စာသင်ချိန် လက်ကိုင်ဖုန်း နှင့် ဂိမ်းမကစားရန် မိုင်းရယ်မြို့နယ်မှ သင်ကြားရေးဆရာ၊ ဆရာမများအား ညွှန်ကြား

 

မိုင်းရယ် ၊ ဇွန်လ (၁၁) ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့မှ အခြေခံပညာကျောင်းမှ ဆရာ၊ ဆရာမများအား စာသင်ချိန် အတွင်း လက်ကိုင်ဖုန်း အသုံးမပြုရန် နှင့် ဂိမ်းမကစားကြရန် ညွှန်ကြားထား ကြောင်း မိုင်းရယ်ပညာရေးဌာနမှ သိ ရှိရသည်။ မိုင်းရယ်မြို့နယ်မှာရှိတဲ့ သင်ကြားရေး ဆရာဆရာမတွေကို စာသင်နေချိန်မှာ လက်ကိုင်ဖုန်းနဲ့ ဂိမ်း ကစားတာ၊ ဖုန်းပြောတာ မလုပ်ဖို့ အတွက် ခရိုင်နဲ့ပြည်နယ်က ညွှန်ကြား စာထုတ်ထားပါတယ်။ မိုင်းရယ်မြို့ နယ်အနေနဲ့ မေလ နောက်ဆုံးပတ် ထဲမှာ ကျောင်းအပ်နှံရေးအတွက် အ စည်းအဝေး ပြုလုပ်စဉ်ကတည်းက စာသင်ချိန်မှာ လက်ကိုင်ဖုန်းမသုံးကြ ဖိုအတွက် ကြိုတင်ပြောဆိုညွှန်ကြား ထားပြီးပါပြီ ဟု မိုင်းရယ်မြို့နယ် ပညာ ရေးမှူး ဒေါက်တာ ဒေါ်မြင့်မြင့်အေး က ပြောသည်။ ရှမ်းပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံးမှ စာသင်ချိန် အတွင်း လက်ကိုင်ဖုန်းအသုံးမပြုရန် မေလ ၂၇ ရက်နေ့က သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာ ရေးမှူးများထံ ညွှန်ကြားစာထုတ် ဆင့်ခဲ့ကြောင်းသိရသည်။ မေလ ၂၂ ရက်နေ့ လားရှိုး မြို့တော်ခန်းမမှာပြုလုပ်တဲ့ နိုင်ငံတော် ဒုတိယသမ်္မတ ဒေါက်တာ စိုင်းမောက်ခမ်း နဲ့ ပြည်သူတွေ့ဆုံပွဲပြီးတဲ့ နောက်ပိုင်း မှာ ညွှန်ကြားချက် ထုတ်လိုက်တာပါ။ မိုင်းရယ်မြို့နယ် အထောက်အကူပြု အဖွဲ့ဥက်္ကဌဦးသိန်းအောင်က မိုင်းရယ် မြို့ရှိ အခြေခံပညာအထက်တန်း ကျောင်းမှာ စာသင်ချိန်အတွင်း ဆရာ ဆရာမတွေက လက်ကိုင်ဖုန်းနဲ့ ဂိမ်း ဆော့နေတာ တားမြစ်ပေးဖို့ တင်ပြ သွားတာဖြစ်တယ် ဟု ရှမ်းပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံးမှ ရုံးအုပ်ကြီး တစ်ဦးကပြောသည်။ ဒုတိယသမ်္မတ ခရီးစဉ် နောက်ပိုင်း တစ်နိုင်ငံလုံးရှိ အခြေခံ ပညာကျောင်းများ အားလုံးတွင် စာသင်ချိန်အတွင်း လက်ကိုင်ဖုန်း အသုံးမပြုရန် တားမြစ်ကြောင်း အမိန့် ထုတ်လိုက်ခြင်းဖြစ်ကြောင်း ပညာရေး ဌာနမှ သိရသည်။ မိုင်းရယ်မြို့နယ်သည် ရှမ်း ပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် အတွင်းပါဝင်သော လားရှိုးမြို့မှ (၅၅) မိုင်ခန့်ကွာဝေးသော မြို့နယ်တစ်မြို့ နယ်ဖြစ်ပြီး အခြေခံပညာကျောင်း (၁၇) ကျောင်းတွင် တက်ရောက်နေ သူ ကျောင်းသား၊ ကျောင်းသူပေါင်း (၆၀၀၀) ရှိပြီး သင်ကြားရေး ဆရာ၊ ဆရာမပေါင်း (၂၇၂) ဦးရှိကြောင်း၊ အထက်တန်းကျောင်းအနေဖြင့် (၁) ကျောင်းသာရှိကြောင်း သိရသည်။

မမ (ရှမ်းပြည်)

1446  Views
Previous: ပထမကိုယ်တော်မြတ်ပင့်ယူသော ကလေးငယ်များက အသင်းတော်၏ယုံကြည်ခြင်းကို ဝန်ခံထွက်ဆို
Next: စိန်ပေါလ်သာသနာပြုအသင်းဂိုဏ်းမှ ရဟန်းများနှင့်ကိုရင်များက အသင်းဂိုဏ်း၏ (၂၅) နှစ်မြောက် ဂျူဗလီပွဲတော် ကျင်းပ သာသနာပြုရာတွင် ယုံကြည်ခြင်းသည် အခြေခံလိုအပ်ချက်ဖြစ်ဟု ဆရာတော်မန်းဆိန်းဟှီ မိန့်ကြား