ဘိန်းစွဲသူများကို သေနတ်ဖြင့်ပစ်သတ်ခြင်းသည် လူကိုသတ်ခြင်းဖြစ်ပြီး ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု ဆရာတော်ကြီးပါဘီလိုက ဖိလစ်ပိုင်သမ္မတအား ပြစ်တင်ရှုတ်ချ

14141887_1848890422012960_6111703936415199460_n

မနီလာ၊ သြဂုတ်လ ၁၇၊ ၂၀၁၆ Ucan

မနီလာမြို့တော်၏ ကက်သလစ် လက်ထောက်ဆရာတော်ကြီး ပါဘီလိုက ဖိလစ်ပိုင်သမ္မတ၏ ဘိန်းစွဲနေသူများကို သေနတ်ဖြင့် ပစ်သတ်ခွင့်ပြုနေခြင်း သည် လူကိုသတ်နေခြင်းဖြစ်ပြီး ရာဇဝတ်မှုကိုကျုးလွန်နေခြင်းဖြစ်သည်ဟု သြဂုတ်လ (၁၆) ရက်နေ့တွင် ပြစ်တင်ဝေဖန်တော်မူလိုက်သည်။

ဆရာတော်ကြီး ပါဘီလိုက ဖိလစ်ပိုင်အစိုးရအနေဖြင့် ဘိန်းစွဲနေသူများကိုပစ်သတ်မည့်အစား ဘိန်းရောင်းဝယ်နေသူများနောက်ကို လိုက် ပြီး ဖမ်းဆီးစစ်ဆေးသင့်ကြောင်း၊ အစိုးရလက်ထဲတွင် ဥပဒေမရှိဘဲ တရားရုံးတွင်သာ ဘိန်းစွဲနေသူများကို ပြစ်ဒါဏ်ပေးနိုင်သော ဥပဒေရှိကြောင်းဖြင့် မီးမောင်း ထိုးပြတော်မူလိုက်သည်။

ဖိလစ်ပိုင်သမ္မတ ရိုဒီကိုဒူတေးတေသည် သမ္မတရာထူးကို ၂၀၁၆ ခုနှစ် ၊ ဇွန်လကတည်းကရယူပြီးနောက် ဘိန်းဘုရင်များကို ပစ်သတ်နိုင်လျှင် ပစ်သတ်သော လုံခြုံရေး ကင်းသမားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၈၀၀၀ ကို ဆုငွေ ထုတ်ပေးမည်ဟု ကြေညာခဲ့သည်။

ဘိန်းစွဲနေသူများကိုလိုက်လံပစ်သတ်မိန့်ထုတ်ပြန်ခဲ့ရာ နှစ်လအတွင်း ဘိန်းစွဲနေသူပေါင်း (၁၀၀၀) ကျော်သည် အသတ်ခံရပြီဖြစ်ကြောင်း ဖြင့် လူ့အခွင့်အရေးသမားများ က ထုတ်ပြန်ထားကြသည်။

ဆရာတော်ကြီးပါဘီလိုက ဖိလစ်ပိုင်သမ္မတရိုဒီကိုဒူတေးတေ၏ ကြေညာချက်ဖြစ်သော ဘိန်းစားများနှင့်ရာဇဝတ်ကောင်များကို လက်နက်ကိုင်အဖွဲ့များအား ပစ်သတ်ခွင့်ပြုခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ လက်လွတ်စပယ်ပစ်သတ်ခွင့်ပြုနေခြင်းသည် ဖိလစ်ပိုင်နိုင်ငံတွင် လူသတ်ခြင်းယဉ်ကျေးမှုကို ကျင့်သုံးရာရောက်နေကြောင်း၊ ဘိန်းစားများသည် အပြစ်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ တရားဥပဒေရှေ့မှောက်တွင် အကာအကွယ်မရရှိဘဲ အနိုင်ကျင့်ခံနေရကြောင်း၊ ယခုကဲ့သို့ လူသတ်သမားများကို မွေးထုတ်နေခြင်းသည် ဖိလစ်ပိုင်နိုင်ငံ၏ တရားဥပဒေစိုးမိုးခြင်းစနစ်နှင့် တရားစီရင်ရေးစနစ်တို့ကို လူသတ်သမားများ၏ လက်ထဲသို့ အပ်လိုက်ခြင်းပင်ဖြစ်သည်ဟု ထိုးနှက်ဝေဖန်တော်မူလိုက်သည်။

ဆရာတော်ကြီးက ဘိန်းစားများသည်လည်း လူသားများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဘိန်းစားများသည် ပင်လျှင် ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ဖြတ်ကျော်ကြရမည်ဖြစ်ကြောင်း၊ ဘိန်းစားများကို ပစ်သတ်ခြင်းသည် ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည် ဟု ပြစ်တင်ရှုတ်ချတော်မူလိုက်သည်။      ကုန်ဇမှုန်း

1130  Views
Previous: ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က အမျိုးသမီးများ၏ ဦးပဉ္ဇင်းသိက္ခာနှင့် ဆိုင်သော ရှေးဦးကက်သလစ် သာသနာတော်၏ ကျင့်စဉ်ကို လေ့လာရန် ကော်မရှင် တစ်ခုဖွဲ့စည်း
Next: မြန်မာအစိုးရသည် မြစ်ဆုံစီမံကိန်းကို အနောက်နိုင်ငံများ၏ နည်းပညာနှင့် ငွေကြေးအကူအညီတို့ဖြင့်သာ တည်ဆောက်သင့်