ရုရှားအစိုးရ၏ ဆီရီးယားနိုင်ငံပြည်တွင်းစစ်ထဲတွင် ဝင်ရောက်မှုကို ဆီးရီးယားကက်သလစ်ဆရာတော်ကြီးက ကြိုဆိုထောက်ခံ

Archbishop-Jeanbart-325468

အောက်တိုဘာ ၇၊၂၀၁၅၊ ဆီးရီးယား

ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့၏ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျင်ကလဲမင်းက ရုရှားသမ်္မတပူတင်၏ ဆီးရီးယားပြည်တွင်း စစ်ပွဲတွင် ဝင်ရောက်ပါဝင်ခြင်းသည် ဆီးရီးယားနိုင်ငံထဲတွင်ရှိနေကြသော နှိပ်စက်ခံခရစ်ယာန်များအား မျှော်လင့်ခြင်းကိုပေးနေသည်ဟု ချီးကျူး တော်မူလိုက်သည်။

မဲလ်ဂိုက်ဂရိကက်သလစ် ဆရာတော်ကြီး ဂျင်ကလဲမင်းက သမ်္မတပူတင်၏ ဆီးရီးယားသူပုန်များကို ဝင်ရောက်တိုက်ခိုက်ခြင်းသည် ရုရှား ၏ နိုင်ငံရေးစိတ်ဝင်စားမှုအတွက် တိုက်ခိုက်ရင်း ခရစ်ယာန်များကိုပါ သူပုန်များ၏ သတ်ဖြတ်ခြင်းမှ ကာကွယ်ပေးနေသည်ဟု မီးမောင်းထိုးပြတော်မူလိုက်သည်။

ဆရာတော်ကြီးက ရုရှားသမ်္မတ ပူတင်၏ ဆီးရီးယားသူပုန်များကို တိုက်ခိုက်နေ ခြင်းသည် ခရစ်ယာန်များအကြားတွင် ယုံကြည်စိတ်ချမှုကို ပြန်လည်နိုးကြားလာစေသည့်အပြင် ပြဿနာများကိုပါ ဖြေရှင်းပေးနေသည် ဟုပြောဆိုလိုက်သည်။ ရုရှားစစ်တပ်သည် စက်တင်ဘာလမှစတင်ပြီး ဆီးရီးယားအစိုးရဘက်မှဝင်ရောက်ပြီး ဆီးရီးယားနိုင်ငံရှိ အကြမ်းဖက်သမားများကို လေကြောင်းမှ ကူညီတိုက်ခိုက်ပေးနေခြင်း   ဖြစ်သည်။

ဆီးရီးယားသမ္မတ အာဆတ်သည် ၂၀၁၁ ခုနှစ်မှ စတင်ပြီး မိမိ၏အတိုက်အခံ သူပုန်များ နှင့်စစ်ပွဲဖြစ်ရာတွင် ပြည်သူပေါင်း (၂) သိန်းကျော်ကို သေဆုံးပြီဖြစ်ကြောင်းဖြင့် ကုလသမဂ္ဂက ကြေညာခဲ့သည်။         ကုန်ဇမှုန်း

1367  Views
Previous: မြန်မာပြည်သူပြည်သားအပေါင်းတို့ အကြောက်တရားကင်းစွာ ရဲရင့်စွာ မဲထည့်ကြပါစို့
Next: ရဟန်းမင်းအမတ်ဆရာတော်ကြီး ချားလ်စ်ဘိုက အိမ်ထောင်ကွဲသူများအား ကိုယ်တော်မြတ်ပင့်ယူခြင်းကို ခွင့်ပြုသင့်သည်ဟု အကြံပြုတော်မူ