အကျင့်ပျက်ခြစားခြင်းသည် အဆိုးဆုံးသော ရာဇဝတ်မှုဖြစ်သည်ဟုရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က ဗာတီကန်လက်နက်ကိုင်တပ်ဖွဲ့များအား သတိပေးတော်မူ

14591782_1870725539829448_964963741947294228_n

ဗာတီကန်၊ စက်တင်ဘာ ၈၊ ၂၀၁၆ CNA

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က အကျင့်ပျက်ခြစားခြင်းသည် အဆိုးဆုံးသော ရာဇဝတ်မှု ဖြစ်သည်ဟု ဗာတီကန် လက်နက် ကိုင် ပြင်သစ် ရဲတပ်ဖွဲ့များအား စက်တင်ဘာလ (၁၈) ရက်နေ့ တနင်္ဂနွေနေ့၌ သတိပေးမိန့်ကြား တော်မူလိုက်သည်။ ရဟန်းမင်းကြီး ဖရန်စစ်သည် ဗာတီကန်ပြင်သစ်ရဲတပ်ဖွဲ့တည်ထောင်ခြင်း နှစ်ပေါင်း (၂၀၀) နှစ်ပတ်လည်အခမ်းအနားကို ကျင်းပချိန်တွင် ရဲတပ်ဖွဲ့ဝင်များ၏ မဆုတ်သောဇွဲ့ဖြင့် အစေခံခြင်းများအတွက် ကျေးဇူးတင်ရင်း၊ ခေတ်သစ်ရာဇဝတ်မှုဖြစ်ကြသော ခေါင်းပေါင်ဖြတ်ခြင်းနှင့် အကျင့်ပျက် ခြစားခြင်းတို့ကို မပြုလုပ်ကြရန် သတိပေးတော်မူလိုက်ခြင်းဖြစ်သည်။

ရဟန်းမင်းကြီးက “လူယုတ်မာတွေဟာ ဆိုးသွမ်းခြင်းကို နှစ်သက်ပြီး ရိုးသားဖြူစင်ခြင်းကိုမူ မုန်းတီးကြကြောင်း၊ လူယုတ်မာများဟာ လာဘ်ပေးခြင်း ကိုနှစ်သက်ကြပြီး သဘောတူညီခြင်းများကိုလည်း အမှောင်ထဲတွင် ပြုလုပ်နေကြပါတယ်။ ဒီလိုမျိုးလုပ်ရပ်တွေဟာ လွန်စွာပင် ဆိုးနွမ်းသော လုပ်ရပ်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးလုပ်ခြင်းဟာ ရိုးသားဖြူစင်ခြင်းဖြစ်တယ်လို့ ခံယူကြတဲ့အတွက် ဖြစ်ပါတယ်” ဟု ရဲတပ်ဖွဲ့များအား မီးမောင်းထိုးပြတော်မူခဲ့သည်။

“လူယုတ်မာတွေဟာ ငွေ၊ ဓနစည်းစိမ်တွေကို မြတ်နိုးကြပြီး ဆင်းရဲသားများအပေါ်မှာ ကိုယ်ချင်းစာတရားကင်းမဲ့ကြပြီး နင်းခြေ နေကြပါတယ်။ ဒီလိုမျိုးဓနစည်းစိမ်တွေကို လူယုတ်မာတွေက ရှိခိုးကိုးကွယ်နေကြပါတယ်။ ဒီနေ့ကမ္ဘာကြီးမှာ သိန်းသန်းချီသော စက်ရုံပိုင်ရှင်တွေ ဟာ ကျေးကျွန် လုပ်အားတွေကို မတော်မတရား အသုံးပြု နေကြတာမို့ ကျေးကျွန်လုပ်ငန်းဟာ စီမံခန့်ခွဲမှုစနစ်တစ်ခုကဲ့သို့ ကြီးပြင်း နေရပြီ” ဟုရဟန်း မင်းကြီးက ဆက်လက်ဝေဖန်တော်မူသည်။

“ဗာတီကန်ရဲတပ်ဖွဲ့များ၏တာဝန်သည်ကား လူယုတ်မာများ နှင့် ခေါင်းပေါင်ဖြတ်သမားများကို တိုက်ခိုက်ချေမှုန်းရာတွင် အစေခံရန် ဖြစ်ကြောင်း၊ သင်တို့၏ လုပ်ငန်းတာဝန်သည် မကောင်းမှုကို ပြုလုပ် နေသူများနှင့်ထိတွေ့ပြီး ဟန့်တား ချေမှုန်းရန်နှင့် ရိုးသားဖြူစင်ခြင်းကို ကာကွယ်ပေးရန်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် လူယုတ်မာများ၊ ခေါင်းပုံ ဖြတ်သမားများနှင့်ယုံကြည်သက်ဝင်သူများဟူသော လူတန်း စားသုံးခုကို ကိုယ်စားပြုပြီး တာဝန်များကို ထမ်းဆောင်နေကြသူများ ဖြစ်ကြသည်” ဟု ရဟန်းမင်းကြီးက ဗာတီကန်ရဲတပ်ဖွဲ့များအား လမ်း ညွှန်တော်မူသည်။

ရဟန်းမင်းကြီးက စက်တင်ဘာလ (၁၈) ရက်နေ့ (တနင်္ဂနွေနေ့) တွင် ဖတ်ရှုရသော သမ်္မာကျမ်းစာ၏ကျမ်းပိုဒ်ကို ထောက်ရှု ကိုးကားပြီး “ပရောဖက်အာမော (စ်) က အလွန်အလိုကြီးသူများ၏ ဘုရားသခင်သည် ငွေဖြစ်ကြောင်း၊ အလိုကြီးသူတို့၏လမ်းစဉ်သည် ဆင်းရဲသားများနှင့် ငတ်မွတ်သူများကိုနင်းခြေပြီး အမြတ်ရှာဖွေသူများဖြစ်ကြကြောင်း၊ ထိုကဲ့သို့သော လူတန်းစားများသည် ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင်လည်း ဆက်လက် ရှိနေကြပါကြောင်း” ဖြင့် မီးမောင်းထိုးပြတော်မူသည်။

နောက်ဆုံးအနေဖြင့် ရဟန်းမင်းကြီးက “ဗာတီကန်ရဲများသည်လည်း လူသားများဖြစ်ကြရာ လူယုတ်မာများကဲ့သို့သော စိတ်ဓါတ်များရှိနိုင်သော်လည်း မိမိကိုယ်ကို ချုပ်တီးနေကြမည်ဟု ယုံကြည်ပါကြောင်း၊ သို့သော် သင်တို့သည် ထိုကဲ့သို့သော သွေးဆောင်ခြင်းကိုခံရတိုင်း ဤမကောင်းသောအပြုအမှုသည် မိမိနှင့်လုံးဝမသက်ဆိုင်ဟု ခံယူကြပြီး မိမိတို့၏ အဓိကတာဝန်ဖြစ်သော လုံခြုံရေးတာဝန်ကို နူးညံ့သိမ်မွေ့ခြင်းနှင့်
မိမိတို့၏အသက်အန်္တရာယ်ကို ပဓာနမထားဘဲ တာဝန်ကိုထမ်းဆောင်ခြင်းဖြစ်ကြောင်း” ဖြင့် ဗာတီကန်ရဲများကို အားပေးတော်မူခဲ့သည်။

ဂျိုးဇက်

1291  Views
Previous: ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာက “မြန်မာခေါင်းဆောင်မှုတက်္ကသိုလ် Myanmar Leadership Institute ” ကို ဖွင့်လှစ်တော့မည်
Next: ကက်သလစ်ခရစ်ယာန်ဘာသာဝင်များအားလုံးသည် အကျဉ်းသားများနှင့် ထောင်မှလွတ်လာသူများကို ဝိုင်းဝန်းကူညီကျရန် အင်္ဂလန်နိုင်ငံကာဒီနယ် နီကော်လပ်(စ်) က တိုက်တွန်းတော်မူ