အမေရိကန်သံအမတ်နှင့် သံတမန်အဖွဲ့ ရခိုင်ဒုက္ခသည်များနှင့်တွေ့ဆုံ

49-b

စစ်တွေ၊ ဇူလိုင် ၂၈ ရက်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ် (Derek Mitchell)နှင့် သံတမန်အဖွဲ့တို့သည်  ဇူလိုင်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်စစ်တွေမြို့သို့ ရောက်ရှိလာပြီး ရခိုင်ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ သည်။ သံတမန်အဖွဲ့သည် မြန်မာအစိုးရဝန်ကြီးများနှင့်အတူ စစ်တွေမြို့ စက်ရုံစု(၃) ရှိ ရခိုင်ဒုက္ခသည်များနှင့် တွေ့ဆုံ ခဲ့ပြီး စခန်းအတွင်းစားဝတ်နေရေး ကျန်းမာရေးကိစ္စရပ်များကို မေးမြန်းခဲ့ သည်။

“ ဝန်ကြီးတွေ သံအမတ်တွေလာတယ်။ သူတို့က ဘာအခက်အခဲရှိလဲလို့မေးတယ်။ဒုက္ခသည်တွေက လည်း တင်ပြကြတာပေါ့။ နေမကောင်းလို့ ဆေးခန်းပြရင်လဲ ဆေးပေးတာက ပါရာစီ တာမောလ်။ ဆေးရုံကြီး သွားပြ ရင်လည်း ပါရာစီတာမောလ်ဆေးပဲပေးတယ်လို့ တင်ပြကြတယ်။ ဝန်ကြီးတွေကတော့ အတတ်နိုင်ဆုံး လုပ် ပေးမယ်လို့ပြောတာပဲ”ဟု စက်ရုံစုအကွက်(၃)မှ ဒုက္ခသည် တစ်ဦးက ပြောသည်။

အဆိုပါ စခန်းမှဒုက္ခသည်များသည် ယနေ့ထိ လိုင်းခန်းမရရှိသည့် ဒုက္ခသည်များဖြစ်ပြီး ယာယီ အဆောက် အဦး များဖြင့် နေထိုင်နေရခြင်းဖြစ်သည်။ အဆိုပါအဖွဲ့သည် စစ်တွေမြို့ သက္ကေပြင်ကျေးရွာ ဘင်္ဂလီဒုက္ခသည်စခန်းမှ ဒုက္ခသည်များနှင့် သဲချောင်းကျေးရွာ ရှိ ရခိုင်ဒေသခံများကို တွေ့ဆုံခဲ့သည်။

ယင်းအပြင် သံအမတ်အဖွဲ့သည် စစ်တွေမြို့နယ် ဝါဘိုရခိုင်ကျေးရွာသို့ရောက်ရှိပြီး ၎င်းကျေးရွာတွင် ရက္ကန်းလုပ်ငန်းများကိုလည်း လေ့လာခဲ့သည်။ “ အထည်တွေကြည့်တယ်။ သဘောကျရင် ဝယ်သွားတယ်။ ကျမတို့ကျေးရွာက ရခိုင်ပုဆိုးတွေကြည့်ပြီး ဝယ်သွားတယ်”ဟု ဝါဘိုကျေးရွာသားတစ်ဦးကပြောသည်။ ယင်းအပြင် သံအမတ်အဖွဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ရခိုင်လူမှုကွန်ယက်၊ မြို့မိမြိုဖတို့နှင့်လည်းပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ် (Derek Mitchell )နှင့် သံတမန်အဖွဲ့တို့သည်  ဇူလိုင်လ ၂၇ နှင့် ၂၈ ရက်နေ့များတွင် ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး လက်ရှိအခြေအနေများ ကို လေ့လာကြမည်ဟု အမေရိကန်သံရုံး(ရန်ကုန်)၏ လူမှုကွန်ယက်စာမျက်နှာတွင် သတင်းထုတ်ပြန်ထား သည်ကို တွေ့ရသည်။ မိုးဝေ

1743  Views
Previous: ပြည်တွင်းခရီးသွားများကြောင့် ကျောက်မဲ နဂါးမောက်သီးများ ဈေးကောင်းရနေ
Next: နိုင်ငံသားဖြစ်ခြင်းနှင့်မြန်မာနိုင်ငံတော်