လက်ထပ်ထိမ်းမြားခြင်းသည် ပဋိညာဉ်ဖြစ်သည်ဟု ဘုန်းတော်ကြီးဟိုင်ဂျီနူးစ်မြင့်စိုးက မိန့်ကြားတော်မူ

10

ရန်ကုန်၊ ဒီဇင်ဘာ ၂၊ ၂၀၁၅

ရန်ကုန်ကက်သလစ်သာသနာပိုင်၊ စိန်ပီတာနှင့်စိန်ပေါလ်ကျောင်းထိုင်ဘုန်းတော်ကြီး ဟိုင်ဂျီနူးစ်မြင့်စိုးက လက်ထပ်ထိမ်းမြားခြင်း ဘုရားရှေ့လူရှေ့တွင်သစာပြုသော ပဋိညာဉ်ဖြစ်သည်ဟု ဒီဇင်ဘာ (၁) ရက်နေ့က စိန်အန်ထော်နီဘုရားကျောင်းဝင်းတွင်ပြုလုပ် သော ကက်သလစ်ကိုယ်ကျင့်တရားဆိုင်ရာ သွန်သင်ချက်နှင့်စပ်လျဉ်းသော ဂလိုရီးယားသတင်းဂျာနယ်၏ ဟောပြောပွဲတွင် မိန့်ကြားတော် မူလိုက်သည်။

၎င်းဟောပြောပွဲသို့ ဆရာတော်ဂျွန် စောယောဟန်၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်များအဖွဲ့ချုပ်၏အမှုဆောင်အတွင်းရေးမှူး ဘုန်းတော်ကြီးမောရစ်ညွန့်ဝေနှင့် ရန်ကုန်ကက်သလစ်သာသနာ၊ စိန်ပီတာနှင့်စိန်ပေါဓမ်္မသင်တန်းကျောင်း၏  ကျောင်းအုပ် ဘုန်းတော်ကြီး ဟိုင်ဂျီနူးစ်မြင့်စိုးတို့နှင့် အတူ ကိုရင်သီလရှင်များ၊ ရဟန်းတော်များနှင့်ဘာသာဝင်ဂျာနယ်ဖတ်ပရိသတ်ပေါင်း (၁၃၅) ယောက် တက်ရောက်ဆွေးနွေးခဲ့ ကြသည်။

ဘုန်းဘုန်း မြင့်စိုးက၊ လက်ထပ်ထိမ်းမြားခြင်းအကြောင်းကို ဟောပြောရာတွင် ““လက်ထပ်ထိမ်းမြားခြင်းဟာ စာချုပ်မဟုတ်ဘဲ ဘုရားရှေ့လူ့ရှေ့တွင် ကတိပြုရသော ပဋိညာဉ်ဖြစ်ပါတယ်”” ဟု မီးမောင်းထိုးပြတော်မူသည်။ ဆက်လက်ပြီး ဘုန်းဘုန်းမြင့်စိုးက ““လက်ထပ်ကြသော အမျိုးသားအမျိုးသမီးများသည် ဖန်ဆင်းရှင်ဘုရားသခင်၏ တွဲဖက်ဖန်ဆင်းရှင်များ ဖြစ်ကြကြောင်း၊ တွဲဖက် ဖန်ဆင်းရှင်တာဝန်ကို ရဟန်းမင်းကြီး၊ ဆရာတော်တွေ၊ ရဟန်းသူတော်စင်တွေ မရနိုင်ကြောင်း၊ ဒါကြောင့်မို့ လင်မယားများအနေ ဖြင့် တွဲဖက်ဖန်ဆင်းရှင်များ ဖြစ်နေကြကြောင်းကို အမြဲဂုဏ်ယူကြရမည်ဖြစ်ကြောင်း”” ဖြင့် အကျယ်တဝင့် ရှင်းပြပေးတော်မူသည်။

၎င်းဟောပြောပွဲသည် ဂလိုရီးယားသတင်းဂျာနယ်၏ (၃) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ၎င်းဂျာနယ်တိုက်ကထောက်ပံ့ပြီး၊ ဂျာနယ်ဖတ်ပရိ သတ်များကို ကျေးဇူးတုံ့ပြန်ခြင်းအဖြစ် ““ကက်သလစ်ကိုယ်ကျင့်တရားဆိုင်ရာ သွန်သင်ချက်”” ခေါင်းစဉ်ဖြင့် စိန်အန်ထော်နီ ဘုရားကျောင်းဝင်းရှိ၊ ရောင်ခြည်ဦးခန်းမဆောင်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဂလိုရီးယားသတင်းဂျာနယ်သည် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင်ထုတ်ဝေသော ကက်သလစ်သာသနာတော်၏ သွန်သင်ချက်များကို ဦးစားပေးတင်ဆက်ပေးသော လစဉ်ထုတ်သတင်းဂျာနယ် ဖြစ်သည်။ ၀၀၉ အယ်ဒီတာချုပ်

2116  Views
Previous: ကရင်ပြည်နယ်ဘုရားသုံးဆူတွင် ကက်သလစ်ဘုရားကျောင်းသစ် ဖွင့်ပွဲကျင်းပ
Next: စီအေဒီအဖွဲ့အစည်းက နွားထိုးကြီးမြို့နယ်ရှိ မိမိ၏ပြီးဆုံးသွားသောဖွံ့ဖြိုးရေးအစီအစဉ် အလှူရှင်၊ အကျိုးခံစားသူများနှင့်ပြန်လည်သုံးသပ်