ချစ်ခြင်းမေတ္တာဟူသည် လူပုဂ္ဂိုလ်တစ်ဦးနှင့် ထိတွေ့ဆက်ဆံ ခြင်းဖြစ်သည်ဟု အငြိမ်းစား ပုဒ်ရဟန်း မင်းကြီး ဘေနေဒစ် (၁၆) က မိန့်ကြားတော်မူ

010

ဗာတီကန်၊ ဧပြီလ ၁၆၊
ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က သနားကြင်နာခြင်း ဂျူဗလီနှစ်ကို ဧပြီလ ၁၂ ရက်နေ့က ကြေညာရာတွင် သနားကြင်နာခြင်းသည် အငြိမ်းစား ရဟန်းမင်းကြီး ဘေနေဒစ် (၁၆) ၏ ရဟန်းမင်းကြီး ဘဝလမ်းစဉ် ဖြစ်ခဲ့သည်ဟု သာသနာပြန့်ပွားရေး ဝန်ကြီးဌာန၏ ဥက်္ကဌ ဖြစ်တော်မူသော ဂိုဏ်းချုပ် ဆရာတော်ကြီး ရီနိုဖီစီချဲလာက ဧပြီလ ၁၃ ရက်နေ့က မိန့်ဆိုလိုက်သည်။ ဆရာတော်ကြီး ရီနိုဖီစီချဲလာက အငြိမ်းစား ရဟန်းမင်းကြီး ဘေနေဒစ် (၁၆) ၏ပထမဆုံးစာချွန်တော် ဖြစ်သော ““မြတ်စွာဘုရားသခင်သည် ချစ်ခြင်းမေတ်္တာ ဖြစ်တော်မူသည်”” ဟူသော စာချွန်တော်၏ ဗဟိုသတင်းစကားသည် အငြိမ်းစားရဟန်းမင်းကြီး ဘေနေဒစ် (၁၆) က မိမိ၏ ရဟန်းမင်းကြီး သက်တမ်း တစ်လျှောက်တွင် ကျင့်ကြံ ကက်သလစ် နာတော ် အတကွ လ် ည်း ချြစ်ခင်း မေတ္တာသနားကြင်နာ တတ်ခြင်းသည် အရေးကြီးသောကျင့်စဉ်မျာ ဖြစ်ကြောင်းဖြင့် မီးမောင်းထိုးပြ တော်မူသည်။
အငြမိ ်း စားရဟန်း မင်း ကြးီ ဘေနေဒစ ် (၁၆)က ချြစ်ခင်း မေတ္တာတော်နှင့် ပတ်သက်ပြးီ ဖငွ ဆ့် ရို ာတငွ ် ချစ်ခြင်းမေတ်္တာသည် သနားကြင်နာခြင်း ဖြစ်ပြီး သနားကြင်နာခြင်းသည် အခွင့်လွှတ်စေသော ချစ်ခြင်းမေတ်္တာဖြစ်တော်မူသည်။ ချစ်ခြင်း မေတ်္တာသည် အတွေးအခေါ် သက်သက်မဟုတ်ဘဲ လူတစ်ဦးနှင့် ထိတွေ့ ဆက်ဆံခြင်းဖြစ်ကြောင်း ၎င်းင်းစာချွန်တော် ထဲတွင် အနက်ဖွင့်ဆိုထားသည်။ ဆက်လက်ပြီး ရဟန်းမင်းကြီး ဘေနေဒစ် (၁၆) က မြတ်စွာဘုရားသခင်သည် ဂရုဏာရှင်ဖြစ်ကြောင်း၊ ဂရုဏာ (သနားကြင်နာခြင်း) သည် အယူအဆသက်သက်မဟုတ်ဘဲ လပူ ဂု ို္ဂလပ် င ် ဖြစေ် ကြာင်း ၊ လတူ စဉ် းီသည ် မမိ ၏ိ မျက်နှာကို ပြင်လို့မရကြောင်း၊ အဘယ်ကြောင့် ဆိုသော် မျက်နှာသည် လူတစ်ဦး၏အဖြစ်မှန်ကို ဖော်ပြထားကြောင်း၊ ဝမ်းနည်းခြင်း၊ဝမ်းသာခြင်းစသော လူတစ်ဦး၏ခံစားချက် များသည် မျက်နှာတွင် ပေါ်လွင်လာကြောင်း၊ မိမိ၏မျက်နှာသည် ခန်္ဓာကိုယ်သက်သက် မဟုတ်ဘဲ၊ မျက်နှာ အကြောင်းပြောလျှင်မူ မိမိတို့၏ပင်ကိုယ်အနေအထားကို ပြောဆိုနေကြခြင်းဖြစ်ကြောင်း၊ သနား ကြင်နာခြင်း၏မျက်နှာသည် ယေဇူးခရစ်တော်ဘုရားပင်ဖြစ်သကဲ့သို့ ယေဇူးခရစ်တော်ဘုရား၏ နှုတ်ကပတ်တော်များနှင့် အပြုအမှုများလည်း
ဖြစ်ကြောင်း၊ ထို့ကြောင့် ယေဇူးခရစ်တော် ဘုရားသည် သနားကြင်နာခြင်းပင် ဖြစ်သည်ဟု မီးမောင်းထိုးပြတော်မူသည်။
ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် က သနားကြင်နာခြင်းဂျူဗလီနှစ်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့စတင်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် တရားဝင် ပိတ်မည် ဖြစ်သည်။

ကုန်ဇမှုန်း

1345  Views
Previous: အင်္ဂလန်နိုင်ငံတွင် သူတော်စင်သီလရှင်ဘဝသို့ ဝင်ရောက်လာသူ များပြားလာ
Next: ဆရာတော်ကြီးမာတီးယားဦးရွှေက တောင်ကြီးကက်သလစ်သာသနာပိုင်ချုပ်တာဝန်မှ အနားယူလိုက်ပြီ