သနားကြင်နာခြင်းဂျူဗလီတံခါးကြီးကို ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ဖွင့်လှစ်တော်မူ

01-b

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ထူးခြားသောသနားကြင်နာခြင်းဂျူဗလီနှစ်ကို စတင်ရန်အတွက် ရဟန်္တာပီတာ ဘုရားကျောင်းတော်ကြီး၏ တံခါးဝကို ဒီဇင်ဘာလ ၈ ရက်နေ့က ဖွင့်လှစ်ခြင်းအားဖြင့် စတင်လိုက်ပြီ ဖြစ်ပါသည်။ ၎င်းဂျူဗလီ တံခါးဖွင့်ပွဲသို့ အငြိမ်းစားရဟန်းမင်းကြီးဘေနေဒစ် (၁၆) နှင့် ဘာသာဝင်ပေါင်း ခုနှစ်သောင်းကျော် ပါဝင်တက်ရောက် ဝတ်ပြုတော်မူကြ သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် အလှဆင်ထားသော စိန်ပီတာဘုရားကျောင်းတော်ကြီး၏ အဝင်ဝတံခါးတော်ကို လက်ဖြင့် ငါးကြိမ်တိတိ ထုပြီးနောက် မြတ်စွာဘုရားသခင်၏ တရားမျှတခြင်းကို ကိုယ်စားပြုသော ဂျူဗလီတံခါးကို ဖွင့်ဟု မိန့်ကြားရင်း ၎င်းတံခါးကို တွန်းဖွင့်တော်မူလိုက်သည်။ ရဟန်းမင်းကြီးက ဂျူဗလီတံခါးတော်ကို ကောင်းကြီးပေးပြီး ဖွင့်လှစ်ရာတွင် ““ထူးခြားသော ဂျူဗလီနှစ်သည် ဂျူဗလီနှစ်ကိုယ် တိုင်က ကျေးဇူးတော်၏လက်ဆောင် ဖြစ်ကြောင်း၊ ဂျူဗလီတံခါးတော်ကို ဖြတ်ပြီး ဝင်ရောက်လာကြသူများအနေဖြင့် ဘုရားရှင် မြတ်၏ သနားကြင်နာခြင်းကို ပြန်လည်တွေ့ရှိရန်နှင့် ဘုရားသခင်၏မေတ်္တာတော်ဆိုင်ရာ နက်နဲရာကိုလည်း တွေ့ကြုံခံစားကြ ရန် ဖိတ်ခေါ်တော်မူလိုက်သည်။

ဆက်လက်ပြီး ရဟန်းမင်းကြီက ““ သနားကြင်နာခြင်းသည် တရားစီရင်ခြင်းကို မပြုလုပ်မီ ဦးစွာလာရမည်ဖြစ်ကြောင်း၊ ခမည်း တော်ဘုရား၏ တရားစီရင်ချက်သည်လည်း အရှင်မြတ်၏သနားခြင်းအပေါ်မူတည်နေမည် ဖြစ်ကြောင်း၊ ဂျူဗလီတံခါးတော်မြတ်ကို ဖွင့်လှစ်ခြင်းသည် ကက်သလစ်ခရစ်ယာန်ဘာသာဝင်များအား ဂျူဗလီနှစ်အတွင်းတွင် ကယ်တင်ခြင်းသို့ ပို့ဆောင်ပေးမည့် ထူးခြားသော လမ်းစဉ်မြတ်ကို ပေးကမ်းခြင်း ဖြစ်သည်”” ဟု မီးမောင်းထိုးပြတော်မူလိုက်သည်။

ရဟန်းမင်းကြီးက ““ဂျူဗလီတံခါးထဲသို့ ဝင်ရောက်ခြင်းသည် ကောင်းကင်တမန်တော်ဂါဗြီအဲလ်က မယ်တော်မာရီယားအိမ်ထဲသို့ ဝင်ရောက်ပြီး မာရီယားသည် ဘုရားသခင်၏မယ်တော် ဖြစ်လာမည်အကြောင်းကို သတင်းကောင်းပါးသကဲ့သို့ပင်၊ ကျွန်ုပ်တို့အား လုံးသည်လည်း ဘုရားနှုတ်ကပတ်တော်၏ အလင်းပြမှုအောက်တွင် ဤအပြုအမှုကဲ့သို့ပင် လုပ်ဆောင်ကြရသည်”” ဟု မိန့်ကြား တော် မူသည်။

ဤသနားကြင်နာခြင်းဂျူဗလီနှစ်သည် ကက်သလစ်သာသနာတော်ထဲတွင် အထင်ကရ ဖြစ်သော ဒုတိယအကြိမ်ဗာတီကန်ကောင်စီ ဓမ်္မညီလာခံ ကျင်းပသော နှစ် (၅၀) ပြည့်သော နှစ်နှင့် တိုက်ဆိုင်ရာ၊ ရဟန်းမင်းကြီးက ကက်သလစ်ဘာသာဝင်များအားလုံးသည် ၎င်းညီလာခံ၏ခံယူချက် ဖြစ်သော ပွင့်လင်းခြင်းစိတ်ဓါတ်ကို ကျင့်ကြံကြရမည် ဖြစ်ကြောင်း၊ သူတော်မြတ်ပုပ်ပေါလူး (၆) မိန့်ကြား သကဲ့သို့ ကောင်းသောဆာမရီတန်၏စိတ်ထားကို ပိုင်ဆိုင်ကျင့်ကြံကြရမည် ဖြစ်ကြောင်း”” ဖြင့် မီးမောင်းထိုးပြတော်မူသည်။

ဤသနားကြင်နာခြင်းဂျူဗလီနှစ်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် စတင်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ဖြစ် သော ခရစ်္စတူးဘုရင်ပွဲတော်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်ဟု သတင်းရရှိသည်။ ဤဂျူဗလီနှစ်တွင် ရဟန်းမင်းကြီးသည် မိမိသာ အပြစ်ဖြေ လွှတ်ခွင့်ရှိသော ကိုယ်ဝန်ဖျက်ချခြင်းအပြစ်ကို တကမ်္ဘာလုံးမှ ကက်သလစ် ရဟန်းတော်များ အားလုံးက အခွင့်လွှတ်ခြင်း ပေးနိုင်သည့် ရဟန်းမင်းကြီး၏အထူးလုပ်ပိုင်အခွင့်ကို အပ်နှင်းတော်မူလိုက်ပြီ ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် သနားကြင်နာခြင်းဂျူဗလီနှစ်တံခါးဖွင့်လှစ်ခြင်းကို ရောမမြို့တွင်သာမက၊ တကမ်္ဘာလုံးရှိ ကက်သလစ် ဆရာတော်ကြီးများ သီတင်းသုံးနေရာရှိ ကာသီဒြယ်ဘုရားကျောင်းတော်ကြီးများတွင်လည်း ပြုလုပ်ကြရန် ကက်သလစ်ဆရာတော်ကြီးများ အား လမ်းညွန်ချက် ထုတ်ပြန်ပေးခဲ့သည်။ ၀၀၁ ကုန်ဇမှုန်း

1185  Views
Previous: IVF (In Vitro Fertilization) နည်းပညာကိုအသုံးပြုပြီး ကလေးရအောင် ပြုလုပ်ခြင်းသည် အပြစ်ဖြစ်သည်ဟု ဆရာတော်ကြီးဂျွန်စောယောဟန်က မိန့်ကြားတော်မူ
Next: ကက်သလစ်သာသနာတော်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရနှင့်လက်တွဲဆောင်ရွက်ရန် အသင့်ရှိနေပြီဟု ကာဒီနယ်ချားလ်စ်ဘိုက ထုတ်ပြန်