ခြေဆေးခြင်းကိုပြုလုပ်ရာတွင် ကက်သလစ်ဘာသာဝင်အမျိုးသမီးများကိုပါ ထည့်သွင်းဆေးကြောရန် ရဟန်းမင်းကြီးဖရန်စစ်က အမိန့်ထုတ်ပြန်

12

ဗာတီကန်၊ ဇန်နဝါရီလ ၂၁

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ကြာဿသပတေးကြီးဖြစ်သော ခရစ်တော်၏နောက်ဆုံးညစာစားပွဲနေ့၏ဝတ်ပြုဆုတောင်းရာ တွင် တပည့်တော် (၁၂) ပါးတို့အား ခြေဆေးခြင်းမင်္ဂလာအခမ်းအနားတွင် အမျိုးသမီးများကိုပါ ထည့်သွင်းဆေးကြောရန် တကမ်္ဘာ လုံးရှိ ကက်သလစ်ဆရာတော်ကြီးများနှင့်ရဟန်းတော်များအား အမိန့်စာကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့က ထုတ်ပြန်တော်မူလိုက်သည်။ ယခုအမိန့်စာသစ်သည် ၁၉၅၅ ခုနှစ် နိုဝင်ဘာလတွင် ပြင်ဆင်ထုတ်ပြန်ခဲ့သော အ့န ိနခမနန ြထေငာေ ျွနိနာစအငသညငျ ညသျအမနေ ာပျအနမငေ အမိန့်စာအရ ကက်သလစ်သာသနာတော်၏ သန့်ရှင်းသော အပတ်၏ဝတ်ပြု နည်းများတွင် အမျိုးသား (၁၂) ဦးကိုသာ ခြေဆေးခြင်းပြုလုပ်ခဲ့သော ဝတ်ပြုနည်းကို အဆုံးသတ်သွားပြီ ဖြစ်သည်။

ရဟန်းမင်းကြီး ဖရန်စစ်က ကက်သလစ်သာသနာတော်၏ စက်္ကရမင်းတူးစည်းမျဉ်းများနှင့်ဝတ်ပြုကိုးကွယ်ခြင်းဌာန (ဝန်ကြီးဌာန၏ ဝန်ကြီး)ကို တာဝန်ယူထားသော ကာဒီနယ်ဆရာတော်ကြီး ရောဘတ်ဆာရတ်အား လိပ်မူထားသော ဒီဂရီစာတွင် ““ယနေ့မှ စပြီး ခြေဆေးခြင်းမင်္ဂလာတွင် လူ (၁၂) ဦးကို ရွေးချယ်ရာတွင် ဘုရားသခင်၏လူမျိုးတော်အဖွဲ့သူ/သားများအား လုံးထဲက ရွေးချယ်ကြ ရ တော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကက်သလစ်သာသနာတော်၏ဝတ်နည်းစာအုပ်တွင် ““ဘုရားအမှုတော်ကို ထမ်းဆောင်သူများ ၏အဖော်ပြုခြင်းဖြင့် ရွေးချယ်ခြင်းခံကြရသော အမျိုးသားများ”” အစား ““ဘုရားအမှုထမ်းများ၏ အဖော်ပြုခြင်းဖြင့် ဘုရားရှင်မြတ်၏ လူမျိုးတော်များထဲမှာ ရွေးချယ်ခံကြရသူများ”” ဟု ပြောင်းလဲအစားထိုးကာ ရွတ်ဆိုကြရတော့မည် ဖြစ်ကြောင်း၊ ဆရာတော်ရ ဟန်း တော်များသည် ခြေဆေးခြင်းကို ခံယူမည့်အမျိုးသားနှင့်အမျိုးသမီးများကို ရွေးချယ်ရာတွင် ကက်သလစ်ဘာသာဝင်အဖွဲ့များကို ကိုယ်စားပြုသော လူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာသူများနှင့်ဖျားနာသူများ၊ ရဟန်းများ၊ သူတော်စင်ကိုရင်သီလရှင်များနှင့် သာမန်ဘာသာဝင်များကိုထဲ ၁၂ ဦးကို ရွေးချယ်နိုင်ကြောင်း”” ပြဌာန်းထားသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးအဖြစ် အရွေးခံရသော ၂၀၁၃ ခုနှစ်တွင် ကြာဿပတေးကြီးနေ့ဖြစ်သော ခရစ်တော် ၏ နောက်ဆုံးညစာစားပွဲနေ့တွင် ရောမမြို့ရှိ ကာဆာဒေမာမိုကလေးအကျဉ်းထောင်သို့ ကြွရောက်ပြီး အမျိုးသမီး (၂) ဦး၊ မူဆလင်(၂) ဦးပါဝင်သော လူငယ် ၁၂ ဦးတို့၏ ခြေကို စတင်ဆေးကြောပေးတော်မူခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်မူ ကြာဿပတေးကြီး နေ့ဖြစ်သော ခရစ်တော်၏နောက်ဆုံးညစာစားပွဲနေ့တွင် ဒွန်နိုချီဌာနသို့ သွားရောက်ပြီး လူငယ်များ၊ သက်ကြီး ရွယ်အိုများနှင့် အမျိုးသမီး (၄) ဦးတို့စသော ကက်သလစ်ဘာသာဝင်မဟုတ်သူများ၏ခြေထောက်ကို ဆေးကြောပေးတော်မူခဲ့ရာ ကက်သလစ်သာသနာ တော်ထဲတွင် အငြင်းပွားစရာ စတင်ဖြစ်လာခဲ့သည်။

ယခုထွက်ပေါ်လာသော ခြေဆေးခြင်းဆိုင်ရာဒီဂရီအမိန့်နှင့်စပ်လျဉ်းပြီး ကက်သလစ်သာသနာတော်၏  ဝတ်ပြုကိုးကွယ်ခြင်း ဝန်ကြီးဌာန မှ ဒုတိယဝန်ကြီးဖြစ်တော်မူသော ဆရာတော်ကြီး အာတူရိုချေအား ကက်သလစ်ဘာသာဝင် မဟုတ်သူများကိုလည်း ယခုဒီဂရီ အသစ်က ခြေဆေးပေးရန် ခွင့်ပြုမပြုကြောင်းကို ဇန်နဝါရီလ ၂၁ ရက်နေ့က မေးမြန်းရာတွင်၊ ဆရာတော်ကြီးက ““ယခုဥပဒေသစ်တွင်မူ ဆရာတော်၊ ရဟန်းတော်လက်အောက်ရှိ ကက်သလစ်ဘာသာဝင်များကိုသာ ရည်ညွန်းထားကြောင်း၊ သို့သော် ကက်သလစ်ဘာသာဝင် ၏ ဇနီး (ဝါ) လင်၊ သားသမီးတို့သည်လည်း ဘုရားရှိခိုးတိုင်း ဘုရားကျောင်းသို့ လိုက်လံပါ ဝင်လျှင်မူ သူတို့ကိုလည်း ခြေဆေးရာ တွင် ရွေးချယ်နိုင်သည်”” ဟု ဖြေကြားပေးတော်မူသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးဖြစ်တော်မူသော ဆရာတော်ကြီး အာတူရိုချေက ““ရဟန်းမင်းကြီးက ကက်သလစ်ခရစ်ယာန်ဘာသာဝင် မဟုတ်သူအား ခြေဆေးရာတွင် ထည့်သွင်းထားခြင်းသည် ပုံမှန်ဝတ်ပြုနည်းထက် တစ်ထူးတခြားဝတ်ပြုနည်းအဖြစ် ရှုမြင် တင် ကြောင်းနှင့် ယခုထုတ်ပြန်လိုက်သော အမိန့်ဒီဂရီသည် ရဟန်းပိုင်သာသနာထဲတွင် ပုံမှန်ကျင်းပပြုလုပ်သော ဝတ်ပြုကိုးကွယ်ခြင်း ကို ဆိုလိုသည်ဟု မီးမောင်းထိုးရှင်းပြပေးတော်မူသည်။

ကက်သလစ်သာသနာတော်သည် ခရစ်တော်ယေဇူးဘုရားက မိမိအသေမခံတော်မူမီ၊ မိမိ၏တပည့်တော် (၁၂) ပါးတို့ကို ခေါ်တော်မူပြီး ကြာသာပတေးနေ့ကြီးတွင် နောက်ဆုံးညစာစားပွဲကို ကျင်းပပြုလုပ်ပြီးနောက် သူတို့၏ခြေကိုပါ ဆေးကြောခဲ့ခြင်း ကို ပြန်လည်အမှတ် ရသောအားဖြင့် ရဟန်းမင်းကြီး၊ ဆရာတော်များနှင့်ရဟန်းတော်များသည် သန့်ရှင်းသောကြာသာပတေးနေ့ကြီးတွင် ကက်သလစ် ဘာသာဝင်အမျိုးသား (၁၂) ဦးတို့၏ခြေထောက်ကို နှစ်စဉ်ကျင်းပပြုလုပ်လျက် ရှိတော်မူခဲ့သည်။ သို့သော် ရဟန်းမင်းကြီးဖရန်စစ်က ရဟန်းမင်းကြီးဖြစ်လာသောအခါတွင်မူ ၎င်းခြေဆေးခြင်းအမှုတွင်၊ အမျိုးသမီးများနှင့်ဘာသာဝင် မဟုတ်သူများကို ထည့်သွင်း ပြီး ခြေဆေးခြင်းမင်္ဂလာကို ၂၀၁၃ ခုနှစ်မှစတင်ကျင်းပလာခဲ့ခြင်း ဖြစ်သည်။ ၀၀၁ ကုန်ဇမှုန်း

1225  Views
Previous: စီအေဒီအဖွဲ့အစည်းက နွားထိုးကြီးမြို့နယ်ရှိ မိမိ၏ပြီးဆုံးသွားသောဖွံ့ဖြိုးရေးအစီအစဉ် အလှူရှင်၊ အကျိုးခံစားသူများနှင့်ပြန်လည်သုံးသပ်
Next: ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူးမြို့တွင် ကျင်းပသော နိုင်ငံတကာကိုယ်တော်မြတ်ပွဲတော်သို့ ရဟန်းမင်းကြီးဖရန်စစ်၏ အထူးကိုယ်စားလှယ်အဖြစ် ကာဒီနယ်ဆရာတော်ကြီးချားလ်စ်ဘို ချီးမြင့်တော်မူ