ရဟန်းမင်းအမတ်ဆရာတော်ကြီး ချားလ်စ်ဘိုက အိမ်ထောင်ကွဲသူများအား ကိုယ်တော်မြတ်ပင့်ယူခြင်းကို ခွင့်ပြုသင့်သည်ဟု အကြံပြုတော်မူ

cardinal-charles-bo-2

အောက်တိုဘာ ၄၊ ၂၀၁၅၊ ရန်ကုန်

ရဟန်းမင်းအမတ် ဆရာတော်ကြီး ချားလ်စ်ဘိုက အိမ်ထောင်ကွဲသူများအား ဖြေလွှတ်ပေးခြင်းနှင့် ပြန်လည်အိမ်ထောင်ပြုသူများအား     ကိုယ်တော်မြတ်ပင့်ယူခြင်းကို ခွင့်ပြုသင့်ကြောင်းကို ဓမ်္မညီလာခံတွင်အကြံပြု သွားမည်ဟု အောက်တိုဘာလ (၄) ရက်နေ့ က ယူကန်   သတင်းဌာနသို့ မိန့်ကြားတော်မူလိုက်သည်။

ဆရာတော်ကြီး ချားလ်စ်ဘိုသည် အောက်တိုဘာလ (၄) ရက်မှ (၂၅) ရက်နေ့အထိ ရောမမြို့တွင်ကျင်းပနေသော “ ယနေ့ခေတ်ကာလ  နှင့် ကက်သလစ် သာသနာတော်ထဲတွင် မိသားစု၏ခေါ်တော်မူခြင်း နှင့် တာဝန်များဟူသောခေါင်းစဉ်ဖြင့် ကျင်းပနေသော တစ်ကမ္ဘာလုံး ဆိုင်ရာကက်သလစ် ဆရာတော်ကြီးများ၏ညီလာခံ ” သို့ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ကိုယ်စားလှယ်အဖြစ်   တက်ရောက်နေခြင်းဖြစ်သည်။

ဆရာတော်ကြီးချားလ်စ်ဘိုက “ ၎င်းညီလာခံသည် ရှေးရိုးစွဲသမားများနှင့် ပြောင်းလဲရေးသမားများအကြားတွင် အကြီးအကျယ်အငြင်း     အခုန်ပြုလုပ်သည့်ညီလာခံဖြစ်သောကြောင့် စိတ်လှုပ်ရှားစရာကောင်းသောအချိန်ကာလဖြစ်မည်ဖြစ်ကြောင်း၊ တဖက်တွင်လည်း ကက်သလစ်သာသနာတော်ကြီးသည် အသင်းတော်၏စည်းမျဉ်းစည်းကမ်းများကို ပြန်လည်သုံးသပ်ရန်လည်းပါဝင်ကြောင်း၊ သို့သော် အသင်း   တော်သည် မိမိသွန်သင်ချက်ဖြစ်သော လိင်တူဆက်ဆံခြင်းနှင့် ကိုယ်ဝန်ဖျက်ချ ခြင်းတို့ကိုခွင့်ပြုမည်မဟုတ်သော်လည်း လူသားတစ်ဦးစီကိုသာ သီးခြားလေ့လာပြီး အပြစ်မဟုတ်သောအရာများနှင့် အပြစ်ဖြစ်သောအရာများကိုသာ သေချာခွဲခြားရန်အရေးကြီးသည် ” ဟု ညီလာခံအပေါ်သုံးသပ်တော်မူသည်။

ရဟန်းအမတ်ချားလ်စ်ဘိုက “ ရဟန်းမင်းကြီးဖရန်စစ်က ကက်သလစ်သာသနာတော်သည် မည်သူကိုမျှ အသင်းတော်မှပယ်ထုတ်မည်မဟုတ်သကဲ့သို့ မည်သူကိုမျှ လူ့အဖွဲ့အစည်းမှ ပထုတ်မည်မဟုတ်ဟု မိန့်ကြားသကဲ့သို့ ကက်သလစ်သာသနာတော်သည်လည်း အပြစ်သားများအား သနားခြင်းကိုပြသသင့်ကြောင်း ” မိန့်ကြားတော်မူသည်။

ပုပ်ဖရန်စစ်သည် ရောမမြို့တွင် ကျင်းပနေသော “ ယနေ့ခေတ်ကာလနှင့် ကက်သလစ် သာသနာတော်ထဲတွင် မိသားစု၏ခေါ်တော်မူ       ခြင်းနှင့် တာဝန်များဟူသော ခေါင်းစဉ်ဖြင့် ကျင်းပ နေသော တစ်ကမ်္ဘာလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများ၏ညီလာခံ ” ကို ဆင့်ခေါ်တော် မူခြင်းဖြစ်ပြီး ၎င်းညီလာခံသို့ ပညာရှင်ပေါင်း (၃၆၀) တက်ရောက်နေကြပါသည်။ ကုန်ဇမှုန်း

4055  Views
Previous: ရုရှားအစိုးရ၏ ဆီရီးယားနိုင်ငံပြည်တွင်းစစ်ထဲတွင် ဝင်ရောက်မှုကို ဆီးရီးယားကက်သလစ်ဆရာတော်ကြီးက ကြိုဆိုထောက်ခံ
Next: ကက်သလစ်သာသနာတော်က အမျိုးသမီးများအား ဦးပဉ္ဇင်းသိက္ခာကို ပေးသင့်ကြောင်း ဆရာတော်ကြီး ပေါဂျူရိုချေက