ရဟန်းမင်းကြီးဖရန်စစ်က သေဒါဏ်ပေးခြင်းသည် လက်မခံနိုင်သောအပြစ်ဒါဏ်ဖြစ်သည်ဟု ကက်သလစ်အသင်းတော်၏အယူဝါဒကို ပြင်ဆင်လိုက်ပြီ

ဗာတီကန်၊ သြဂုတ်လ ၂၊ ၂၀၁၈

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က သေဒါဏ်ပေးခြင်းသည် လက်မခံနိုင်သောအပြစ်ဒါဏ်ဖြစ်သည်ဟု ကက်သလစ်အသင်းတော်၏အယူဝါဒကို ပြင်ဆင်တော်မူလိုက်သည်။ ဤကဲ့သို့ မပြင်ဆင်ခင်အထိ၊ ကက်သလစ် အသင်းတော်၏အယူဝါဒ၌၊ ကက်သလစ်အသင်းတော်သည် တချို့သောပြစ်မှုများတွင်မူ ၎င်းပြစ်မှုကိုကျုးလွန် သူအား အပြစ်ဒါဏ်အဖြစ် သေဒါဏ်ကို ပေးခြင်းသည် တရားဝင်သောအပြစ်ဒါဏ်ဖြစ်သည်ဟု ခေတ်အဆက် ဆက်က သွန်သင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းခေတ်အဆက်ဆက်က သွန်သင်ခဲ့သော ပြစ်မှုကျူးလွန်သူအား သေဒါဏ် ပေးခြင်းသည် မည်ကဲ့သို့သော ပြစ်မှုပင် ဖြစ်စေ၊ သေဒါဏ်ပေးခြင်းကို ခွင့်မပြု၊ လက်မခံကြောင်းဖြင့် ရဟန်းမင်းကြီး ဖရန်စစ်က ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့က ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။
ရဟန်းမင်းကြီး ဖရန်စစ်က ““ကက်သလစ်အသင်းတော်၏မြတ်သောအယူဝါဒစာအုပ်ထဲက စာပိုဒ်အမှတ်စဉ် (၂၂၆၇) တွင် ရေးသားသော ““ကက်သလစ်အသင်းတော်သည် တချို့သောပြစ်မှုများတွင်မူ ၎င်းပြစ်မှုကိုကျုးလွန် သူအား အပြစ်ဒါဏ်အဖြစ် သေဒါဏ်ကို ပေးခြင်းသည် တရားဝင်သောအပြစ်ဒါဏ်ဖြစ်သည်”” ဟူသော စာပိုဒ်အား ““ကက်သလစ်အသင်းတော်သည် တချို့သောပြစ်မှုများတွင်မူ ၎င်းပြစ်မှုကိုကျုးလွန် သူအား အပြစ်ဒါဏ်အဖြစ် သေဒါဏ်ကို ပေးခြင်းသည် ခွင့်မပြုသော၊ လက်မခံနိုင်သော အပြစ်ဒါဏ်ဖြစ်သည်”” ဟု ပြင်ဆင်ရမည်ဟု အမိန့်ထုတ် ပြန်တော်မူလိုက်သည့်အပြင် ““ကက်သလစ်အသင်းတော်သည် တချို့သောပြစ်မှုများတွင်မူ ၎င်းပြစ်မှုကိုကျုးလွန် သူအား အပြစ်ဒါဏ်အဖြစ် သေဒါဏ်ကို ပေးခြင်းသည် တရားဝင်သောအပြစ်ဒါဏ်ဖြစ်သည်”” ဟု ပါရှိသော စာအုပ် များတွင်လည်း ““ကက်သလစ်အသင်းတော်သည် တချို့သောပြစ်မှုများတွင်မူ ၎င်းပြစ်မှုကိုကျုးလွန် သူအား အပြစ်ဒါဏ်အဖြစ် သေဒါဏ်ကို ပေးခြင်းသည် ခွင့်မပြုသော၊ လက်မခံနိုင်သော အပြစ်ဒါဏ်ဖြစ်သည်”” ပြင်ဆင် ထုတ်ဝေကြရန် အမိန့်ထုတ်ပြန်လိုက်သည်။
ဤကဲ့သို့သော ကက်သလစ်အသင်းတော်၏အယူဝါဒကို ပြင်ဆင်ခြင်းနှင့်ပတ်သက်ပြီး ရဟန်းမင်းကြီး ဖရန်စစ်က ““ကြီးလေးသော ပြစ်မှုကို ကျူးလွန်သော လူသားအား သေဒါဏ်ပေးခြင်းသည် ၎င်းပြစ်မှုကျူးလွန်သော လူသားတစ်ယောက်၏ဂုဏ်သိက်္ခာကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ၎င်းပြစ်မှု ကျူးလွန်သူသည်လည်း အချိန်မရွေး အကျင့်တရားပြောင်းလဲလာနိုင်ခြင်းကို ဖွင့်ပေးထားခြင်း၊ တိုးတက်ပြီး ထိရောက်လာသော အကျဉ်းထောင်များ၏ နည်းစနစ်များ ပေါ်ထွန်းလာခြင်းတို့ကြောင့် သေဒါဏ်ပေးခြင်းကို ကက်သလစ်အသင်းတော်က ခွင့်မပြု၊ လက်မခံဟု ပြင်ဆင်ရခြင်း ဖြစ်သည်”” ဟု မီးမောင်းထိုးပြတော်မူလိုက်သည်။ ၀၀၈ ကုန်ဇမှုန်း

915  Views
Previous: ဇနီးမောင်နှံတို့၏လက်ထပ်ခြင်း၌ ပဓာနဖြစ်သော သစ္စာတရားက ပကာသနဖြစ်ဟု ဆရာတော်စောယောဟန်က မိန့်ကြား
Next: (ရှင်ယောဟန် ၂ း ၄) က ““အချင်းမိန်းမ”” ဆိုတဲ့ ဝေါဟာရဟာ ဆရာကြီးယုဒသန်ရဲ့ ဗမာစကားမကြွယ်ဝခြင်းရဲ့အားနည်းချက်ကြောင့် ဖြစ်တယ်လို့ ဂျိုးဇက်ကုန်ဇမှုန်းက ထောက်ပြပြီ