မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာတော် ရောက်ရှိခြင်း နှစ် (၅၀၀) ဂျူဗလီပွဲတော်သို့ ရဟန်းမင်းကြီးက ကာဒီနယ်ဆရာတော်ကြီး အိုဆွေဂရားစီယားကို ကိုယ်စားလှယ်အဖြစ်စေလွှတ်တော်မူ
စက်တင်ဘာလ ၂၂၊ ဗာတီကန်
ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁-၂၃ ရက်နေ့ထိ၊ ရန်ကုန်မြို့တော်ရှိ စိန်မေရီကာဒီဒြယ် ဘုရားကျောင်းတော်ကြီးတွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာတော် ရောက်ရှိခြင်း နှစ် (၅၀၀) ဂျူဗလီပွဲတော်သို့ မိမိကိုယ်စား ကြရောက်ရန် အတွက် အိန္ဒိယနိုင်ငံ၊ ဘုံဘေကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးဖြစ်တော်မူသော ကာဒီနယ်ဆရာတော် ကြီး အိုဆွေဂရားစီယား အား ခန့်အပ်စေလွှတ်ကြောင်းဖြင့် စက်တင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ကြေ ညာ တော်မူလိုက်သည်။
ရဟန်းမင်းကြီးဖရန်စစ်သည် ၎င်းနှစ် (၅၀၀) ဂျူဗလီပွဲတော်သို့ ကြရောက်လိုသော် လည်း မြန်မာနိုင်ငံ အစိုးရထံ မှ နိုင်ငံတော်၏ ဧည့်သည်တော်အဖြစ် တရားဝင်ဖိတ်ကြားခြင်းကို မရရှိသောကြောင့် မိမိကိုယ်စား အိန္ဒိယနိုင်ငံ၊ ဘုံဘေကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ဖြစ်တော်မူသော ကာဒီနယ် ဆရာတော်ကြီး အိုဆွေဂရားစီယားအား ခန့်အပ်စေလွှတ် ရခြင်း ဖြစ်ပေသည်။
မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွ့ဲချုပ်ဖက်က သမ္မတဦးသိန်းစိန်ထံမှ ရဟန်းမင်းကြီးဖရန်စစ် အား တရားဝင်ဖိတ်ကြား ပေးမှုကို ရရှိရန်ကြိုးစားခဲ့ကြောင်း သိရှိရသည်။ သို့သော် မြန်မာနိုင်ငံသည် ဗာတီကန်နိုင်ငံနှင့် တရားဝင်သံတမန်ဆက်သွယ်ခြင်း မရှိသေးသောကြောင့် သမ္မတဦးသိန်းစိန်ဖက်က ရဟန်းမင်းကြီးအား ဖိတ်ကြားရန် မဖြစ်နိုင်သည့်အပြင် မြန်မာနိုင်ငံအစိုးရဖက်က ရဟန်းမင်းကြီးလုံခြုံရေး ကို တာဝန်မယူပေးနိုင်ခြင်းကြောင်းလည်း ဖြစ်နိုင်ပေသည်။ ဝင်းလှိုင်ဦး
1762 Views