အင်္ဂလန်ကာဒီနယ် နီကော်လပ်စ်က ရွှေ့ပြောင်းသူများကို ပိုမိုရက်ရောစွာဖြင့် လက်ခံရန် အင်္ဂလန်အစိုးရအား တိုက်တွန်းတော်မူ

08

လန်ဒန်၊ စက်တင်ဘာ ၃၊ UK Catholic Herald

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၏ ရဟန်းအမတ်ဆရာတော်ကြီး နီကော်လပ်စ်က ရွှေ့ပြောင်းသူများကို ပိုမိုရက်ရောစွာဖြင့် လက်ခံရန် အင်္ဂလန် အစိုးရအား စက်တင်ဘာလ (၂) ရက်နေ့က ရုပ်မြင်သံကြားတစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် တိုက်တွန်းတော်မူလိုက်သည်။

ဆရာတော်ကြီးက “ အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော စစ်ပွဲများကြောင့် ချမ်းသာသော မိမိတို့ဥရောပနိုင်ငံများသို့ လာရောက် ထွက်ပြေးခိုလှုံရန် မိမိတို့၏ကမ်းခြေနှင့် ဆိပ်ကမ်းများတွင် ရောက်ရှိလာသူများအား တားဆီးခြင်းကြောင့် သေကြေပျက်စီးစေခြင်းနှင့် ၎င်းတို့၏သေနေသောအလောင်းများကို တွေ့မြင်နေရခြင်းသည် လွန်စွာပင်စက်ဆုတ်ဖွယ်ရာ လုပ်ရပ်ဖြစ်သည်ဟု ပြည်သူများက မိမိ အားပြောဆိုကြကြောင်း” ကို ထည့်သွင်းမိန့်ကြားတော်မူသည်။

ဆရာတော်ကြီးက အင်္ဂလန်နိုင်ငံအနေဖြင့် ဒုက္ခသည်လူဦးရေတစ်သောင်းကို လက်ခံလိုက်သည့်တိုင်အောင် ၎င်းပမာဏသည် ပြသနာ တစ်ခုလုံး၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်မည်ဟု သတင်းထောက်အား မီးမောင်းထိုးပြသည်။ ဥရောပနိုင်ငံများသို့ တရားမဝင် ဝင်ရောက်ရန်အတွက် ဆီးရီးယားနိုင်ငံမှ လူဦးရေ (၇၁) ယောက်သည် သြစတြီးယားနိုင်ငံသို့ မော်တော်ကားဖြင့် လျှို့ဝှက် သယ်ဆောင် လာရာတွင် ကားထဲတွင် လှောင်ပိတ်ထားပြီး လေမဝင်သောကြောင့် ကလေးအပါအဝင် (၇၁) ဦးတို့၏ အလောင်းကို ကားထဲတွင် သြဂုတ်လ (၂၉) ရက်နေ့က သြစတြီးယားရဲက တွေ့ရှိဖမ်းမိထားသည်။

ဆရာတော်ကြီးနီကော်လပ်စ်က ပြည်သူများသည် ၎င်း ဒုက္ခဝေဒနာကို လူသားများ၏မျက်နှာတွင် စတင်တွေ့မြင်နေကြရပြီဖြစ်ကြောင်း၊ ယခုပြသနာသည် မမြင်မထိနိုင်သော ပြသနာမျိုးမဟုတ်ကြောင်း၊ မိသားစုများ၊ သက်ကြီးရွယ်အိုများ၊ သားငယ်သမီးငယ်များအတွက် ရည်ရွယ်ပြီး စိတ်ဓါတ်ကျနေသူများသည် ပြည်သူများသာဖြစ်ကြောင်း၊ ယခုကဲ့သို့သော ရွှေ့ပြောင်းလုပ်သားများကို ပိုပြီးတွေ့ ရလေလေ၊ နိုင်ငံရေးတုံ့ပြန်ချက်သည်လည်း ပိုပြီးတော့ရက်ရောမှုရှိလေလေ ဖြစ်သင့်ပါကြောင်း၊ ယခုပြသနာမှ လူသားများ၏အနိဌာရုံက ငိုကြွေး အော်ဟစ်ကြောင်းဖြင့် အကျယ်တဝင့် မီးမောင်းထိုးပြတော်မူသည်။   ကုန်ဇမှုန်း

1395  Views
Previous: ဘုရားရှင်မြတ်၏ အမှန်တရား၊ ချစ်ခြင်းမေတ်္တာနှင့် ကောင်းမြတ်တော်မူခြင်းတို့က မိမိတို့အား သန့်ရှင်းစေတော်မူဟု အငြိမ်းစားရဟန်းမင်းကြီး ဘေနေဒစ်က မိန့်ကြားတော်မူ
Next: ဖမ်းဆီးခံနေရသော ဆရာတော်ကြီးကို လွှတ်ပေးရန် တရုတ်အစိုးရအား ကက်သလစ်ဘာသာဝင်များက တောင်းဆို