ဗာတီကန်နှင့်အမေရိကန်နိုင်ငံရှိကက်သလစ်သီလရှင်များအကြား ဆွေးနွေးခြင်းကို ဆက်လက်လုပ်ဆောင်ရန် သဘောတူညီ

007-b

ရဟန်းမင်းကြီး၏ လမ်းညွန်မှုဖြင့် ကက်သလစ်သာသနာတော်၏သွန်သင်ချက် ကို ဆန့်ကျင်သော အမေရိကန်နိုင်ငံရှိ the Leadership Conference of Women Religious ကက်သလစ်သီလရှင်များအဖွ့ဲတစ်ခုကို စုံစမ်း စစ်ဆေးခြင်းပြုလုပ်ရာခရစ်တော်ဘုရားရှင်၏ နှုတ်တော်ထွက်စကားအတိုင်းဆက်လက်ရှင်သန်ကြရန်၊ မိမိတို့သူတော်စင်အသင်းဂိုဏ်းကိုတည်ထောင်သူ၏ ကျင့်စဉ်အတိုင်း ဆက် လက်ကျင့် ကြံကြရန် တိုက်တွန်းထားသည့် အစီရင်ခံစာတစ်စောင်သည် ဒီဇင်ဘာလ ၁၆ ရက်နေ့က ဗာတီကန်ရုံးတော်မှ ထွက်ပေါ်လာသည်။

ဗာတီကန်ရုံးတော်သည် ၎င်းသီလရှင်များအဖွဲ့အား ၂၀၀၉ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် သွားရောက်လည်ပတ်ပြီး မေးခွန်းလွှာများကို ဖြေဆိုစေခြင်းနှင့် သက်ဆိုင်ရာ သီလရှင်ကျောင်းများကို လည်ပတ်ခြင်း၊ သီလရှင်အချင်းချင်း တွေ့ ဆုံဆွေးနွေးစေခြင်းတို့ကို ပြုလုပ်ခဲ့သည်။ သို့သော် ထူးခြားသောပြောင်း လဲမှုများ မရရှိခဲ့ပေ။ သို့သော် ရဟန်းမင်းကြီးဖရန်စစ်က ကက်သလစ်သာ သနာတော်ကို ဦးဆောင်လာပြီး နောက် ၎င်းသီလရှင်များအဖွဲ့ကို ကိုင်တွယ်ရန် အတွက် ကာဒီနယ်ဆရာတော်ကြီး ဂျိုအာ ဘရတ်စ် ဒေအာဗီဇ်ကို တာဝန်ပေး ကာ ခန့်အပ်တော်မူခဲ့သည်။ ထို့အချိန်မှစပြီး ကာဒီနယ်ဆရာတော်ကြီးနှင့် သီလရှင်အဖွဲ့များအကြား တွေ့ဆုံဆွေးနွေးမှုပြုလုပ်ကြပြီးနောက် ယခုကဲ့ သို့သော အများပြည်သူသိနိုင်သည့် အစီရင်ခံစာတစ်ခုကို ဗာတီကန်က ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဗာတီကန်ရုံးတော်မှ ထုတ်ပြန်သော ၎င်းအစီရင်ခံစာထဲတွင် သီလရှင်အသင်း ဂိုဏ်းများသို့ ဝင်ရောက်လာမည့်သူများအတွက် ပျိုးထောင် ခြင်းအစီအစဉ်၊ ဂိုဏ်းဝင်အသစ်များ၊ ပုဂိုလ်ရေးဆိုင်ရာ၊ သီလရှင်များအဖွဲ့လိုက် ဝတ်ပြုကိုး ကွယ်ခြင်းနှင့်မေတာပဌာန်းစီးခြင်း၊ မိမိတို့၏ဝိ ညာဉ်ရေးကျင့်စဉ်နှင့် သာသနာပြုလုပ်ငန်းများသည် သာသနာတော်၏သွန်သင်ချက်ဖြစ်သော အတိုင်း မြတ်စွာဘုရားသခင်အကြောင်း၊ ဖန်ဆင်းခြင်းအကြောင်း၊ ခရစ်တော်ယေဇူးဘုရား၏ လူ့အဖြစ်ကိုယူခြင်းနှင့် ကယ်တင်ခြင်း အကြောင်းများကို ယုံကြည်လိုက်နာဆောင် ရွက်ရန်၊ မိမိတို့၏ ငွေကြေးများကို လွတ်လပ်စွာကိုင်တွယ်ရင်း ဆင်းရဲခြင်းသစာကိုပါ စောင့်ထိန်းကျင့်ကြံကြရန်၊ ကက်သလစ်သာသနာ တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရန်၊ အထူးသဖြင့် ကက်သလစ်ဆရာတော်ကြီးများနှင့်ဗာတီကန်ရုံးတော်မှတာဝန် ရှိသူများနှင့် တစ်လုံးတစ်ဝတည်းရှိနေခြင်းကို ပိုမိုခိုင်မာစေရန်စသော အချက်များ ပါဝင် သည်။

၎င်းအစီရင်ခံစာနှင့်စပ်လျဉ်းပြီး၊ ဗာတီကန်နန်းတော်မှ တာဝန်ရှိသူတစ်ဦးက ဗာတီကန်တာဝန်ရှိသူတစ်ဦး၏ သီလရှင်များကို သွားရောက်လည်ပတ်ခြင်း အပေါ် တချို့သော သီလရှင်များ၏ မယုံသင်္ကာရှိခြင်းနှင့်စိုးရိမ် တကြီးရှိမှုတို့ကို ကြုံတွေ့ရသည့်အပြင် ဗာတီကန်၏စုံစမ်းစစ်ဆေးခြင်းကို ငြင်းဆန်သော သီလရှင်အသင်းဂိုဏ်းတချို့လည်း ရှိနေသေး ကြောင်း ပြောဆိုလိုက်သည်။ ထို့အပြင် သီလရှင်အသင်းဂိုဏ်းတချို့၏ ကောင်းမွန်စွာ လက်တွဲလုပ်ဆောင်မှု ကင်းမဲ့နေခြင်းသည် မိမိတို့ကို တော်တော်စိတ်ဓါတ်ကျစေကြောင်း၊ သို့သော် မိမိတို့သည် လက်ရှိအခြေအနေကိုအခွင့်ကောင်းယူပြီး ဗာတီကန်ဌာန အနေဖြင့် ရိုသေမှုရှိပြီး အကျိုးရှိသော တွေ့ဆုံဆွေးနွေးခြင်း ကို သီလရှင်များ အား ကမ်းလှမ်းနေခြင်းကို သီလရှင်များအနေဖြင့် လက်ခံရန်ဖိတ်ခေါ် ပါကြောင်းဖြင့် ၎င်းအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။ သီလရှင် များဖက်တွင်လည်း အမျိုးသမီးများ၏ ကက်သလစ်သာသနာတော်တွင် တာဝန်ထမ်းဆောင်နိုင်စွမ်း ရှိခြင်းကို သက်ဆိုင်ရာ ဆရာတော်များနှင့် ဘုန်းတော်ကြီးများက အသိအမှတ်ပြုရန်နှင့်အားပေးရန် လိုလားနေကြကြောင်း၊ ထို့ကြောင့် သီလရှင်များ၏ ကက်သလစ်သာသနာတော်တွင် လုပ်ဆောင်နိုင်သော အခန်းကဏ္ဍများကို သူတို့သည် လိမ်လည်ကောက်ကျစ်မှု ကင်းမဲ့သောတွေ့ဆုံဆွေးနွေးခြင်းကိုဆရာတော်ကြီးများနှင့်ဘုန်းတော်ကြီးများနှင့် ဆက်လက်ဆွေးနွေးလုပ်ကြကြောင်း၊ ကက်သလစ်သာသနာတော်၏ သွန်သင် ချက်နှင့်သာသနာပြုခြင်းတို့အပေါ် အမျိုးသမီးများ၏ သက်သေခံနိုင်ခြင်းနှင့် ထိရောက်စွာလုပ် ဆောင်နိုင်ခြင်းတို့ကို ဆက်လက်ခိုင်မာစေလိုကြကြောင်းဖြင့် ၎င်းအစီရင်ခံစာတွင် ထပ်လောင်းဖော်ပြထားသည်။

ဗာတီကန်၏အစီရင်ခံစာတွင် တိကျသေချာသော ဖြေရှင်းချက်ဆိုင်ရာ အကြံပြု ချက်များ ကင်းမဲ့နေပြီး တရားကျင့်ကြံအားထုတ်မှုဆိုင် ရာများကိုသာ အသားပေးဖော်ပြ ထားသည်ကို တွေ့ရှိရသည်။

အမေရိကန်နိုင်ငံရှိ the Leadership Conference of Women Religious ကက်သလစ်သီလရှင်များတချို့သည် ရဟန်းမင်းကြီး၏ လမ်းညွန်မှုဖြင့် ကက်သ လစ်သာသနာတော်၏သွန်သင်ချက်ကို ဆန့်ကျင်သော အမေရိကန်နိုင်ငံရှိ the Leadership Conference of Women Religious ကက်သလစ်သီလရှင်များ အဖွ့ဲတစ်ခုကို ၁၉၆၀ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြသည်။ ၎င်းအဖွဲ့တွင် သီလရှင်အသင်းဂိုဏ်းပေါင်း ၃၄၁ ဂိုဏ်း ပါဝင်ကြပြီး လူဦးရေမှာမူ ငါးသောင်းနီး ပါးရှိပြီး အမေရိကန်နိုင်ငံတစ်ခုလုံးရှိ အမေရိကန်နိုင်ငံရှိ ကက်သလစ်သီလရှင် များ၏ ၈၀% ကို ကိုယ်စားပြုနေသည်။ ၎င်းအဖွဲ့သည် ကက်သလစ် သီလရှင်များကို ရဟန်းဖြစ်ခွင့်ပြုရန် ၁၉၇၉ ခုနှစ်က ရဟန်းမင်းကြီးယော ဟန်ပေါလူး (၂) အား တောင်းဆိုခဲ့ပြီးနောက် ဗာတီကန်နန်းတော်နှင့်ပြသာနာ စတင်ခဲ့သည်။ ၀၀၃ ဂျိုးဇက်

1530  Views
Previous: ကလေးမမွေးနိုင်တော့သည့်အဖွားအိုပမာ မနေထိုင်သင့်ကြောင်းဖြင့် ဥရောပသမဂ္ဂအဖွဲ့အားရဟန်းမင်းကြီးက တိုက်တွန်းတော်မူ
Next: ဂျာကာတာမြို့တော်ကက်သလစ်ဆရာတော်ကြီးက အင်ဒိုနီးရှားသမ္မတသစ်၏ သေဒဏ်ပေးမူဝါဒကို ဝေဖန်လိုက်ပြီ