ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ သေဆုံးပါက မီးရှို့သဂြိုဟ်နိုင်သော်လည်း ၎င်းပြာမှုန့်ကိုမူ မိမိအစီအစဉ်ဖြင့် ထိန်းသိမ်းထားနိုင်ခွင့်မရှိကြောင်း ဗာတီကန်က ညွှန်ကြားချက်ထုတ်ပြန်

6f23fc7533b6

ဗာတီကန်၊ အောက်တိုဘာလ ၂၅၊ ၂၀၁၆ CNA

ရဟန်းမင်းကြီးရုံးလက်အောက်ရှိ ယုံကြည်ခြင်းဆိုင်ရာဝန်ကြီးဌာနက သေဆုံးသွားကြသော ကက်သလစ်ခရစ်ယာန် ဘာသာဝင်များ၏ ခန္ဓာကိုယ်ကို မီးရှို့ပြီးသဂြိုလ်ရာတွင် ပြာမှုန့်ကိုမူ အိမ်တွင်သိမ်းထားခြင်း (သို့) လေထဲ၊ ပင်လယ်ရေထဲတို့တွင် ဖြန့်ကျဲခြင်းမျိုး ပြုလုပ်ခွင့် မရှိဘဲ အသင်းတော်ကသတ်မှတ်ထားသော နေရာတွင်သာ သိမ်းထားကြရမည်ဖြစ်ကြောင်းဖြင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်က ထုတ်ပြန်တော်မူလိုက်သည်။

ရဟန်းမင်းကြီး ရုံးလက်အောက်ရှိ ယုံကြည်ခြင်းဆိုင်ရာ ဝန်ကြီးဌာန၏ ဥက္ကဌ (ဝန်ကြီး) ဖြစ်တော်မူသော ရဟန်းမင်းအမတ် ဂျာဟတ်မူလဲက “ခရစ်တော် ဘုရားနှင့်အတူ ရှင်ပြန်ခြင်း” ဟူသော ညွှန်ကြားစာထဲ၌ “သေဆုံးသွားသူ၏ ခန္ဓာကိုယ် သည် ဆွေမျိုးသားချင်းများ၏ ပိုင်ဆိုင်သော အရာမဟုတ်ဘဲ ဘုရားသခင်၏ သားသမီး တစ်ဦးဖြစ်သည့်အပြင် ဘုရားသခင်၏ သန့်ရှင်းသောဗိမာန်တော်လည်းဖြစ်၍ သေဆုံးသူကို တစ်ဦးတစ်ယောက်တည်းက သဂြိုလ်ခွင့်မရှိဘဲ ဘာသာဝင်များနှင့် အတူ အများပြည်သူများနှင့်သာ သဂြိုလ်ရမည်ဖြစ်ကြောင်း၊  သေဆုံးသော ခန္ဓာကိုယ်သည် အသက်ရှင်သူများ ၏ ရိုသေလေးစားခြင်း ကိုလည်း ရရှိမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ပြာမှုန့်များကို အဖိုးတန်ရတနာများထဲတွင် ထည့်သွင်းခြင်းမျိုး၊ စိန်ရွှေများဖြင့် ကွပ်ထားခြင်း မျိုးပြုလုပ်ခွင့် မရှိကြောင်း၊ သေဆုံးသွားသော ခန္ဓာကိုယ်သည် မွန်မြတ် သာနေရာ၌ လဲလျောင်းထားရှိရ မည်ဖြစ်ကြောင်း”ဖြင့်ရေး သားထားသည်။

ရဟန်းမင်းအမတ် ဂျာဟတ်မူလဲက “ကက်သလစ်သာသနာတော်သည် သေဆုံးသွားသူများကို မြေမြှုပ်ခြင်းဖြင့် သဂြိုလ်ခြင်းကို ပိုပြီး နှစ်သက်ကြောင်း၊ မြေမြှုပ်သဂြိုလ်ခြင်းသည် နောက်ဆုံးသောနေ့၌ ကိုယ်ခန္ဓာ ဖြင့်ပြန်လည်ထမြောက်မည်ကို ကက်သလစ် သာသနာတော်က ယုံကြည်ထားသောကြောင့်ဖြစ်ကြောင်း၊ သို့သော် မီးရှို့သဂြိုလ်ခွင့်လည်း ခွင့်ပြုထားပါကြောင်း၊ သို့သော် မီးရှို့သဂြိုလ်ရာတွင် ပြာမှုန့်ကိုမူ အိမ်တွင်သိမ်းထားခြင်း သို့မဟုတ် ဖြန့်ကျဲ ခြင်းမျိုး ပြုလုပ်ခွင့်မရှိဘဲ အသင်းတော်က သတ်မှတ် ထားသောနေရာတွင်သာ သိမ်းထားကြရမည်ဖြစ်ကြောင်းဖြင့် ထုတ်ပြန်တော်မူလိုက်ခြင်းဖြစ်သည်။
#ကုန်ဇမှုန်း

1150  Views
Previous: တရုတ်နိုင်ငံ၏ ကွန်မြူနစ်အစိုးရက ရဟန်းမင်းကြီးခန့်အပ်ထားသော ဝဲန်ယူးမြို့၏ လက်ထောက်ဆရာတော် ပီတာရှိုဇူမင်းကို ဖမ်းဆီးထောင်ချ
Next: ရဟန်းမင်းကြီးက ဗင်နီဇွဲလားသမ္မတ နစ်ကိုလက်စ် မာဒူရိုအား အတိုက်အခံပါတီများနှင့် နိုင်ငံသားများအကျိုးအတွက် တွေ့ဆုံဆွေးနွေးရန် အကြံပြု