အမျိုးသားပညာရေးဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော်သို့ပေးစာ

017-s

ပြည်ထောင်စုလွတ်တော်ဥက်္ကဌခင်များ၊

ကိုယ်စိတ်နှလုံးသုံးပါးစလုံး အားလုံး ကျန်းမာကြပါစေလို့ ဦးစွာလက်ကမ်းနှုတ် ဆက်ပါတယ်။ လူကြီးမင်းတို့က အမျိုးသားပညာရေး ဥပဒေကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ပြဌာန်းခဲ့ပါသည်။ ၄င်းအမျိုးသားပညာရေး ဥပဒေကို ယခုပြန်လည်ပြင်ဆင် ရန် ကျောင်းသားများ၏တောင်းဆိုမှုဖြင့် လွှတ်တော်တွင် ဆွေးနွေးရန်ပြင်ဆင်နေချိန်တွင် ယခုကဲ့သို့ အမျိုးသားပညာရေးဥပဒေ အပေါ် အကြံပြုစာ ပေးပို့အပ်ပါသည်။

အကြံပြုချက်များ

၁။ ““ကျောင်း”“ ဟူသော အနက်တွင် ““တက်္ကသိုလ်၊ ကောလိပ်”” များကိုလည်း ထည့်သွင်းသင့်သည်။ သို့မဟုတ်လျှင် တက်္ကသိုလ် ကောလိပ်ဟူသော အနက်သည် အမျိုးသားပညာရေးဥပဒေတွင် မရှိဖြစ်နေသည်။
၂။ ““ကျောင်းအကျိုးဆောင်အဖွဲ့”” ဟူသော အနက်သည်လည်း အကြံပြုချက် (၁) ကို ပြင်လျှင် အလိုလို ပြင်ပြီးသား ဖြစ်ပေမည်။
၃။ မူလတန်းပညာရေးအဆင့်တွင် မိခင်ဘာသာစကားဖြင့် ပညာသင်ယူခြင်းကို ခွင့်ပြုသင့်သည်။ ထိုသို့ခွင့်မပြုဘဲ ဗမာဘာ သာစကားဖြင့် သင်ယူခွင့်ပြုလျှင် ဗမာလူမျိုးသည် တိုင်းရင်းသားများအပေါ် ကိုလိုနီပညာရေးကို ဖော်ဆောင် ရာရောက် သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၊ အပိုဒ်ငယ် (ခ) တွင် ပြဌာန်းထားသော ဒို့တာဝန်အရေးသုံးပါး၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံ ဥပဒေနှင့်လည်း ဆန့်ကျင်နေသည်။
၎။ ““အခမဲ့မသင်မနေရ မူလတန်းပညာရေးကို ဦးတည်အကောင်အ ထည်ဖော်ပြီး”” အစား ““အလယ်တန်းပညာရေးအထိ အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို တဆင့်ပြီးတဆင့် အကောင်အထည်ဖော်သွားမည်”” ဟု ပြင်ဆင်သင့်ပါသည်။ ထိုသို့ပြင်ဆင်ရာ တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၈၊ အပိုဒ်ငယ် (ဂ) ကိုလည်း ပြင်ဆင်ရမည် ဖြစ်သည်။
၅။ အမျိုးသားပညာရေး၏ အခန်း (၆)၊ ““ကျောင်းအမျိုးအစား”” များကို ဖော်ပြရာတွင် အပိုဒ်ငယ် (င) တွင် ““ဘုန်းတော် ကြီးသင် ပညာ ရေးကျောင်း”” တွင် ““နိုင်ငံတော်က တရားဝင်အသိအမှတ်ပြု ထားသောဘာသာများ မှဖွင့်လှစ်ထား သော ပညာရေး ကျောင်းများ”” ဟူ၍လည်း ဖြည့်စွက်စေချင်ပါသည်။ မြန်မာ့သမိုင်းကိုကြည့်လျှင် မြန်မာနိုင်ငံ၏ အတိတ် နှင့်လက်ရှိခေါင်း ဆောင်များကို မွေးထုတ်ပေးခဲ့သော ကျောင်းမှာ ဦးနေ၀င်းက ပြည်သူပိုင်အဖြစ် သိမ်းလိုက်သော ““ခရစ်ယာန်ဘာသာမှ ဖွင့်လှစ်ခဲ့သောစာသင်ကျောင်းများ””သာ ဖြစ်ကြပေသည်။ နောက်တချက်က၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၂၊ ၃၆၃ များအရ၊ ဗုဒ်္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ ဟိန်္ဒူဘာသာနှင့် မွတ်ဆလင်ဘာ သာတို့ကို တရားဝင် အသိအမှတ်ပြု ထားသည်ဟုလည်း ပြဌာန်းထားသည်။ တဖန်၊ အမျိုးသားပညာရေး ဥပဒေ၊ အခန်း (၆) အပိုဒ်ငယ် (င) သည် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေ ဥပဒေနှင့်ဆန့် ကျင်သည့်အပြင် အနာဂါတ်မြန်မာနိုင်ငံ သားများကို တတ်မြောက်ကျွမ်း ကျင်သော နိုင်ငံသားများ မဖြစ်လာအောင် တမင်တကာ ဖန်တီးထားသည် ဟု စိုးရိမ်ရပါ သည်။ ထို့အပြင် အခန်း (၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့် တာဝန်များ ပုဒ်မ ၃၄၈ တွင် ““နိုင်ငံတော်သည် ပြည်ထောင်စု သမ်္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံ သားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာနန်္တရ၊ အဆင့် အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ ချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ”” ဟု ပြဌာန်းထားသည်။ ထို့ကြောင့် ““ဘုန်းတော်ကြီးသင် ပညာရေးကျောင်း”” ဟူသော စာသားအပြင် ““နိုင်ငံတော်က တရားဝင်အသိအမှတ်ပြုထားသော ဘာသာများ မှဖွင့်လှစ် ထားသော ပညာရေး ကျောင်းများ”” ဟူ၍လည်း ဖြည့်စွက်စေချင်ပါ သည်။ အကြောင်းကား ကမ်္ဘာက မြန်မာနိုင်ငံကို သိအောင် လုပ်ခဲ့သော ဘာသာ၊ လုပ်နေသော ဘာသာနှင့် လုပ်နိုင်သော ဘာသာမှာ ခရစ်ယာန်ဘာ သာမှဖွင့်လှစ်သော စာသင်ကျောင်းများသာ ဖြစ်သော ကြောင့် ဖြစ်ပေသည်။
၆။ မသန်စွမ်းသောနိုင်ငံသားများကို အစိုးရကျောင်းများတွင် သန်စွမ်းသူများနှင့် အတူ စာသင်ခွင့်ပေးရန် ပြဌာန်း ပေးသင့်သည်။ လက်ရှိမြန်မာနိုင်ငံအစိုးရက ၀န်ထမ်းခေါ်ဆိုရာတွင် သတ်မှတ်ထားသော အရည်အချင်းတစ်ခုကမူ ““ကိုယ်လက်အင်္ဂါကောင်းမွန် သူ ဖြစ်ရမည်”” ဟူသော အချက် ပါဝင်နေသည်။ ၄င်းသတ်မှတ်ချက်အစား၊ ““ကိုယ်လက် အင်္ဂါချိုတဲ့သူများလည်း လျှောက် ထား နိုင်သည်”” ဟု ရေးသင့်သည်။
၇။ မသန်စွမ်းသောနိုင်ငံသားများကိုလည်း စစ်တပ်နှင့်ရဲဌာနများမှအပ တခြားသော အစိုးရဌာနများတွင် အလုပ်လုပ် ကိုင် ခွင့် ရှိကြောင်းကို ပြဌာန်းပေး သင့်သည်။
၈။ အမျိုးသားပညာရေးဥပဒေသည် မည်သည့်ပါတီက အစိုးရတက်လာ သည်ဖြစ်စေ၊ တက်လာသောအစိုးရတိုင်းက လိုက် နာအပ်သော အခွင့်အရေး တစ်ခုအဖြစ် ပြဌာန်းသင့်သည်။ ဥပမာ- ထိုင်းနိုင်ငံတွင် စစ်အစိုးရတက် သည်ဖြစ်စေ၊ ဒီမိုကရေစီ အစိုးရတက်သည်ဖြစ်စေ၊ ထိုင်းနိုင်ငံ၏အမျိုးသား ပညာရေးဥပဒေကို လိုက်နာကြရသည်။
၉။ မသန်စွမ်းသော ကျောင်းသူ/သားများကို ဘွဲ့ရသည့်အထိ ပညာသင်ထောက် ပံ့ကြေး ပေးရန် ပြဌာန်းသင့်သည်။ အယ်ဒီတာချုပ်

715  Views
Previous: အဲဒါ ခရစ်တော်မဟုတ်ဘူး….
Next: ကျားမခွဲခြားဆက်ဆံမှုနှင့် အခွင့်အရေးသင်တန်း