ၊ သူများအပေါ်မှာ ကုသိုလ်လုပ် ငန်းတွေ လုပ်နိုင်တာဟာ သူ့အစွမ်းကြောင့် မဟုတ်ဘဲ ဒီလိုမျိုးကုသိုလ်လုပ်ငန်းတွေကို လုပ်နိုင်ဖို့အတွက် လိုအပ် တဲ့ခွန်အားတွေဟာ ဘုရားသခင်ဆီကနေ သူဟာ ရရှိလာခြင်း ဖြစ်တယ်ဆိုတာကို သူက မသိရှိခြင်းပဲ ဖြစ်ပါတယ်။
ကျန်းမာတဲ့လူနာတွေကို အထိရောက်ဆုံးကုသနိုင်ဖို့ ဆေးရုံဆိုတာ လိုတယ်။ လူတွေ ပညာသင်ကြားနိုင် ဖို့ စာသင်ကျောင်းဆိုတာ လိုတယ်။ လူတွေ လုံခြုံစွာ နေထိုင်နိုင်ဖို့ အိမ်ဆိုတာ လိုတယ်။ ဒီလိုပဲ လူတွေက မိမိနှင့်လူအများအကျိုးကို လုပ်ဆောင်နိုင်ရန်အတွက် ဘုရားကျောင်းဆိုတာ လိုအပ်ပါတယ်။
ဘုရားကျောင်းအစ ဒါဝိတ်မင်းကြီးဟု အဆိုရှိပါတယ်။ ဒါဝိတ်မင်းကြီးက ဘုရားကျောင်းကို ပထမဆုံး စတင်တည်ဆောက်ခဲ့ပါတယ်လို့ ဓမ်္မဟောင်းကျမ်းစာထဲမှာ ဖတ်ရှုရပါတယ်။ ဓမ်္မသစ်ကျမ်းစာထဲမှာဆိုရင်လည်း ခရစ်တော်ယေဇူးက ဘုရားကျောင်းထဲတွင် ဈေးရောင်းနေကြသူများအား ““ငါ၏ဗိမာန်တေ် (ဘုရားကျောင်း) သည် ဆုတောင်းမေတ်္တာပြုသောနေရာအဖြစ် ခေါ်ဝေါ်ကြလိမ့်မည် (လုကား ၁၉း၄၆)”” ဟု မိန့်ဆိုထားပါတယ်။
ယေဇူးဘုရားရှင်၏ တရားတော်ကို အခြေခံလျက် လူငယ်တို့အား အကြံပြုလိုသည်မှာ၊ လူငယ်တို့အနေနဲ့၊ အမြဲတမ်း ကောင်းတဲ့အတွေးတွေကို အမြဲတွေးနိုင်ဖို့၊ ကောင်းတဲ့အလုပ်တွေ အမြဲလုပ်နိုင်ဖို့၊ ဘုရားကျောင်းသို့ အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် သွားရောက်ကာ မစားတရားနာယူဘုရားရှိခိုးခြင်း၊ မိမိတစ်ယောက်တည်းဖြင့် ဘုရားရှင်နှင့် စကားပြောဆုတောင်းခြင်းတို့ကို ပြုလုပ်ကြရန် အကြံပြုလိုပါသည်။
ရေကို ကျိုးပဲ့ပေါက်ပြဲနေသော ရေပုံးဖြင့် ရေတွင်းကနေ ခပ်သောအခါ၊ ရေမပါလာသော်လည်း ရေပုံး သည် ရေနှင့်ထိတွေ့ခြင်းကြောင့် ရေစိုနေသည်ကို တွေ့ရမည် ဖြစ်ပါတယ်။ ဒီလိုပဲ စိတ်ပါမပါအရေးမကြီး၊ အရေးကြီးသည်ကား သင်က ဘုရားနှင့်ထိတွေ့နေရလျှင် ဘုရားရဲ့ကောင်းမြတ်ခြင်းရနံ့တွေက သင့်ဘဝမှာ ကပ်နေ မှာ ဖြစ်ပြီး မကောင်းမှုကို ရှောင်နိုင်သောခွန်အား၊ ကောင်းမှုကို ဆောင်ရွက်နိုင်သောခွန်အားများကို အမြဲရရှိ နေမည်ဖြစ်ကြောင်းကို ကျွန်ုပ်ဘဝ၏အတွေ့အကြုံဖြင့် ဝေမျှအားပေးအကြံပြုလိုက်ပါတယ်။ အယ်ဒီတာချုပ်

1004  Views
Previous: မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများ စုပေါင်းကျင်းပသည့် “ခရစ်တော်မွေးနေ့(ခရစ်္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်နှင့် မိတ်သဟာယ ညစာစားပွဲ” အခမ်းအနားကျင်းပ
Next: The Catholic Bishops’ Conference of Myanmar, offer recommendations to our Catholic Faithful On CORONAVIRUS Outbreak