တိုင်တန်းနစ်သင်္ဘောမြှပ်စဉ်တွင် သေဆုံးသွားသော ကက်သလစ်ရဟန်းတော် သောမတ်စ် ဘိုင်လီစ်ကို ရဟန်္တာအဖြစ်တင်မြှောက်ရန် စတင်လုပ်ဆောင်

tatin
လန်ဒန်၊ ဧပြီလ ၁၄၊ ဃဗြ
၁၉၁၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က တိုင်တန်းနစ်သင်္ဘော နစ်မြုပ် စဉ်တွင် သင်္ဘော ခရီးသည်များနှင့် အတူ မထွက်ပြေးဘဲ ခရီးသည်များ အား အာပတ်ဖြေခြင်းနှင့် ပရိတ်တော် ဆီလူးပေးရင်း သေဆုံး သွားသော ကက်သလစ်ရဟန်း သောမတ်စ် ဘိုင်လီစ်ကို ရဟန်္တာအဖြစ်တင်မြှောက် မည် ဖြစ်ကြောင်း သတင်းရရှိသည်။ ၎င်းင်းရဟန်းတော်သည် သင်္ဘောမှထွက် ပြေးရန် အသက်ကယ်လှေရှိသော် လည်း သေဆုံးကြမည့်သင်္ဘောပေါ်က ခရီးသည် ၁၅၀၀ ဝန်းကျင်ကို နှစ်သိမ့် အားပေးခြင်း၊ အာပတ် ဖြေခြင်းနှင့် ပရိတ်တော်ဆီလူးပေးခြင်း တို့ကိုသာ ပြုလုပ်ပေးရန် ရွေးချယ် ခဲ့သောကြောင့် သင်္ဘော နစ်မြုပ်ရာတွင် သေဆုံး ခဲ့ရသည် ဟု သင်္ဘောနစ်မြုပ်ရာတွင် မသေဘဲ အသက်ရှင် လွတ်မြောက် ခဲ့သူ အမျိုးသမီး ဖြစ်သော အဲနဲစ် မက်ကွေးက ပြန်လည် ထုတ်ဖော် ပြောကြား လိုက်ခြင်းဖြစ်သည်။
နောက်ထပ် သင်္ဘော နစ်မြုပ်ရာတွင် မသေဘဲ အသက်ရှင် လွတ်မြောက်ခဲ့သူ အမျိုးသမီး ဖြစ်သော ဟဲလင်မေရီမော်လဲက “ကျွန်မတို့သင်္ဘောက ရေခဲတောင်ကို တိုက်မိတာနဲ့ကျွန်မတို့ အိပ်ရာစင် ပေါ်ကနေ ပြုတ်ကျကြတယ်။ အဲဒီ အချိန်မှာ ဘုန်းဘုန်းက စြင်္ကန်မှာ လျှောက်လာပြီး လက်နှစ်ဖက်ကို မြှောက်ပြီးတော့ ကျွန်တော့်ရဲ့ ညီအစ်ကို တို့ စိတ်ငြိမ်ငြိမ်ထားကြပါ လို့ ပြောပြီး အားလုံးကိုအပြစ် လွှတ်တဲ့ ကောင်းကြီးကို ပေးပါတယ်။ ကျွန်မတို့ အထပ်ကို ပေးပြီးတာနဲ့ ကျန်တဲ့ အထပ်ကို သွားပြီးတော့ အခုလိုပဲ လိုက်လုပ်ပါတယ်။ အဲဒီလိုနဲ့ စိတ်သောက ရောက်နေကြတဲ့ခရီးသည် တွေလည်း စိတ်ငြိမ်သွားတယ်။ အဲဒီ အချိန်မှာ သင်္ဘောသား တစ်ယောက်က လာပြီးတော့ ဘုန်းဘုန်းကို အသက်ကယ် လှေထဲကိုတက်ဖို့ နှစ်ခါတိတိ လာဖျောင်းဖျပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းက သင်္ဘောပေါ်က ခရီးသည်တွေ အားလုံး ကယ်နိုင်မှပဲ သူလည်း လှေပေါ်ကို တက်မယ်လို့ ပြောလိုက်ပါတယ်။ ကျွန်မကတော့ နောက်ဆုံး အသက်ကယ်လှေပေါ်ကို တက်လိုက်ပြီး တဖြည်းဖြည်းနဲ့ သင်္ဘောနဲ့ ဝေးသွားရာ ရဟန်းတော် က သင်္ဘောပေါ်က သေကြတော့မယ့် ခရီးသည်တွေကို နှစ်သိမ့်ပေးနေတဲ့ အသံတွေကိုလည်း တိုးတိုးလေးနဲ့ပဲ ကြားနေရင်း ဝေးကွာသွားကြ တော့ တယ်”” ဟု ပြန်ပြောင်းသတိရရင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အင်္ဂလန်နိုင်ငံရှိ၊ ၎င်းင်း ဘုန်းတော်ကြီး သောမတ်စ် ဘိုင်လီစ်၏ကျောင်းတွင် လက်ရှိ တာဝန်ကျနေသော ဘုန်းတော်ကြီး ဘိုင်လီစ်က ခရီးသည်များ၏ ဝိညာဉ် ကောင်းစားရေးအတွက် အသက်ပေး စတေးခဲ့တော်မူသော ရဟန်း သောမတ်စ် ဘိုင်လီစ်ကို ရဟန်္တာ အဖြစ် တင်မြှောက်နိုင်ရန် စတင်နေပြီ ဖြစ်ကြောင်း ဧပြီလ ၁၄ ရက်နေ့က သတင်းထုတ်ပြန်တော်မူလိုက်သည်။
တိုင်တန်းနစ် သင်္ဘောသည် အမေရိကန်နိုင်ငံ ဆော်တမ်တွန် မြို့မှ နယူးယောက်မြို့သို့ ခုတ်မောင်း လာစဉ်၊ ရေခဲတုံးကြီး၏ ထိပ်ကို တိုက်မိပြီးနောက် အတ်္တလန်တိတ် သမုဒ်္ဒရာပင်လယ်တွင် ၁၉၁၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က နစ်မြုပ်ခဲ့ရာ ခရီးသည်ပေါင်း ၁၅၀၀ ဝန်းကျင် သေဆုံးသွားခဲ့ကြသည်ဟု မှတ်တမ်း တင်ထားကြသည်။ ထိုသို့တိုက်မိချိန်၌ ၎င်းင်းသင်္ဘောတွင် အသက်ကယ် လှေငယ်များ လုံလောက်စွာ တင်ဆောင် ထားခြင်း မရှိသော ကြောင့် ထိုကဲ့သို့ မြောက်များစွာသော ခရီးသည်များ သည် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။
ရဟန်းတော် သောမတ်စ် ဘိုင်လီစ်သည် ရောမမြို့တွင် ရဟန်း သိက်္ခာကို ၁၀ နှစ်ကျော်က ခံယူ ရရှိတော်မူခဲ့သူ ဖြစ်သည်။ သူသည် မိမိ၏ အစ်ကိုဖြစ်သူက နယူးယောက် မြို့၌ မင်္ဂလာဆောင်ရာတွင် ဘေးတွင် ရပ်ပေးရန်အတွက် တိုင်တန်းနစ် သင်္ဘောဖြင့် လိုက်လာခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် ၎င်းင်းရဟန်းတော်သည် အသက်တော် ၄၂ နှစ် ရှိပြီဟု သိရှိရသည်။ ၎င်းင်း ဘုန်းတော်ကြီး၏ အသေးစိပ် အကြောင်းအရာများကို www.fatherbyles.com  တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

ဝင်းလှိုင်ဦး

1485  Views
Previous: အာဖရိကနိုင်ငံသားများတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးကြရန် ကာဒီနယ်ဆရာတော် ယောဟန်အဲန်ဂျူးက တိုက်တွန်း
Next: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်နှင့်တွေ့ဆုံမေးမြန်းခန်း