၉။ မိုးမောက် နီသောကာရာမကျောင်းရှိ ဒုက္ခသည်စခန်းများအတွက် စိုက်ပျိုးရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်

2-b

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့ နီသောကာရာမကျောင်းတိုက်ရှိ ဒုက္ခသည် စခန်းမှ ဒုက္ခသည်များအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြြည်ပည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRCတို့မှ ECOSEC စီးပွားရေးဘ၀ လုံခြုံမှုဆိုင်ရာ အကူ အညီပေးရေး အစီအစဉ်ဖြင့် စိုက်ပျိုးရေးအထောက်အကူပြု ရေဖျန်းပုန်း၊ ပိုးသတ်ဆေး နှင့် မှိုသတ်ဆေးတို့ကို သွားရောက်ပေးအပ်ခဲ့သည်ဟု သိရှိရသည်။

နီသောကာရာမကျောင်းတိုက်ရှိ  IDP camp ဒုက္ခသည်အိမ်ထောင်စု(၂၃)စုအတွက် အထောက်အကူပြု အကူအညီ များ ပေးခဲ့ရာ ဗန်းမော်ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးစီးမှူးဒုတိယတန်း ဦးအောင်နိုင် ခေါင်းဆောင်သည့် အဖွဲ့မှ မေလ တတိယအပတ် အတွင်းက သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံချက်များကို ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့ မော်ဖောင်း ဒုက္ခသည် စခန်း ၊ ဝိုင်းမော်မြို့နယ် နောင်ဟီးကျေးရွာ ဒုက္ခသည်သည်စခန်းနှင့် ဗန်းမော်ခရိုင်  မိုးမောက်မြို့ နီသောကာ ရာမ ကျောင်းတိုက် ဒုက္ခသည်စခန်းများ၌ ပြီးခဲ့သည့်နှစ်ကုန်ပိုင်း ကတည်း က စတင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 “အိုးအိမ်စွန့်ခွာလုပ်ငန်းကို စွန့်ခွာခဲ့ကြတဲ့သူတွေဗျာ သူတို့မှာနည်းပညာရတယ် စားစရိတ်ကုန်ကျမှု ကာကွယ် ပေးတဲ့အပြင် သူတို့တွေအတွက် အလုပ်အကိုင်လည်းရ ဝင်ငွေလည်းရဆိုတော့ ကျွန်တော်တို့အတွက် ပီတိဖြစ်ရပါ တယ်” ဟု ဦးစီးမှူး (ဒုတိယ တန်း) ဦးအောင်နိုင်က ပြောသည်။

ဗန်းမော်ဟင်းသီးဟင်းရွက်ဈေးကွက်တွင် ခရမ်းချဉ်သီးတစ်ပိသာလျှင် ရှစ်ရာမှ တစ်ထောင်အထိ ရောက်ရှိနေသည့် အတွက် စိုက်ခင်းထွက် ခရမ်းချဉ်သီးများမှာ ဒုက္ခသည်များ၏မီးဖိုချောင်သုံးစရိတ်ကို ဖာထေးပေးနေသည့်အပြင် အပြင်ထွက် အလုပ်လုပ် စရာမလိုတော့ဟု စခန်းစိုက်ခင်း၌ လက်တွေ့ လုပ်ကိုင်နေသူတို့က ဆိုသည်။

မိုးမောက်မြို့နယ်  နိသောကရွာမကျာင်းတိုက်ရှိ ဒုက္ခသည်အိမ်ထောင်စု(၂၃)စု  လူဦးရေ (၈၆)ဦးမှ ခရမ်းချဉ်သီးစိုက် ဧက(၁၂) ဧကကို စိုက်ပျိုးနေသည့်အပေါ် တွင် ပြောကြား လိုက်ခြင်းဖြစ်သည်။ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာလာနေကြသော(IDP)စခန်းများကို ဦးတည်၍  မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ (Ecosec) စီးပွားဘဝလုံခြုံမှုဆိုင်ရာ အကူအညီပေးရေးစီမံချက်ကို ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်၌ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ (၂၀၁၃)ခုနှစ် ဒီဇင်ဘာလမှစ၍ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ဝိုင်းမော်၊ မိုးမောက်အစရှိသည့် (၃)နေရာသို့ နည်းပညာ အထောက်အကူပစ္စည်းနှင့် ရင်းနှီးမြှပ်နှံ မှုတို့ကို ပေး၍ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 ” ဒီအစီအစဉ်က  ပထမခြေလှမ်းအနေနဲ့စခဲ့တာပါ   နောက်ပိုင်းတွေမှာ စခန်း(၁၁) ခုလောက် လုပ်သွားမယ် ။ ဒါ့အပြင် လက်မှု အတတ်ပညာပိုင်းဆိုင်ရာတွေကို သင်တန်းပေးပြီးထူထောင်သွားမှာပါ” ဟု  ပြည်နယ်ကြက်ခြေနီဦးစီးမှူးဦးဂဲနက်က ပြောသည်။

1678  Views
Previous: UN, INGO နှင့်ပတ်သက်၍ ECC တွင် ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ဟု ဗိုလ်ချုပ်မောင်မောင်အုန်းကပြော
Next: ရန်ဘက်နှင့်မိတ်ဘက်ရှိနေသည့် ကြိုးတန်းပေါ်က မြန်မာနိုင်ငံ့အရေး