အရင်ကလူမှုဘဝအခြေအနေကို ပြန်လည် ရောက်ရှိနိုင်ရေးအတွက်၊ ကိုဗစ်ကာကွယ်သောက်ဆေးနှင့်ကိုဗစ်ကုသသောက်ဆေးများ

 

ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ရန်အတွက် ထိုးဆေးများကို သုတေသနလုပ်ပြီး ထုတ်လုပ်နေသည်မှာ (၁) နှစ်ကျော်လာပြီဖြစ်သည်။ သို့သော် ၎င်းကာကွယ်ဆေးများသည် ၁၀၀% အာနိသင်ရှိသည်ဟု မည်သည့်ဆေးဝါးထုတ်လုပ်ကုမဏ္ဍီကမျှ မကြေညာနိုင်သေးပေ။

 

 

ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားပြီးနောက် လူပေါင်း သိန်း (၁၀၀) ကျော်သေဆုံးခဲ့ကြပြီး၊ လူမှုစီးပွားရေးလည်း ကမောက်ကမ ဖြစ်နေချိန်တွင်၊ ဆေးဝါးပညာရှင်များ၏နောက်ထပ်ကြိုးပမ်းလုပ်ဆောင်ချက်တစ်ခုမှာ ကိုဗစ်ကာကွယ်သောက်ဆေးနှင့်ကိုဗစ်ကုသသောက်ဆေးများကို မြန်မြန်ဆန်ဆန် ထုတ်လုပ်နိုင်ရေးပင် ဖြစ်သည်။

 

ယခုအခါတွင်မူ၊ အမေရိကန်သတင်းဌာနဖြစ်သော စီအဲန်အဲန်သတင်းဌာနက အမေရိကန်နိုင်ငံတွင် ကိုဗစ်ကာကွယ်သောက်ဆေးနှင့်ကိုဗစ်ကုသသောက်ဆေးများကို မြန်မြန်ထုတ်လုပ်နိုင်ရန်နှင့် အရင်ကလူမှုဘဝအခြေအနေကို ပြန်လည် ရောက်ရှိနိုင်ရေးအတွက်၊ ဆေးဝါးပညာရှင်များက ကြိုးစားထုတ်လုပ်နေသည်မှာ အဆင့် (၃) အထိ ရောက်ရှိလာပြီဖြစ်ကြောင်း တင်ဆက်ထားပါသည်။ အဆင့် (၃) ဆိုသည်မှာ ထုတ်လုပ်ထားသောသောက်ဆေး (ဆေးလုံးများ) ကို လူပေါင်း တစ်သောင်းကျော်အား တိုက်ကျွေးပြီး စောင့်ကြည့်လေ့လာနေသည့်အဆင့်ကို ဆိုလိုခြင်း ဖြစ်သည်။ ၎င်း အဆင့် (၃) ကို အောင်မြင်ပြီဟု အမေရိကန်ဆေးဝါးထိန်းချုပ်ရေးဌာနက အတည်ပြုလိုက်လျှင်မူ၊ နောက်ဆုံးအဆင့်ဖြစ်သော ၎င်းဆေးလုံးများကို တရားဝင်ရောင်းချသောက်သုံးခွင့်ကို လိုင်စင်ချပေးတော့မည်ဖြစ်ကြောင်း တင်ဆက်ပေးလိုက်ပါသည်။

 

Source: CNN

A Daily Pill to Treat Covid Could Be Just Months Away, Scientists Say | California Healthline

မူရင်းဘာသာဖြစ်သော အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုသူမှာ ဂျိုးဇက်ကုန်ဇမှုန်း (ခ) ဝင်းလှိုင်ဦး ဖြစ်ပါသည်။

564  Views
Previous: ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ဒုရဲအုပ်ချယ်ရီထက်အား ပုဒ်မ ၅၀၅- က ဖြင့် ဖမ်းဆီး
Next: ကျပ်ငွေ တန်ဖိုး ဆက်တိုက်ကျပြီး စက်သုံးဆီဈေးနှုန်း နှစ်ဆကျော် မြင့်လာ