မြန်မာပြည်သူပြည်သားအပေါင်းတို့ အကြောက်တရားကင်းစွာ ရဲရင့်စွာ မဲထည့်ကြပါစို့

11205056_1084893851522218_5469977584296555341_n

မြန်မာနိုင်ငံအတွင်း မှီးတင်းနေထိုင်ကြပါသော နိုင်ငံသူနိုင်ငံသား မိတ်ဆွေအပေါင်းတို့

မြန်မာနိုင်ငံသမိုင်း၏ အရေးပါသော အလှည့်အပြောင်းအခါသမယကို စောင့်မျှော်နေကြသော သင်တို့အားလုံး အား မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သပါတယ်။ နိုင်ငံတော်က ဆယ်စုများစွာစောင့်မျှော်နေခဲ့ပါတယ်။ လွဲမှားသော အာရုဏ်တက်ချိန်များစွာ ကို ဖြတ်ကျော်ခဲ့ပြီး ယခုအခါ ပထမဆုံးအနေနဲ့ လွတ်လပ်သော ရွေးကောက်ပွဲကို ပြန်လည် ရရှိကြပါပြီ။ ပါတီပေါင်း ၉၃ ပါတီမှ ကိုယ်စားလှယ်လောင်းပေါင်း ၅၈၀၀ နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၃၀၀၀ တို့ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီမိုကရေစီကို လိုလားတဲ့ စိတ်ဆန္ဒတွေဟာ ပြည် မြန်မာတဝှမ်းလုံးကို လွှမ်းခြုံလို့ထားနေပါတယ်။

ဒီမိုကရေစီရဲ့ ရည်မှန်းချက်တွေကို ဖေါ်ဆောင်ဖို့ ပြတ်သားစွာဆုံးဖြတ်ချက်ချထားတဲ့ ကျွန်ုပ်တို့ရဲ့ ခေါင်းဆောင် များကို ချီးမွမ်းသြဘာေ ပးပါတယ်။ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ စွမ်းအားရှိသမျှ ကြိုးပမ်းဆောင် ရွက်နေကြသော ဝန်းထမ်းများကိုလည်း ဂုဏ်ပြုပါတယ်။ အမုန်းတရားတွေ၊ ဖျက်လိုဖျက်စီးလုပ်ချင်တဲ့ ပယောဂ တွေကလည်း ကျွန်ုပ်တို့ နိုင်ငံတော်ရဲ့ နာမည်ကောင်းကို အကျည်းတန်အောင် အစွမ်းကုန် လုပ်ဆောင် နေကြပါလိမ့်မယ်။ ရွေးကောက်ပွဲနဲ့ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေကို ရှောင်လွဲနိုင်ဖို့ ဆိုတာ ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုကို အတတ်နိုင်ဆုံး ရင်ဆိုင်ဖို့ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင် နေကြ တဲ့ အာဏာပိုင် အဖွဲ့အစည်းများရှိနေလို့ ဝမ်းသာပါတယ်။

ရွေးကောက်ကော်မရှင်ဟာ ရဲရင့်ပြတ်သားဖို့အတွက် ကျွန်ုပ် အထူး ဆုတောင်းမေတ္တာပို့သပါတယ်။ ယခု အချိန်ထိ ဆောက်ရွက်နေတာေ တွအတွက် အသိအမှတ်ပြုထိုက်ပါတယ်။ နောက်ဆုံးအပိုင်းက ပိုပြီး သတိ ဝီရိယ စိုက်ထုတ်ရပါလိမ့်မယ်။ ကျေးဇူးပြုပြီး ဒီရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတခြင်းနဲ့ ပွင့်လင်း မြင်သာမှုတို့ကို အာမခံချက်ပေးနိုင်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ပေးပါ လို့ တောင်း ဆိုပါရစေ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ကမ္ဘာတစ်ခုလုံးက စိတ်ဝင်စားစွာ အလေးအနက် ထား စောင့်ကြည့်နေပါလိမ့်မယ်။ ကမ္ဘာတဝှမ်းက မြန်မာသံရုံးတွေမှာ ပေးခဲ့တဲ့မဲတွေ၊ ကြိုတင်မဲတွေဟာ စိုးရိမ်းစရာအဖြစ် ယူဆခံနေရပါတယ်၊ ဒါတွေကို ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ သမာသမတ်ကျစွာ လုပ်ဆောင်ပေးလိမ့်မယ်လို့ ကျွန်ုပ်ယုံကြည်ပါတယ်။ တိုင်းသူပြည်သားတွေက ရွေးကောက်ပွဲကို ငြိမ်းငြိမ်း ချမ်းချမ်းပဲ ဖြစ်စေချင်ကြပါတယ်။

ဆန္ဒမဲပေးခြင်းသည် မွန်မြတ်သောရပိုင်ခွင့်

ဆန္ဒမဲပေးခြင်းမဲခြင်းအားဖြင့် လူတွေဟာ သူတို့ရဲ့ အနာဂတ်ကို ဖန်တီးနေကြပါတယ်။ မဲရုံကိုသွားတယ်ဆိုတာ မျှော်လင့်ခြင်းခရီးကို သွားခြင်းပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့အားလုံး ဒီခရီးကို သွားကြပါစို့။ မဲရုံကို သွားကြပါ၊ ကျွန်ုပ်တို့ရဲ့ ကံကြမ္မာဟာ မဲပုံးထဲမှာရှိပါတယ်။ လူထုအတွက်၊ လူထုက လူထုရဲ့ ဒီမိုကရေစီ ဖေါ်ဆောင်ခြင်း အားဖြင့် ကြီးမြတ်တဲ့ နိုင်ငံရဲ့သမိုင်းကို ကဗျည်းထိုးပေးပါလိမ့် မယ်။ မြန်မာပြည်ဟာ ဒီအခွင့်အရေးအတွက် အကြာကြီး စောင့်မျှော်နေခဲ့ရပါတယ်။

ယနေ့ဟာ အဲဒီ ကံကြမ္မာနဲ့ရှိနေတဲ့ ကျွန်ုပ်တို့ရဲ့ နေ့ရက်ချိန်ခါဖြစ်ပါတယ်။ ကြွေလည်းအတူ၊ ဝေလည်းအတူ ဆိုတဲ့ စကားအတိုင်း ပါပဲ။ မဲပုံးတွေဟာ ကျွန်ုပ်တို့အားလုံးရဲ့ အနာဂတ်ကို ဖန်တီးပေးပါလိမ့်မယ်။ ဘုရားသခင် က မြန်မာနိုင်ငံကို မြေပေါ်မြေအောက် သယံဇာတတွေနဲ့ ကြွယ်ဝချမ်းသာစေပါတတယ်။ သယံဇာတ အားလုံးထဲမှာ တန်ဘိုးအရှိဆုံးက အတူတကွ အေးအတူ ပူအမျှ ပေါင်းသင်းနေထိုင်ကြတဲ့ ၁၃၅ မျိုးသော တိုင်းရင်းသား သွေးချင်းညီအစ်ကို မောင်နှမတွေရဲ့ စည်းလုံးညီညွတ်ခြင်းပဲ ဖြစ်ပါတယ်။ ယနေ့ ကျွန်ုပ်တို့ ငြိမ်းချမ်းခြင်းကို အလွန်လိုအပ်နေပါတယ်။

တရားမျှတသော ရွေးကောက်ပွဲက အမိနိုင်ငံတော်နဲ့ ကျွန်ုပ်တို့ အားလုံးအတွက် ငြိမ်းချမ်းခြင်းနှင့် သာယာ ဝပြောခြင်း ကို ဆောင်ကြဉ်းပေးပါလိမ့်မယ်။ သန့်စင်တဲ့ကျွန်ုပ်တို့ တိုင်းပြည်ရဲ့ သမိုင်းဝင် ဂုဏ်ကျက်သရေကို ပြန်လည် ရရှိစေပါလိမ့်မယ်။ အဲဒီ ကြီးမြတ်သော မျှော်လင့်ချက်တစ်ခု အစစ်အမှန် ဖြစ်လာစေဖို့အတွက် ကျွန်ုပ်၏ အဆွေတော် တိုင်းသူပြည်သားအပေါင်း အကြောက်တရားကင်းစွာ၊ ထောက်ထားညှာတာခြင်း ကင်းစွာ အမှန်အတိုင်း ရဲရင့်စွာ မဲထည့်ကြပါစို့ . . .။

အမိမြန်မာနိုင်ငံတော်အား ဘုရားရှင်ကောင်းကြီးပေးတော်မူပါစေသော်။

ကာဒီနယ် ချားလ်စ်ဘို

ရန်ကုန်ကက်သလစ်သာသနာဂိုဏ်းချုပ်ဆရာတော်ကြီး

1810  Views
Previous: People of Myanmar – Vote without fear or Favor
Next: ရုရှားအစိုးရ၏ ဆီရီးယားနိုင်ငံပြည်တွင်းစစ်ထဲတွင် ဝင်ရောက်မှုကို ဆီးရီးယားကက်သလစ်ဆရာတော်ကြီးက ကြိုဆိုထောက်ခံ