ပြည်ကက်သလစ်သာသနာပိုင်ဆရာတော်ကြီး ဂျိုးဇက်ဦးသောင်းရွှေ (အငြိမ်းစား) ပျံလွန်တော်မူ

011-b

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၇

ပြည်ကက်သလစ်ဆရာတော်ကြီး ဂျိုးဇက်ဦးသောင်းရွှေ (အငြိမ်းစား) သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ မနက် ၆း၁၅ နာရီတွင် ရန်ကုန်မြို့ရှိ အာရှတော်ဝင်ဆေးရုံ၌ ပျံလွန်တော်မူပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဆရာတော်ကြီး ဂျိုးဇက်ဦးသောင်းရွှေ (အငြိမ်းစား)သည် ဆရာတော်သိက်္ခာကို ၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ရရှိတော်မူပြီးနောက် ပြည်ကက်သ လစ် သာသနာတော်၏ ပထမဆုံးသာသနာပိုင်ဆရာတော်ကြီးဖြစ်တော် မူသော သောမတ်နူးမဲန့်ထံမှ ပြည်ကက်သလစ်သာသနာကိုလွှဲပြောင်းရယူတော်မူခဲ့သည်။

ဆရာတော်ကြီး ဂျိုးဇက်ဦးသောင်းရွှေ (အငြိမ်းစား)သည် ပြည်ကက်သလစ် သာသနာကို ၁၉၇၆ ခုနှစ်မှ စတင်ပြီး ဦးဆောင်လာခဲ့ရာ ၂၀၁၀ ခုနှစ်အထိ (၂၀) နှစ်တိုင်တိုင် အုပ်ချုပ်တော်မူခဲ့သည်။ ဆရာတော်ကြီး၏ ရုပ်ကလပ်တော် ကို ကာဒီနယ်ဆရာတော် ချားလ်စ်ဘိုက ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ ညနေ ၇ နာရီကျော်တွင် ပြည်မြို့ရှိ စိန်ပေါလ်ကာဒီဒြယ် ဘုရားကျောင်း တော်ကြီးထဲတွင် သဂြိုလ်တော်မူခဲ့ကြောင်း သတင်းရရှိသည်။ ဆရာတော်ကြီးဂျိုးဇက်ဦးသောင်းရွှေ၏ ဈာပနအခမ်းအနားသို့ ဆရာတော် ကြီးပေါလ်ဂရောင် (ငြိမ်း)၊ ပြည်ကက်သလစ်ဆရာတော်ကြီး ပြုံးချိုနှင့်ရ ဟန်းတော်များ၊ သီလရှင်များနှင့် ဘာသာဝင်များ တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိသည်။

ဆရာတော်ကြီးသည် ၁၉၃၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဖွားမြင်တော်မူပြီး ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကက်သ လစ်ရဟန်းသိက်္ခာတော်မြတ်ကို ရရှိတော်မူခဲ့သည်။ ဆရာတော်ကြီးသည် အသက်ရှင်စဉ်က ““ဘုရားတရားတမန်တော်”” အမည်ရှိသော ဘာသာရေး စာအုပ်တစ်အုပ်ကို ရေးသားခဲ့ရာ ရဟန်းမင်းကြီးရုံးမှ အထူးဂုဏ်ပြုခဲ့ကြောင်း လည်း အသက်ရှင်စဉ်က ကျွန်ုပ်ကို မိန့်ကြားခဲ့ဖူးသည်။ ၎င်းစာအုပ် သည် တော်တော်လေးနက်သော ဘာသာရေးစာအုပ်ဖြစ်သည်။ ဆရာတော်ကြီး ဦးသောင်း ရွှေသည် ပြည်ကက်သလစ်သာသနာပိုင်ဆရာတော်အဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်က ““လူတွေက သူ့ကိုလာညာတောင်း စားမှန်းသိပေမယ့် ဆရာတော်ကြီးက လူတိုင်းကို မေတ်္တာတရားနှင့်ပေါင်းသင်း ဆက်ဆံ ခဲ့ကြောင်းဖြင့် ဘုန်းဘုန်းအောင်လင်းစိန်က အမှတ်တရစကားအဖြစ် ပြောဆို သည်။

ပြည်ကက်သလစ်သာသနာတော်သည် ရဟန်းမင်းကြီးယောဟန် (၂၃) က တည်ထောင်ပေးတော်မူခဲ့သည်။ ထို့နောက် ပြည်ကက် သလစ်သာသနာတော် ၏ ပထမဆုံးဆရာတော်အဖြစ် ပြည်ကက်သလစ်သာသနာတော်တွင် သာသ နာပြုနေသော နိုင်ငံခြားဘုန်း တော်ကြီး သောမတ်နူးမဲန့်အား ပြည်ကက်သလစ်သာသနာတော်၏ ပထမဆုံးသာသနာပိုင်ဆရာတော်ကြီးအဖြစ် ရဟန်းမင်းကြီး ယောဟန် (၂၃) က ၁၉၆၁ ခုနှစ်မေလ (၂၁) ရက်နေ့တွင် ခန့်အပ်တော်မူခဲ့သည်။ မကွေးသား

1428  Views
Previous: ရဟန်းမင်းကြီးက ကက်သလစ်သာသနာတော်၏ယုံကြည်ရာသွန်သင်ချက်များကို ဆန့်ကျင်ပြီးလုပ်ဆောင်လာလျှင် ပြန်လည်တုံ့ပြန်မည်ဟု ကာဒီနယ်ဆရာတော်ကြီး ဘတ်က ပြောဆို
Next: အစ္စလမ်စစ်သွေးကြွလူသတ်သမားများကို လစ်ဗျားနိုင်ငံမှ မြန်မြန်တိုက်ထုတ်ရန် လိုအပ်နေပြီဟု ကာဒီနယ်ပါရိုလင်းက မိန့်ကြားတော်မူ