အာရပ်စော်ဘွားများနိုင်ငံတွင် ကက်သလစ်ခရစ်ယာန်သာသနာတော်၏ ပထမဆုံးသော ကက်သလစ်ဘုရားကျောင်းကို ဖွင့်လှစ်ခဲ့ပြီ

 

012

အာဘူဒါဘီ၊ ဇွန်လ ၁၈၊ CNS
အာရပ် စော်ဘွားများ နိုင်ငံတွင် ကက်သလစ် ခရစ်ယာန်သာသနာတော်၏ ပထမဆုံးသော ရဟန်္တာပေါလူး ဘွဲ့အမည်ခံသော ကက်သလစ် ဘုရားကျောင်းကို ဇွန်လ ၁၁ ရက် နေ့က စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ၎င်းဘုရား ကျောင်းဖွင့်ပွဲသို့ ဗာတီကန်နိုင်ငံ၏ နိုင်ငံခြား ရေးဝန်ကြီး ကာဒီနယ် ပါရိုလင်း တက်ရောက်ခဲ့ ပြီး အာရပ်စော်ဘွားများနိုင်ငံမှ ယဉ်ကျေးမှု ဝန်ကြီး နာဇန်ဘင်းမူဘရက်၊ ဆရာတော်ကြီး ပေါလ်ဟင်ဒါတို့တက်ရောက်ကြပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

ဆရာတော်ကြီး ပေါလ်ဟင်ဒါက ““ကျွန်တော်တို့အနေနဲ့ အာရပ်စော်ဘွားများ နိုင်ငံရဲ့အစိုးရက သူတို့နိုင်ငံမှာ ခရစ်ယာန်များ ကိုလက်ခံတဲ့ အတွက် အထူးကျေးဇူးတင်သလို ဒီနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်တွေဟာ မိမိတို့ ရဲ့ဘဝဖြစ်ရပ်မှန်အတွက် ရပ်တည်နိုင်မှာဖြစ် သလို ခရစ်ယာန်တွေဟာ ခရစ်ယာန်တို့ရဲ့ ယုံကြည်ခြင်းကို ဖော်ထုတ်နိုင်မှာဖြစ်ပါတယ် ”” ဟု ၎င်းဘုရားကျောင်းဖွင့်ပွဲတွင် မိန့်ကြားတော် မူသည်။ ဆက်လက်ပြီး ဆရာတော်ကြီးက ““ကက်သလစ်သာသနာတော်၏ ရည်မှန်းချက် သည်ကား ခရစ်ယာန်ဘာသာဝင်များ၏ လူ့ အရင်းအမြစ်များကို တိုးတက်စေရန် အတွက် နည်းလမ်းပေါင်းစုံအသုံးချပြီး လုပ်ဆောင်မည် ဖြစ်ပါကြောင်း၊ ခရစ်ယာန်များအနေဖြင့် အာရပ် စော်ဘွားများနိုင်ငံကို ပိုမိုကောင်းမွန်သော အစေခံမှု ပြုလုပ်ပေးနိုင်ရန်အတွက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း”” မိန့်ကြားသည်။

၎င်းဘုရားကျောင်းဖွင့်ပွဲတွင် ဘာသာဝင်ပေါင်း ၅၀၀၀ ကျော် တက်ရောက်ဆုတောင်း ခဲ့ကြပြီး ၎င်းဘုရားကျောင်းသည် အာဘူဒါဘီမြို့ တော်မှ ၁၉ မိုင်အကွာတွင်တည်ရှိသော မူစာဖာ မြို့တွင်တည်ရှိပါသည်။ ၎င်းဘုရားကျောင်း၏ မြေသည် အာရပ်စော်ဘွားများ နိုင်ငံအစိုးရက လှူဒါန်းခြင်းဖြစ်ပြီး ၎င်းဘုရားကျောင်းတွင် ဘာသာဝင်ပေါင်း ၁၂၀၀ ဆန့်သော ဘုရား ကျောင်းနှင့် ၄၉၀၀၀ စတုရန်းပေ ကျယ်ဝန်း သော ကျောင်းဝင်းဖြစ်သည်။ ၎င်းဘုရားကျောင်း သည် ကျောင်းအနီးဝန်းကျင်တွင် နေထိုင်နေကြ သော ကက်သလစ်ခရစ်ယာန် ဘာသာဝင် ၇၀၀၀၀ ဝန်းကျင်ကို အစေခံရန် ဖြစ် ပြီး ဘာသာဝင်အများစုကမူ နိုင်ငံခြား (အာဖရိက၊ ဘင်္ဂလာဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ်္စတန်၊ ဖိလစ်ပိုင်) မှ လာရောက် အလုပ်လုပ်ကိုင်ကြသော ကက်သလစ် ဘာသာဝင်များဖြစ်ကြသည်။

၎င်းကျောင်းဖွင့်ပွဲ၌ ကာဒီနယ်ပါရိုလင်း က ““ ဒီနိုင်ငံမှာ နေထိုင်လုပ်ကိုင် နေကြတဲ့ ခရစ်ယာန်တွေဟာ မိမိတို့ရဲ့ယုံကြည်ခြင်းကို သက်သေခံနိုင်ခွင့်နဲ့ သူတို့ရဲ့ယုံကြည်ခြင်းထဲမှာ ရှင်သန် ကြီးထွားခွင့်ရရှိဖို့ လိုအပ်ပြီး အဲဒီလို ကြီးထွားလာမယ်ဆိုရင် တခြားသူတွေအပေါ်မှာ လည်း မေတ်္တာဂရုဏာ လုပ်ငန်းများကိုပါလုပ် ဆောင်လာနိုင်ကြမှာဖြစ်ကြောင်း”” ဖြင့် မှတ်ချက် ပြုတော်မူသည်။ ထို့အပြင် ပါရိုလင်းက ကက်သလစ်ခရစ်ယာန် သာသနာတော်သည် တခြားနိုင်ငံများမှ လူမျိုးစုံရောက်ရှိ လာကြသော် လည်း အာရပ်စော်ဘွားများနိုင်ငံထဲတွင် တဖြည်းဖြည်း အမြစ်တွယ် ကြီးထွားလာနေ ကြောင်း၊ ကျွန်ုပ်တို့၏ဘဝသည် တခြား ဘာသာများနှင့် နီးကပ်စွာဆက်ဆံနေကြောင်း၊ ထို့ကြောင့် ကျွန်ုပ်တို့သည် ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်သည့် လူ့အဖွဲ့အစည်း ကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ တဖက်တွင်လည်း ပြည်သူအားလုံး အတွက်တန်းတူညီမျှခြင်း၊ သာယာ၀ ပြောခြင်း၊ ငြိမ်းချမ်းခြင်းနှင့် တရား မျှတခြင်း လောကပါလ တရားများကို အခြေခံသော လူ့အဖွဲ့အစည်းကို တည်ဆောက်သွားရန် ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်းဖြင့် မိန့် ကြားတော်မူသည်။
ယဉ်ကျေးမှုဝန်ကြီး နာဇန် ဘင်းမူဘရက်က၊ မိမိတို့၏ ဦးဆောင် မှုသည် မိမိ၏နိုင်ငံထဲတွင်ရှိနေကြ သော ပြည်သူများ၏ဘာသာရေး ယုံကြည် ခြင်းမြောက်များစွာကို နားလည်ပေး ရန်နှင့် လေးစားပေးရန် တာဝန်ရှိ ကြောင်းနှင့် မိမိနိုင်ငံ၏ မှန်ကန်သော ကြွယ်ဝမှုကိုသိရှိကြောင်း၊ ယခု အခမ်း အနားတွင်ပါဝင်ကြသူ အားလုံး က လည်း မိမိတို့အစိုးရ၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေသည်ကို သက်သေခံကြမည်ဟု ယုံကြည် ကြောင်းဖြင့် ပြောဆိုလိုက်သည်။ ဆရာတော်ကြီး ပေါလ်ဟင်ဒါ က လည်း ယခုကဲ့သို့ သာသနာတော် အတွက် မြေကွက်လှူဒါန်းပေးခြင်း၊ လုပ်ပိုင်ခွင့်များကိုပေးခြင်း၊ နိုင်ငံတော် ၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးတို့ကို ဖော်ဆောင်ပေးသော ယူအေအီး အစိုးရနှင့် သမ်္မတ ခါလီဖာဘင်ဇာ ရေအလ်နာယမ် ကိုကျေးဇူးတင် စကား မြွက်ကြားတော်မူခဲ့သည်။ ဆရာတော်ကြီး ပေါလ်ဟင်ဒါ က သင့်တော်ပြီး ဆက်ကပသော ခေါင်းဆောင်များ က တာဝန်ယူခြင်း အသိ စိတ်အပြည့်ဖြင့် စီမံခန့်ခွဲသော နေရာ တွင် ဓနစည်းစိမ်သည် ကျေးဇူးတော်၊ ကောင်းကြီးတော် ဖြစ်လာသည်ဟု မှတ်ချက်ပြုတော်မူသည်။ အာရပ်စော်ဘွားများနိုင်ငံ တွင် နိုင်ငံ့လူဦးရေ၏ ၇၆% သည် မူစလင်များဖြစ်ကြပြီး ခရစ်ယာန်များ သည် နိုင်ငံလူဦးရေ၏ ၉%သာ ရှိကြ သည်။ ပထမဆုံးသော ကက်သလစ် ဘုရားကျောင်းတော်ကြီးကို ၂၀၁၃ ခုနှစ်၌ မြို့တော်အာဘူဒါဘီတွင် တည်ဆောက်ခဲ့သည်။ ဆရာတော်ကြီး ပေါလ်ဟင်ဒါသည် အရေဗျား တောင်ပိုင်းနိုင်ငံ (အာရပ် စော်ဘွား များ၊ အိုမန်၊ ယဲမင်) များတွင် ရှိနေကြသောကက်သလစ် ဘာသာ ဝင်ပေါင်း သိန်း နှစ်ဆယ် တို့၏ ရဟန်းမင်းကြီးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်း ဆောင်နေသည်။

ဂျိုးဇက်

1020  Views
Previous: အယ်ဒီတာ့အာဘော် (Vol-3, No-32)
Next: မြန်မာနိုင်ငံ၏ ပထမဆုံးသော ကာဒီနယ် ရဟန်းအမတ်အား လားရှိုးသာသနာ ဟိုခိုလွယ်ခမ်းတိုက်နယ်ကကြိုဆိုခြင်း