အာဂျင်တီးနားနိုင်ငံရှိ ဆန်နီကော်လားမြို့တွင် မယ်တော်မာရီယားက အမျိုးသမီးတစ်ဦးထံ ကိုယ်ရောင်တန်ခိုးပြတော်မူ

san-nicolas

ဘွေနုစ်အဲရဲစ်၊ ဇွန် ၄၊ ၂၀၁၆ CNA
လက်ရှိရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ ကြီးပြင်းရာနိုင်ငံဖြစ်သော အာဂျင်တီးနား      နိုင်ငံ၊ ဆန်နီကော်လားမြို့တွင် မယ်တော် မာရီယား (ခရစ်တော်ယေဇူး၏မိခင်) မှ ပြသလိုက်သော တန်ခိုးတော်ကို အာဂျင်တီးနားနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်က မေလ (၂၂) ရက် နေ့က တရားဝင်အသိအမှတ်ပြုလိုက်ပြီဖြစ်သည်ဟု သတင်းရရှိသည်။

ထိုကဲ့သို့သောတန်ခိုးတော်ကို တရားဝင်အသိအမှတ်ပြုခြင်းကို ဆန်နီကော်လားမြို့၏ ဆရာတော်ကြီး ဟက်တာကာဒဲလီက မေလ (၂၂) ရက်နေ့က တရားဝင်ကြေညာလိုက်ခြင်းဖြစ် သည်။ ၎င်းဆရာတော်ကြီးကပင် “ဤတန်ခိုးပြသမှုကို ၁၉၉၀ ခုနှစ်ကနေစတင်ပြီး သုတေသန ပြုခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ပါကြောင်း၊ မြတ်စွာဘုရားသခင်သည် မိမိ၏ချစ်သမီး မယ်တော်မှတဆင့် ခရစ်တော်ယေဇူးသည် မိမိချစ်သော မိခင်မယ်တော်မာရီယားမှတဆင့် သန့်ရှင်း သောဝိညာဉ်တော်ဘုရားသည် မိမိချစ်သော ခင်ပွန်းတော်မှတဆင့် ကျွန်ုပ်တို့၏သာသနာပိုင်ထဲတွင် မိမိကိုယ်ကိုလှပစွာ ဖော်ထုတ်လိုသောအလိုတော်သည် သဘာဝထက်လွန် ကဲသောဖြစ်စဉ်အဖြစ် ကျွန်တော် ကြေညာလိုက်ပါပြီ” ဟု သက်သေခံတော်မူခဲ့သည်။

မယ်တော်မာရီယား၏တန်ခိုးတော်ဖြစ်စဉ်ကမူ ကလာဒီဂွီရိုကာဒေမိုတာဟူသော အိမ်ထောင်သည်အမျိုးသမီး ဖြစ်သူသည် မိမိ၏အိမ်ရှိ ဘုရားစင်ပေါ်တွင်တင်ထားသော စိပ်ပုတီးက အရောင်တောက်ပလျက်ရှိသည်ကိုမြင်ပြီး    နောက် ၎င်းစိပ်ပုတီးကိုယူကာ မယ်တော် မာရီယားထံ စိပ်ပုတီးကိုစတင်စိပ်လိုက်သည်။ သို့ဖြင့် မယ်တော်မာရီယား သည် ၎င်းအမျိုးသမီးထံသို့ ၁၉၉၀ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့ စတင်ကိုယ်ရောင်ပြရာ မယ်တော်သခင်မ သည် သားတော်ယေဇူးကို ပွေ့ချီထားရင်း အပြာရောင်ရှိသော ဝတ်ရုံကိုဝတ်ဆင်ပြီး သူမ၏ဦးခေါင်းကိုလည်း ပဝါဖြင့် ဖုံးအုပ်ထားရင်း ၎င်းအမျိုးသမီးကို ကိုယ်ရောင်ပြခဲ့သည်။

၎င်းအမျိုးသမီးသည် လေးတန်းအထိသာကျောင်းတက်ခဲ့သူဖြစ်ရာ သမ္မာကျမ်းစာနှင့် ဓမ္မပညာရပ်များကို ကောင်းကောင်း မသိနား မလည်ပေ။ သူမတွင် သမီး (၂) ယောက်နှင့် အဘွားအို တစ်ယောက်ရှိသည်။ အကြိမ်ပေါင်း များစွာတွင် မယ်တော်မာရီယားသည် ၎င်းမိခင်ဖြစ်သူအား ကိုယ်ရောင်ပြချိန်တွင် ကျမ်းပိုဒ်များကို အကြိမ်များစွာ ရည်ညွန်းပြောကြားပေးခဲ့သည်။ ပထမအကြိမ် ကိုယ်ရောင်ပြပြီးနောက် တစ်လကြာသောအခါ မယ်တော်၏ ကိုယ်ရောင်ထင်ရှားပြရာတွင် အဖြူရောင်ရှိသော စိပ်ပုတီးတစ်ကုံးကို သူမအားပေးလိုက်ပြီး “ကျွန်မ၏လက်မှ ဤ စိပ်ပုတီးကို လက်ခံပြီးအမြဲတမ်းသိမ်းထားပါ။ သင်သည် နာခံတတ်သူဖြစ်ပြီး ကျွန်မသည် သင်၏ နာခံတတ်ခြင်းကြောင့် ပီတိဖြစ်ပါသည်။ အမြဲတမ်းပျော်ရွှင်စွာနေထိုင်ပါ။ အကြောင်းမူကား ဘုရားသခင်သည် သင်နှင့် အတူရှိတော်မူသည်” ဟု မယ်တော်မာရီယားက ကလာဒီအား အမိန့်ရှိတော်မူခဲ့သည်။

မယ်တော်သခင်မ၏ ဒုတိယအကြိမ်တန်ခိုးတော်ကမူ မယ်တော်မာရီယားသည် ကလာဒီအား ရဟန်းမင်းကြီးတစ်ပါး က ကောင်းကြီးပေး ထားသောဆင်းတုတစ်ခုသည် ဘုရားကျောင်းတစ်ခုထဲတွင် မေ့ပစ်ခံနေရသောကြောင်း ၎င်း ဆင်းတုကိုလိုက်ရှာရန် မိန့်ကြားတော်မူ သည်။ မယ်တော်မာရီယား၏ မိန့်ကြားချက်အပေါ် ကလာဒီက ၎င်းဆင်းတု ကို လိုက်ရှာခဲ့ရာ ကလာဒီသည် ၎င်းဆင်းတုကို ၁၉၈၃ ခုနှစ် နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ကက်သလစ်ဆရာတော်၏ ဘုရားကျောင်းတော်ကြီး ၏ ခေါင်းလောင်း မျှော်စင်တွင်တွေ့ ရှိခဲ့သည်။ ခေါင်းလောင်းမျှော်စင်တွင် တွေ့ရှိလိုက် သော ဆင်းတုသည်ကား မယ်တော် သခင်မက သားတော်ယေဇူး ကို ပွေ့ချီ ထားသောဆင်းတုတော်ဖြစ်နေသည်။ ၎င်းဆင်းတုတော်သည် ရဟန်းမင်းကြီးလီအို (၁၃) က ကောင်းကြီးပေးပြီးနောက် ရောမမြို့မှ ယူဆောင်လာသောဆင်းတု ဖြစ်နေသည်။ မယ်တော်၏တန်ခိုးပြလမ်းညွှန်ခြင်း ကိုလိုက်နာရင်း ၎င်းဆင်းတုကို ဆရာတော်ကြီး သီတင်းသုံးသော ကက်သလစ်ဘုရားကျောင်းကြီး ၏ ခေါင်းလောင်းစင်ပေါ်တွင် တွေ့ရှိရခြင်းဖြစ်သည်။ ၎င်းဆင်းတုသည်ကား ထင်ရှား ပြတော်မူသော မယ်တော်သခင်မ၏ ကိုယ်ရောင်နှင့် တစ်ထပ်တည်းဖြစ်လေသည်။ ၎င်းစာမတတ်သော ကလာဒီသည် မယ်တော်မာရီယားထံမှ (၆၈) ကြိမ်တိတိ လာရောက် လည်ပတ်ခြင်းနှင့် ယေဇူးခရစ်တော်ဘုရားထံမှ စကားတော်များ ကို လက်ခံရရှိခဲ့ သည်။

ရရှိထားသောသတင်းများအရ ကလာဒီသည် သူမထံသို့စပြီး ကိုယ်ရောထင်ရှားပြပြီး စကားလာပြောသော မယ်တော်သခင်မ အကြောင်းကို တခြားသူများအား ချက်ချင်းလိုက်ပြောပြခဲ့သည်။ ထို့အပြင် သူမသည် မယ်တော် သခင်မ၏တန်ခိုးပြသမှုကို ကက်သလစ် ဆရာတော်ကြီးများနှင့် ရဟန်းတော်များအားလည်း လိုက်ပြောပြခဲ့သည်။ သူမသည် ယခုအခါတွင် ခရစ်တော်ယေဇူးဘုရား၏ ဒါဏ်ရာအမှတ်အသားများကို သူမ၏ခါး၊ ခြေထောက်၊ နံဘေး နှင့် ပခုံးများတွင် ခံစားနေရသည်။ ယခုအချိန်တွင် သူမသည် မယ်တော် သခင်မအား အထူးသဒ်္ဒါကြည်ညိုသောဘ၀ အသက်တာကို ရှင်သန်ရင်း တိတ်တိတ်လေးနေထိုင်နေသည်။ ထို့အပြင် မယ်တော်သခင်မ ၏တန်ခိုးတော်ကြောင့် ဦးနှောက်အကြိတ်ရောဂါ ခံစားနေရသော ယောင်္ကျားကလေးတစ်ဦးသည် ပြန်လည် ကျန်းမာလာသည့်အပြင် တခြား  သော တန်ခိုးတော်များလည်း ဆက်လက်ဖြစ်ပေါ်နေသည်ဟု သတင်းရရှိပါသည်။

မယ်တော်သခင်မက ပြောကြားသောစကားများထဲတွင်“ရုပ်ဝတ်္တုကိုသာ ဦးစားပေးတဲ့ရောဂါကနေ ကမ္ဘာသူ/သားတွေကို ကျွန်မ ကုသပေးချင်ပါတယ်။ ဒီရောဂါကို လူအများကြီးခံစားနေကြရပါတယ်။ ကျွန်မအနေနဲ့ ဒီလူသား တွေက ခရစ်တော်ယေဇူးကို ရှာဖွေတွေ့ရှိနိုင်အောင်ကူညီပေးချင်တယ်။ ဒီလူသားတွေက ခရစ်တော်ယေဇူးသည် အရာအားလုံးကို အောင်မြင်တတ်စွမ်းသော ဘုရားဖြစ်တယ်ဆိုတာကို ကမ်္ဘာသူ/သားတွေကိုသိစေချင်ပါတယ်။ ဒါကြောင့်မို့ ဆုတောင်းခြင်း အထူးသဖြင့် စိပ်ပုတီးစိပ်ခြင်းကို အမြဲတမ်း လုပ်ကြ ဖို့ အထူးမှာကြားလိုပါတယ်။ ကျွန်မကို သဒ်္ဒါကြည်ညိုနိုင်မယ့် ဂူတစ်ခု တည် ဆောက်ပေးပါ” ဟု ကလာဒီအား မိန့်ကြားတော်မူခဲ့သည်ဟု ကလာဒီက ထုတ်ဖော်ပြောဆိုသည်။

ကလာဒီထံသို့ မယ်တော်သခင်မက ကိုယ်ရောင် ထင်ရှားလာပြခြင်း အကြောင်းကို ၎င်းသာသနာတွင် အဆက်ဆက် တာဝန် ထမ်းဆောင်ခဲ့ကြသော ဆရာတော်ကြီးများအဆက်ဆက်က အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ကြပြီး နောက် ဆရာတော်ကြီး ဒိုမင်ဂို ဆာလ်ဗာဒို ကာစတာနာက မယ်တော်မာရီယား ၏တောင်းဆိုချက်အတိုင်း မယ်တော်ဂူတစ်ခု ကို ၁၉၈၇ ခုနှစ်တွင် တည် ဆောက်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် ၎င်းဂူကို မယ်တော်အား ဆက်ကပ်ခဲ့ပြီးနောက် ဆန်နီ ကော်လာမြို့တွင် တန်ခိုးပြတော်မူသော စိပ်ပုတီး၏ မယ်တော်သခင်မ က ကလာဒီအား မိန့်ကြားခဲ့သော စကားများကို စာအုပ်ထုတ်ေ၀ ဖြန့်ချိခဲ့သည်။                         ဂျိုးဇက်ကုန်ဇမှုန်း

2379  Views
Previous: “မြန်မာစစ်တပ်နှင့် ကေအိုင်အိုတို့နှစ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် ကျွန်မတို့ပြည်သူတွေ ဒုက္ခရောက်နေပါတယ်။ မြန်မြန်ငြိမ်းချမ်းရေးယူကြပါ” ဟု စစ်ဘေးရှောင်စခန်းရှိ ဒေါ်ထွေထွေလင်းက ပြောဆို
Next: “ကက်သလစ်သာသနာတော်တွင် Dogma ယုံကြည်ရာအချက်ပေါင်း ၂၅၅ ခုရှိသည်” နောက်ဆုံးအပိုင်း (၃)