အင်္ဂလန်နိုင်ငံတွင် သူတော်စင်သီလရှင်ဘဝသို့ ဝင်ရောက်လာသူ များပြားလာ

Untitled-1

လန်ဒန်၊ ဧပြီလ ၂၄
အင်္ဂလန်နိုင်ငံတွင် သူတော်စင် သီလရှင်ဘဝသို့ ဝင်ရောက်လာသူ များပြားလာကြောင်းဖြင့် အင်္ဂလန် ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်က အစီရင်ခံစာထုတ်ပြန် လိုက်သည်။ ၎င်းင်းအစီရင်ခံစာတွင် ၂၀၁၅ ခုနှစ်အတွင်း သူတော်စင် သီလရှင် ဘဝသို့ သီလရှင် လောင်း ၄၅ ဦး ဝင်ရောက်လာသည်ဟု ဖော်ပြ ထားသည့်အပြင် ၎င်းင်းဦးရေသည် ၁၉၈၀ ခုနှစ်မှစတင်ပြီး (၂၅) နှစ် အတွင်း အမြင့်ဆုံးသော အရေအတွက် ဖြစ်သည်ဟု ဖော်ပြထားသည်။
အင်္ဂလန်ကက်သလစ် ဆရာတော်ကြီး များအဖွဲ့ချုပ်မှ ခေါ်တော်မူခြင်း ရုံးတာဝန်ခံ ဘုန်းတော်ကြီး ခရစ်စတိုဖာ ဂျာမီဆန် က ယခုကဲ့သို့သော ကိန်းဂဏန်း ကိုမှတ်ကျောက်တင်ထားကြောင်း၊ အကြောင်းရင်းမှာ ၂၀၁၄ ခုနှစ် တုန်းကဆိုရင် အမျိုးသမီး ၇ ဦးသာ သူတော်စင်ဘောင်သို့ ဝင်ရောက် ခဲ့သည်ဟု ရှင်းပြထားသည်။ တာဝန်ခံဘုန်းတော်ကြီး ခရစ်စတိုဖာ ဂျာမီဆန်က ယခုကဲ့သို့ သူတော်စင် ဘောင်သို့ ဝင်ရောက်လာသူ တိုးတက် လာခြင်းသည် သူတော်စင်အဖွဲ့ အစည်းများကိုယ်တိုင်က မိမိတို့၏ ဘဝအဖြစ်မှန်ရပ်တည်ချက်အပေါ် ပိုမိုနားလည်သဘောပေါက်လာ ကြခြင်းနှင့် အများပြည်သူ၏ ယုံကြည်စိတ်ချမှုတို့ကို ပြန်လည် ရရှိလာခြင်းနှင့် လူငယ်မောင်မယ်များ က မိမိတို့ရှာဖွေနေသော ဘ၀ အဓိပ်္ပါယ်ကို သူတော်စင်များ၏ ဘ၀ ထဲတွင် တွေ့ရှိလာခြင်းတို့ကြောင့် ဖြစ်သည်ဟု ရှင်းပြတော်မူသည်။
ဆက်လက်ပြီးတာဝန်ခံ ဘုန်းတော်ကြီး ခရစ်စတိုဖာ ဂျာမီဆန် က၊ အင်္ဂလန်နိုင်ငံရှိ ကက်သလစ် သာသနာတော်သည် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်မှုကို ပြန်လည် ပြုလုပ်နေပြီး သူတော်စင်လောင်း များကို ရွေးချယ်ခြင်းမှ ပြန်လည် ဆန်းစစ်ခြင်းနည်းဗျူဟာကို ကျင့်သုံးလာကြောင်း၊ အင်္ဂလန်နိုင်ငံရှိ ကက်သလစ်လူငယ်များအား လူမှုရေး အရ နိုးကြားလာအောင် လှုံ့ဆော် ပေးသော လူငယ်တွေ့ဆုံပွဲများနှင့် လူငယ်များအား မိမိကိုယ်ကို ပြန်လည်ဆန်းစစ်သည့်သင်တန်းများကို ပို့ချပေးခြင်းတို့ကို သက်ဆိုင်ရာ ဆရာတော်များနှင့်သူတော်စင်များက ၂၀၀၀ ခုနှစ်မှ စတင်ပြီး တစ်နိုင်ငံလုံး လှုပ်ရှားလုပ်ဆောင် ခဲ့သောကြောင့် လည်း ယခုကဲ့သို့ ခေါ်တော်မူခြင်းများ တိုးပွားလာခြင်း ဖြစ်သည်ဟု မိန့်ကြားထားသည်။
၂၀၁၄ ခုနှစ်က အင်္ဂလန် နိုင်ငံတွင် သစ်္စာသုံးပါးခံသူတော်စင် ဘောင်သို့ ဝင်ရောက်လာသော ဦးရေမှာ ၆၃ ယောက်ရှိပြီး လွန်ခဲ့သော ၁၀နှစ်ခန့်က ဆိုလျှင် ၁၉ ဦးသာ ရှိကြောင်း၊ ၎င်း ၁၉ ဦးထဲက ၁၈ ဦးမှာ အမျိုးသားများ ဖြစ်ကြကြောင်း၊ ၂၀၁၂ ခုနှစ် တုန်းကမူ အယောက် ၃၀ ဝင်ရောက် ခဲ့ကြောင်းဖြင့် သတင်းရရှိထားသည်။
ကုန်ဇမှုန်း

1424  Views
Previous: တရုတ်နိုင်ငံထဲကို ကချင်ကက်သလစ် သာသနာပြုများ စေလွှတ်နေကြောင်းဖြင့် ဗန်းမော်ကက်သလစ်ဆရာတော်ရေမွန်ဆွမ်ကမ်လု မိန့်ကြားတော်မူ
Next: ချစ်ခြင်းမေတ္တာဟူသည် လူပုဂ္ဂိုလ်တစ်ဦးနှင့် ထိတွေ့ဆက်ဆံ ခြင်းဖြစ်သည်ဟု အငြိမ်းစား ပုဒ်ရဟန်း မင်းကြီး ဘေနေဒစ် (၁၆) က မိန့်ကြားတော်မူ