ပထမကိုယ်တော်မြတ်ပင့်ယူသော ကလေးငယ်များက အသင်းတော်၏ယုံကြည်ခြင်းကို ဝန်ခံထွက်ဆို

002-b

ရန်ကုန်၊ ဇွန်လ ၇
စိန်မေရီကာသီဒြယ်သာသနာမှ အသက် ၈ နှစ်အရွယ်ကလေးငယ်များသည် ပထမကိုယ်တော်မြတ်ပင့်ယူခြင်းကို ဇွန်လ ၇ ရက်နေ့က ပြုလုပ်ရာတွင် အသင်းတော်၏ ယုံကြည်ချက်များကို ဝန်ခံထွက်ဆိုခဲ့ကြသည်။ ၎င်းင်းပထမကိုယ်တော်မြတ်ပင့်ယူခြင်းကို ပြုလုပ်ရာတွင် စိန်မေရီကာသီဒြယ် သာသနာမှ ကျောင်းထိုင်ဘုန်းတော်ကြီး ဒေါ်မီနစ်သက်တင် က ဦးဆောင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မိန်းကလေး (၁၂) ဦးနှင့် ယောင်္ကျားလေး (၁၅) တို့ရရှိခဲ့ကြသည်။ ၎င်းင်းမစ်္ဆားပူဇော် ဆုတောင်း ခြင်းတွင် ဘုန်းတော်ကြီးသက်တင်က “ကိုယ်တော်မြတ်ကို ကလေးငယ်တွေက တန်ဖိုးထား မြတ်နိုးတတ်အောင် မိမိဖက်က တစ်လကြိုတင်ဘုရားစကား သင်ပေးခြင်းကို ပြုလုပ်ခဲ့ကြောင်း၊ နောက်ပြီး ဇွန်လ ၆ ရက်နေ့ကလည်း နောက်ဆုံး စာမေးပွဲ စစ်ခြင်းကို ထပ်မံပြုလုပ်ခဲ့ကြောင်း၊ ၎င်းင်း နောက်ဆုံးစာမေးပွဲဖြေဆိုတဲ့နေ့မှာ ကျွန်တော် မေးတာကို မဖြေနိုင်တဲ့သူတွေကိုတော့ ဒီနေ ဒီနေရာမှာ ပထမကိုယ်တော်မြတ်ကိုမပေး ကြောင်း၊ ဒါကြောင့်မို့ ဒီနေ့ဘုရားကျောင်းရဲ့ ရှေ့ဆုံးထိုင်ခုံမှာ ထိုင်နေကြတဲ့ သားငယ် သမီးငယ်တွေဟာ ပထမကိုယ်တော်မြတ်ကို လွယ်လွယ်နဲ့ ရတဲ့သူတွေမဟုတ်ဘဲ စာမေးပွဲ အောင်ပြီးမှ ဒီနေရာကို ရောက်ရှိ လာကြတာ ဖြစ်ပါတယ်” ဟု မိန့်ကြားသွားသည်။
ပထမကိုယ်တော်မြတ်ကို ပင့်ယူခွင့် ရရှိသော ဂလိုရီးယားအား မေးမြန်းရာတွင် “ကိုယ်တော်မြတ်ကို ပင့်ယူတော့ ခြေလက်တွေ တုန်တယ်။ ဒါပေမယ့် သမီးက ကိုယ်တော်မြတ် ကို စားလို့ရပြီ။ ပါးပါးတို့မိုးမိုးတို့ကို မအော် တော့ဘူး။ အော်မိရင် အာပါတ်သွား ဖြေရမယ်” ဟု သူမ၏ ရင်တွင်းဖြစ်စကားကို ပြောပြသည်။ ဂလိုရီးယား၏မိခင်ဖြစ်သူ ဒေါ်အေမီက သူမ၏သမီး ကိုယ်တော်မြတ် ရရှိခြင်းအပေါ် “ဝမ်းသာတာပေါ့။ ဖာသာရ်သက်တင်ကိုလည်း ကျေးဇူးတင်တာပေါ့” ဟု သူမ၏ ရင်တွင်း ခံစားချက်ကို ပြောပြသည်။
ဂလိုရီးယားက ဇွန်လ ၁၄ ရက်နေ့၊ တနင်္ဂနွေနေ့ရောက်တော့ “သမီး ဘုရားကျောင်း သွားရမယ်။ ကိုယ်တော်မြတ် ပင့်ရမယ်” ဟု မိဘများအား တောင်းဆိုသည်။ ဘာသာဝင်များ အား ယုံကြည်ခြင်းဆိုင်ရာပုံသွင်းပေးခြင်းသည် ကက်သလစ်သာသာနာတော်၏ အဓိက သာသနာလုပ်ငန်း ဖြစ်ပြီး သာသနာတော်အဓွန့် ရှည်ရေး အတွက်လည်း အခြေခံဖြစ်သည်။

ကုန်ဇမှုန်း

1429  Views
Previous: မြန်မာနိုင်ငံ၏ ပထမဆုံးသော ကာဒီနယ် ရဟန်းအမတ်အား လားရှိုးသာသနာ ဟိုခိုလွယ်ခမ်းတိုက်နယ်ကကြိုဆိုခြင်း
Next: စာသင်ချိန် လက်ကိုင်ဖုန်း နှင့် ဂိမ်းမကစားရန် မိုင်းရယ်မြို့နယ်မှ သင်ကြားရေးဆရာ၊ ဆရာမများအား ညွှန်ကြား