ဖိလစ်ပိုင်သမ္မတက မင်နားဒိုးကျွန်းရှိမွတ်စလင်သူပုန်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ရန်အတွက် ဥပဒေကြမ်းတစ်ခုကို ဖိလစ်ပိုင်လွှတ်တော်အား တင်သွင်း

1-b

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဘင်နီနိုအဂွီနိုသည် စက်တင်ဘာလ ၁၀ ရက်နေ့က ကျင်းပပြုလုပ်သော ဖိလစ်ပိုင်နိုင်ငံရှိ မူရိုအစ္စလမ်မစ် လွတ်မြောက် ရေးတပ်ဖွဲ့ဟု အမည်ခံယူထားသော မွတ်စလင်သူပုန်ခေါင်းဆောင် မိုဟာကာ အီဘာက ဖိလစ်ပိုင်နိုင်ငံတွင် ငြိမ်းချမ်းရေးရနိုင်ရန်အတွက် မင်ဒါးနားဒိုးကျွန်းရှိမွတ်စလင်သူများမှ တောင်းဆိုထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိစေမည့် ဥပဒေကြမ်းတစ်ခုကို ဖိလစ်ပိုင်လွှတ်တော် ဥက္ကဌထံသို့ တင်သွင်းသည့် အခမ်းအနားတွင် မျက်မြင်သက်သေအဖြစ် တက်ရောက်အားပေးခဲ့သည်။

၎င်းဥပဒေကြမ်းကို တင်သွင်းပေးအပ်သည့်အခမ်းအနားတွင် သမ္မတ ဘင်နီနိုအဂွီနိုက ““အချိန်ကြာပြီး နှစ်ပေါင်းများစွာ ကြိုးစားပြီး ပြုလုပ်ရေးဆွဲခဲ့တဲ့ ဒီဥပဒေကြမ်းဟာ လူ့အသက်ပေါင်း တစ်သိန်းကျော်ကို ဆုံးရှုံးခဲ့ကြရတဲ့ ပြည်တွင်းစစ်မက်ဖြစ် ပွားနေမှုကို ထာဝရတည်တံ့စေမယ့် ငြိမ်းချမ်းရေးကို အာမခံခြင်းကို ယူဆောင်လာပေးဖို့အတွက် ရည်ရွယ်ပြီး အခုလို ပြုလုပ်ရခြင်း ဖြစ်ကြောင်း”” မှတ်ချက်ပြုလိုက်သည်။ ဆက်လက်ပြီး သမ္မတ ဘင်နီနိုအဂွီနိုက ယခုအခြေခံဥပဒေဟာ မျှတမှု၊ တရားမှုနဲ့ အားလုံးသော ခရစ်ယာန်များ၊ မူရိုများ၊ လူမက်များအားလုံးက လက်ခံနိုင်မယ့် ဥပဒေ ဖြစ်ကြောင်း၊ ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့လက်တွေကို ကျွန်တော်တို့နိုင်ငံသားတွေ ဖြစ်ကြတဲ့ မွတ်စလင်တွေဆီကို လက်ကမ်းကြိုဆို ကြပါစို့၊ ကျွန်တော်တို့အားလုံးရဲ့ကြိုးစားအားထုတ်မှုက ပိုမိုငြိမ်းချမ်းပြီး ပိုမိုတိုးတက်တဲ့ ဖိလစ်ပိုင်နိုင်ငံကို ဆက်လက်တည်ဆောက်စေမယ်ဆိုတာကို အားလုံးက ယုံကြည်ကြပါကြောင်း”” ဖြင့် ထပ်လောင်း ပြောကြားသည်။

၎င်းဥပဒေကြမ်းကို တင်သွင်းသည့် မွတ်စလင်သူပုန်ဖက်မှစေ့စပ်ပေးသူမိုဟာကာ အီဘာက၊ ဖိလစ်ပိုင်နိုင်ငံမှာ မိုရိုလူ မျိုးနွယ်စုအတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသကို ထူထောင်ပေးခြင်းဟာ မင်ဒါးနားကျွန်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပပျောက်စေမည်ဟု မျှော် လင့်ကြောင်းဖြင့် ပြောကြားလိုက်သည်။ သမ္မတအဂွီနို၏အကြံပေးအရာ ရှိဖြစ်သော ထရေစီတာ ဂွီင်တိုစ်က ဥပဒေကြမ်းထဲက စာကြောင်း တစ်ခုစီသည် ဒီမိုကရေစီမူဘောင်ထဲ တွင် နေရောင်ခြည်ပမာ ထွန်းတောက်လာမည်ဖြစ်ကြောင်း”” ဖြင့် မှတ်ချက်ပြုသည်။ ဆက်လက်ပြီး သူမက၊ ဒီဥပဒေကြမ်း က မွတ်စလင်သူပုန်များနဲ့ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးခရီးစဉ်ထဲမှာ အဝေးဆုံးခရီးတစ်ခုကို ရောက် ရှိခြင်းဖြစ်ကြောင်း၊ နောက်ပြီးတော့ ဘန်စမိုရိုများအတွက် ကျွန်မတို့အစိုးရရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံတစ်ခု ကို နိုင်ငံရေးခြေလှမ်းဖြင့် စတင်လှမ်းခြင်းဖြစ် ကြောင်း”” ဖြည့်စွက်ပြောကြားသွားသည်။

ဖိလစ်ပိုင်အမျိုးသားလွှတ်တော်ကလည်း မွတ်ဆလင်သူပုန်အဖွဲ့မှ တင်သွင်းလာသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဥပဒေမူကြမ်း ကို ၂၀၁၅ ခုနှစ်မတ်လ အတွင်း အတည်ပြုပြဌာန်းရန်အတွက် ကော်မတီတစ်ခုကို ဖွ့ဲစည်းလိုက် ပြီး ဖြစ်သည်။ ထိုကဲ့သို့သော ဖိလစ်ပိုင်အစိုးရ၏ ခြေလှမ်းများအပေါ် ကုလသမဂ္ဂ အဖွဲ့အစည်းကလည်း ကြိုဆိုထောက်ခံလိုက်သည်။ ကုလသမဂ္ဂအဖွဲ့အစည်း၏ကြေညာချက်ထဲတွင် ““ဒီလိုလုပ်ဆောင်ချက်သည် ဘန်စမိုရိုဒေသ ခံများအပေါ် ဘက်စုံသဘော တူညီမှုကိုအကောင် အထည်ဖော်ရာတွင် သမိုင်းတွင်သော လုပ်ဆောင်ချက်နှင့် ပိုမိုကျယ်ပြန့်သော ဖိလစ်ပိုင်နိုင်ငံထဲနှင့် မင်ဒါးနိုကျွန်းထဲတွင် တည်တံသော ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးတို့ကို အာမခံပေးမည့် အရေးကြီးသော အောင်မြင်မှုတစ် ခု ဖြစ်ကြောင်းဖြင့် ထည့် သွင်းဖော်ပြထားသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဖြစ်သော မင်ဒါးနိုကျွန်း၏အုပ်ချုပ်ရေးမှူး မူဂျီဟာတာမန်က ယခုဥပဒေကြမ်းသည် မိမိတို့၏ဘ၀ အတွက် ထွက်ပြေး ရာဘဝကနေ စာသင်ကျောင်းဝင်များထဲတွင် ပြေးဆော့ကစားချင်နေ ကြသော ကျောင်းသူ/သားများ အတွက် ဖြစ်သည်ဟု အမွန်းတင်ပြောဆိုလိုက်သည်။ ဆက်လက်ပြီး မူဂျီဟာတာမန်က ““ဒီဥပဒေက ပြည်သူတွေက မိမိတို့ရဲ့ဘဝကို စစ်ပွဲထဲမှာ သေဆုံးကြတဲ့ မိဘညီအစ်ကိုမောင်နှမ များရဲ့အလောင်းတွေကို သဂြိုလ်ဖို့အတွက် မြေကြီးကို မတူးချင်ကြတော့ဘူး၊ မိမိတို့ဘဝရှင်သန်ရေးအတွက် မြေကြီးကိုတူးပြီး သီးနှံတွေကိုပဲ စိုက်ပျိုးချင်ကြတဲ့ပြည် သူတွေ အတွက် ဖြစ်ပါတယ်”” ဟု ပြောကြားလိုက်သည်။ ယခုကိုယ်ပိုင်အုပ်ချုပ် ခွင့်ဒေသဖြစ်သော မင်ဒါးနိုကျွန်းသည် ဖိလစ်ပိုင်နိုင်ငံ၏ ၁၀%ကို ကိုယ်စားပြုသည်။

မူရိုအစ္စလမ်မစ်လွတ်မြောက်ရေးတပ်ဖွဲ့ ဟု အမည်ခံယူထားသော သူပုန်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ မင်ဒါးနားကျွန်း တစ်ဝိုက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန်အတွက် ၁၉၈၄ ခုနှစ်မှ စတင်ကာ ဖိလစ်ပိုင်အစိုးရ ကို တော်လှန် တိုက်ခိုက်လာခဲ့သော မွတ်စလင်သူပုန်အဖွဲ့ ဖြစ်သည်။ ၁၉၈၇ ခုနှစ်တွင်မူ ဖိလစ်ပိုင်အစိုးရက သူတို့တောင်းဆိုသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပေးခဲ့သော်လည်း သူပုန်များက လက်မခံဘဲ ဆက်လက်တိုက်ပွဲ ဆင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင်မူ အစိုးရနှင့်သူပုန်တို့သည် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုခဲ့သော်လည်း သူပုန်ဖက်က အစိုးရစစ်တပ်ကို ဆက်လက် တိုက်ခိုက်သောကြောင့် ၂၀၀၀ ခုနှစ်တွင်မူ ဖိလစ်ပိုင်သမ္မတ ဂျိုးဇက်အက်စထရာတာ လက်ထက်တွင် ၎င်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ကို ဖိလစ်ပိုင်စစ်တပ် က ပြန်လည်ရုပ်သိမ်းလိုက်သည်။ သိုသော် သမ္မတ ဂလိုရီယာအရိုယိုလက်ထက်မှစတင်ပြီး ငြိမ်းချမ်းဆွေးနွေးပွဲကို နှစ်ဖက်စလုံး က ပြန်လည်စတင်လာခဲ့ကြသည်မှာ ယနေ့တိုင် ဖြစ်သည်ဟု သိရှိရသည်။ ၀၁၃ ကုန်ဇမှုန်း

1485  Views
Previous: ရဟန်းမင်းကြီးဖရန်စစ်က တရုတ်နိုင်ငံသမ္မတ ရှီကျင်းဖျင်းကို ဗာတီကန်နန်းတော်သို့ ဖိတ်ခေါ်လိုက်ပြီ
Next: ကက်သလစ်သာသနာတော်ကို ခေတ်နှင့်ညီအောင် ဦးဆောင်ပြုပြင်ခဲ့သော ပျံလွန်တော်မူပြီးသော ရဟန်းမင်းကြီး ပေါလူး (၆)အား သူတော်မြတ်အဆင့်သို့ တင်မြှောက်ပြီ