အင်္ဂလီကန်ဆရာတော်တစ်ပါးက ကက်သလစ်သာသနာသို့ကူးပြောင်းလာမည်

‘သူသည်ကက်သလစ်သာသနာတော်ကြီးနှင့်အပြည့်အဝပေါင်းစပ်တော့မည်’ဖြစ်ကြောင်း ပြီးခဲ့ သည့်သော ကြာနေ့ကအင်္ဂလီကန်အသင်းတော်တစ်ခုမှဆရာတော်တစ်ပါးက ပြောကြားခဲ့သည်။ သူ၏ အမည်ကား Rt. Rev. Jonathan Goodall ဖြစ်သည်။ သူသည် Ebbsfleet ၏ဆရာတော်တစ်ပါး ဖြစ်သည်။

ယခုကဲ့သို့ဆုံးဖြတ်ရန်အတွက် သူ့ အနေဖြင့် အချိန်ကြာမြင့်စွာဆုတောင်း၍စဉ်းစားခဲ့ရကြောင်း၊ ယခုဆုံး ဖြတ်ချက်ချရမည့်အချိန်သို့ရောက်လာခဲ့ ကြောင်း၊ ယခုကဲ့သို့ ကက်သလစ်သာသနာတော် ကြီး နှင့် တစ် လုံးတစ်ဝတည်းပေါင်းစည်းရန်အတွက်မှာမူ သူ့ဘဝအတွက်လည်းစိန်ခေါ်မူကြီးဖြစ်ခဲ့ကြောင်း၊ အင်္ဂလီကန် အသင်းတော်သားတစ်ဦးအဖြင့်အကောင်းဆုံးကျင့်ကြံရှင်သန်အားထုတ်ခဲ့ခြင်းသည်သူ့အား ကက်သလစ်ခရစ်ယာန်တစ်ဦးဖြစ်လာရန်အတွက် ဆယ်စုနှစ်ပေါင်းများစွာ ပုံသွင်းပုံလောင်းခဲ့၊ ဖွံ့ဖြိုး စေခဲ့ကြောင်း၊ ခရစ်ယာန်အသက်တာနှင့်ယုံကြည်ခြင်းကျေးဇူးကို အင်္ဂလီကန်အသင်းတော် ၌ဦးစွာခံ ယူရရှိခဲ့ပြီး၊ သူ၏ဘဝသက်တမ်းတစ်ဝက်ကျော်၌ ရဟန်းတော်အဖြစ်လည်းကောင်း၊ ဆရာတော်အဖြစ် လည်းကောင်းဆက်ကပ်အသက်ရှင်သန်ရာမှရရှိခဲ့ကြောင်း၊ဤကျေးဇူးတော်ကို တန်ဖိုးထား နေမည်ဖြစ်သကဲ့သို့ ကျေးဇူးလည်းတင်ပါ ကြောင်း၊ ယခုကဲ့သို့ဆုံးဖြတ်ရခြင်းမှာ လက်ရှိ၌ဘုရား သခင်၏ ဖိတ်ခေါ် တော်မူခြင်းကို ‘အသင့်ရှိပါသည်သခင်’ ဟုထူး ခြင်းဖြစ်သည် ကိုလည်းယုံကြည် စေလိုကြောင်း၊ အင်္ဂလီကန်အသင်းတော်၌ သိရှိခဲ့ရသော အမှန်တရားကို ‘ငြင်းဆန်’ ခြင်း မဟုတ်ကြောင်း၊ ကျေးဇူး ကြွေးပင်တင်ရှိပါကြောင်း၊ သူသည် သက်တော် (၆၀) ရှိပြီဖြစ်ပြီး၊ Ebbsfleet ၏ဆရာတော် အဖြစ် (၂၀၁၃) စ၍အမှုတော်ထမ်းဆောင်ခဲ့သည်။ သူသည်အမျိုးသမီး များ အားရဟန်းသိက္ခာ၊ ဆရာတော် သိက္ခာ တင်ပေးသည်ကိုလက်မခံသောအင်္ဂလီကန်အသင်းတော်အဖွဲ့ အစည်းများကိုအားပေးကူညီပေး နေခဲ့သူဖြစ်သည်။ ကန်တာဘူရီ၏ ဂိုဏ်းချုပ်ဆရာတော် Rowan Williams ၏ဝိညာဉ်ရေးလမ်းညွှန်နှင့် အတွင်းရေးမှူးအဖြစ် (၂၀၀၅) မှ (၂၀၁၂)အထိထမ်းဆောင် ခဲ့သည်။

သူသည် အနောက်ဝက်မင်စတာ ရသေ့ကျောင်းကိုအတော်သံယောဇဉ်ရှိသည်။ ထိုရသေကျောင်းသည် လန်ဒန်၏သစ္စာအရှိဆုံးကျောင်းတော်ဖြစ်သည်။ သူသည်ထိုကျောင်း၌ လက်ထောက် ကျောင်းအုပ်၊ ဝိညာဉ်ရေးတာဝန်ခံ နှင့်ဘုရားကျောင်းတာဝန်ခံအဖြစ် (၁၉၉၂) မှ (၁၉၉၈) အထိထမ်း ဆောင်ခဲ့သည်။ (၂၀၀၄) ၌သူသည်ရသေ့ကျောင်း၏ တာဝန်ခံရဟန်းဖြစ်လာခဲ့သည်။ လက်ရှိကန်တာဘူရီ ဂိုဏ်းချုပ်ဆရာတော်လည်းသူ၏ဆုံးဖြတ်ချက်ကိုစိတ်မကောင်း စွာ‌လက်ခံသဘောတူကြောင်း ပြောကြားခဲ့သည်။

ဆရာတော်ဂျိုနာသန်အားနှစ်နှစ်ကာကာကျေးဇူးတင်ကြောင်း၊ အဘယ် ကြောင့်ဆိုသော် သူ၏ သစ္စာရှိရှိဖြင့် နှစ်ပေါင်းများစွာအမှုထမ်းခဲ့သည်။ သူ့အတွက်လည်းဆုတောင်းပေးမည်။ အနာ ဂါတ်၌ အမှုတော်ဆောင်ရာ၌လည်း ယခုကဲ့သို့ စိတ်အားထက်သန်စွာထမ်းဆောင်နိုင်ပါစေ။ ယေဇူး သခင်ကို အစေခံရန် ၎င်းတို့၏ခိုင်မာပြတ်သားသော လျှောက်လှမ်း၌အဆုံးတိုင်တည်ကြည် နိုင်ကြ ပါစေဟု ဆုတောင်းပေးကြောင်း တစ်ကမ္ဘာလုံးနှင့်ဆိုင်သော အင်္ဂလီကန် အသင်းတော်၏ ခေါင်းဆောင် Justin Welby ကပြောကြားခဲ့သည်။ အင်္ဂလီကန်သည် ကက်သလစ်နှင့်ဩသိုဒေါ့ပြီး လျှင် ကမ္ဘာပေါ် ၌တတိ ယအများဆုံးခရစ်ယာန်အသင်းတော်ဖြစ်သည်။

ဆရာတော်ဂျိုနာသန်သည် Ebbsfleet မှကက်သလစ်သာသနာသို့ကူးပြောင်းခဲ့သော ဒုတိယ ဆရာတော်ဖြစ် သည်။အဘယ်ကြောင့်ဆိုသော် (၂၀၁၀) ခုနှစ်ကလည်း Rt. Rev. Andrew Burnham သည်ဆရာတော်အဖြစ်အမူ တော် (၁၀) နှစ်ထမ်းဆောင်ခဲ့ပြီး၊ ကက်သလစ်သာသနာတော်သို့ဝင်ရောက် လာခဲ့သည်။ (၂၀၁၁) ခုနှစ်၌ ကက်သလစ် ရဟန်းတစ်ပါးအဖြစ်သိက္ခာပြန်ထပ်ခြင်းကိုခံယူခဲ့သည်။

 

ထို့နောက် သူ့အတွက်သီးသန့်ဖွင့်လှစ်လိုက်သော Walsingham ၏မယ်တော် သာသနာနယ်သစ်၌ အမှုတော် ထမ်းဆောင်စေခဲ့သည်။ ယခုအခါသူသည် အင်္ဂလန်တောင် အလယ်ပိုင်းဒေသ Oxfordshire မှ Hendred ကက်သလစ်သာသနာအုပ်စု၏ကျောင်းထိုင်အဖြစ်အမှုတော်ထမ်းနေ သည်။ သူနှင့်အတူ အင်္ဂလန်ဆရာတော်နှစ်ပါးဖြစ်သော Richborough မှဆရာတော် Rt. Rev. Keith Newton နှင့် Fulham မှဆရာတော် Rt. Rev. John Broadhurst တို့ကိုလည်းကက်သလစ်သာသနာ တော်ကြီး ကလက်ခံခဲ့သည်။ (၂၀၁၉) ခုနှစ်၌လည်း ယခင်ဘုရင်မ၏ဝိညာဉ်ရေးလမ်းညွှန်ဖြစ်ခဲ့သော Gavin Ashenden သည်လည်းကောင်း၊လန်ဒန်၏ဆရာတော်အဖြစ် (၁၉၈၁ မှ ၁၉၉၁) အထိအမူထမ်းခဲ့သော ဆရာတော်သည် Rt. Rev. Graham Leonard လည်း‌ကောင်း (၁၉၉၃) ခုနှစ်တွင်ကက်သလစ် သာသနာတော်ကြီးသို့ပြောင်းလဲဝင်ရောက်လာခဲ့သည်။

 

ယခင်အင်္ဂလီကန်အသင်းတော်၏သံဃာတော်များဖြစ်ခဲ့သော (၁၉) ရာစုမှ St. John Henry Newman နှင့်ကာဒီနယ် Henry Edward Manning တို့သည်လည်းကက်သလစ်သာသနာ သို့ကူး ပြောင်း လာအပြီး၊ အလွန်တက် ကြွစွာသာသ အတွင်းအမှုတော်ထမ်းခဲ့ကြသည်။ ဆရာတော်ဂျိုနာသန် သည် လက်ရှိအင်္ဂလီကန်အသင်းတော်၌သူ၏အမှု တော်ကို စက်တင်ဘာလ (၈) ရက်နေ့၌ တရားဝင်ရပ်နားတော့မည်ဖြစ်ပြီး၊ ကက်သလစ်အဖြစ်ပြောင်းလဲခံယူအပြီး၌ သာသနာအတွင်းအမှုထမ်းခြင်းကိစ္စကို မူ ပြတ်သားစွာထုတ်ဖော်ပြောဆိုလာခြင်းမရှိသေးပေ။

 

သူသည် မကြာမီစွန့်ခွာ တော့မည့် သူ၏သာသနာအတွင်းမှဘာသာတူများအား\၎င်းတို့၏ရက်ရော သောအကူအညီများအားလုံးအတွက်ကျေး ဇူးတင်ကြောင်း၊၎င်းတို့သည် (၂၀၁၃) ဆရာတော် ဖြစ်လာ သည့်အချိန်မှစ၍ယနေ့အထိအမူတော်ထမ်းဆောင်နိုင်စေ ရန်အင်အားနှင့်ပျော်ရွှင် မူများ ဖြစ်ခဲ့ကြောင်း၊ ထိုအခြေအနေသည်ထူးခြားခဲ့ကြောင်း၊ ဘုရားသခင်သူ့အားခေါ်တော်မူ သည့်အတိုင်း အနာဂါတ်၌ ဘုရား သခင်ကိုအစေခံမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဘာသာပြန် – ဖာသာရ်ကလေးမင့်အားတယ်

373  Views
Previous: ပြည်တွင်းလာဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ စစ်တပ်နဲ့ညှိနှိုင်းနေရဆဲလို့ အာဆီယံကိုယ်စားလှယ်ပြော
Next: အမေရိကန်စစ်ဦးစီးချုပ်များဥက္ကဌက တရုတ်စစ်ဦးစီးချုပ်ကို အကြိမ်ကြိမ် ဖုန်းခေါ်ဆိုပြီး စစ်မတိုက်မယ့်အကြောင်း ပြောဆို