အစ်္စလာမ်ဘာသာဝင်ဦးရေသည် ကမ်္ဘာပေါ်တွင် အများဆုံးလူဦးရေသို့ ရောက်ရှိလာနိုင်ကြောင်း စစ်တမ်းတစ်ခုက ဖော်ပြထား

PHILIPPINES-POLICE-MUSLIM-CONFLICTS-PEACE
ရန်ကုန်၊ ဧပြီလ ၁၈
အစ်္စလမ် ဘာသာသည် ဘာသာဝင် များ၏ ငယ်ရွယ်မှုနှင့် ကလေးမွေးဖွားနှုန်း တိုးတက်ခြင်းတို့ကြောင့် လာမည့်ဆယ်စုနှစ် အတွင်းတွင် လူဦးရေ အများဆုံးသော ဘာသာ တစ်ခုသို့ ရောက်ရှိ လာတော့မည် ဖြစ်ကြောင်း The Pew Research Center on Religion and Public Life ဟူသော သုတေသန အဖွဲ့တစ်ခုက ဆိုထားပါသည်။ ၎င်းအဖွဲ့က လာမည့် ၂၀၁၀ ခုနှစ်နှင့် ၂၀၅၀ ခုနှစ်တို့တွင် ကမ်္ဘာ့လူဦးရေသည် ၃၅% တိုးတက် လာနိုင်ပြီး ကမ်္ဘာ့လူဦးရေသည် သန်းထောင်ပေါင်း ၉၃၀၀ ရောက်ရှိ လာနိုင်သည်ဟု ခန့်မှန်းတွက်ချက်ထားသည်။ ၎င်းအချိန်ကာလတွင် မွတ်ဆလင် လူမျိုးများ၏ လူငယ်မောင်မယ်များ များပြားခြင်းနှင့်ကလေးမွေးနှုန်း မြင့်တက်နေခြင်း တို့ကြောင့် ၎င်းတို့၏ လူဦးရေသည် ၇၃% တိုးတက် လာနိုင်သည် ဟု တွက်ချက်ထားသည်။
ခရစ်ယာန်ဘာသာဝင်များ၏ လူဦးရေသည်လည်း ၃၅% ခန့် တိုးတက် လာမည်ဟု ခန့်မှန်းထားကြသည်။ ၎င်းင်း ၃၅% သည် ၂၀၅၀ ခုနှစ်အရောက်တွင်မူ ခရစ်ယာန် ဘာသာဝင်ဦးရေသည် သန်းထောင်ပေါင်း ၂၉၂၀ ရှိမည်ဖြစ်ကာ လက်ရှိမွတ်ဆလင် လူဦးရေသည် သန်းထောင်ပေါင်း ၂၇၆၀ ရှိနေသည်။ ၎င်းဘာသာ နှစ်ခုအကြားက ကွာခြားနေသော ဘာသာဝင်လူဦးရေသည် သေချာစဉ်း စားလျှင် ပြဇာတ် ပမာဖြစ်နေသည်။
ကမ်္ဘာ့ ခရစ်ယာန်ဘာသာဝင် လူဦးရေသည် ကမ်္ဘာ့လူဦးရေ၏ ၃၁.၄% ကို ကိုယ်စားပြုပြီး လက်ရှိ အစ်္စလမ် ဘာသာဝင်၏ လူဦးရေသည် ကမ်္ဘာ့လူဦးရေ၏ ၂၃.၂% ကို ရှိလေကာ လာမည့် နှစ် ၅၀ တွင် အစ်္စလာမ် ဘာသာဝင် လူဦးရေသည် ၂၉.၇% အထိရှိ လာမည် ဖြစ်သည်။ မွတ်ဆလင် လူမျိုးများ၏ ကလေး မွေးနှုန်းသည် အမျိုးသမီး တစ်ဦးလျှင် ၃.၁ ယောက်မွေးနေ သော်လည်း ခရစ်ယာန် အမျိုးသမီးတစ် ဦးသည် ၂.၇ ယောက် ကိုသာ မွေးနေရာ အစ်္စလာမ် ဘာသာဝင်များ၏ ကလေး မွေးနှုန်းသည် ခရစ်ယာန် ဘာသာဝင်များ၏ ကလေး မွးနှုန်းထက် ပိုပြီးမြင့်မား နေသည်ကို တွေ့ရှိရသည်။ လက်ရှိအစ်္စလာမ် ဘာသာဝင် များ၏ အသက်ကို ဆန်းစစ်ရသော် အစ်္စလာမ် ဘာသာဝင် တစ်ရာလျှင် ၃၄% သည် အသက် (၁၅) နှစ်အောက်တွင် ရှိနေကြသော်လည်း ခရစ်ယာန် ဘာသာဝင်များ၏ အယောက် တစ်ရာလျှင် ၂၇% သည် အသက် (၁၅) နှစ်အောက်တွင် ရှိနေကြသည်ဟု ဖော်ပြ ထားသည်။ ထို့ကြောင့် အစ်္စလာမ် ဘာသာသည် လူဦးရေတိုးတက်မှုတွင် အမြန်ဆုံးတိုးတက်မည့် ဘာသာအဖြစ် ရပ်တည်နေလေသည်။

ဝင်းလှိုင်ဦး

1359  Views
Previous: ဆရာတော်ကြီးမာတီးယားဦးရွှေက တောင်ကြီးကက်သလစ်သာသနာပိုင်ချုပ်တာဝန်မှ အနားယူလိုက်ပြီ
Next: စိပ်ပုတီးစိပ်ရုံကလွဲပြီး ဦးဆောင်သူကင်းမဲ့နေသော ဖလှယ်ခုံကျေးရွာရှိ ကက်သလစ်ဘာသာဝင်များ