မြစ်ဆုံမဟာစီမံကိန်း အပြီးသတ်ရပ်ဆိုင်းပေးရန် မြန်မာနိုင်ငံမှ ကာဒီနယ်ချားလ်စ်ဘို သဘောထားထုတ်ပြန်

မနီလာ၊ ၁၁ ဧပြီ ၂၀၁၉

၁။ မေခနှင့် မေလိခ စီးဆင်းသောနေရာသည် ကချင်လူမျိုးများ၏ သမိုင်းဝင်အချက်အခြာနေရာ ဖြစ်ပါသည်။ မြစ်ဆုံရေကာတာ ဆောက်လုပ် ခြင်းအားဖြင့် ကချင်လူမျိုးများ၏ သမိုင်းနှင့် ရိုးရာအမွေအနှစ်များ ဆုံးရှုံးပျောက်ကွယ်သွားမည် ဖြစ်သည်။

၂။ မေခနှင့် မေလိခ ဆုံစီးရာမိခင်ဧရာဝတီမြစ်ကြီးသည် မြန်မာတစ်နိုင်ငံလုံးအတွက် အသက်သွေးကြောဖြစ်သည်နှင့်အညီ၊ မြစ်ဆုံရေကာတာ တည်ဆောက်ခဲ့လျှင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မှီတင်းနေထိုင်ကြသော နိုင်ငံသားများအာလုံး ဆိုးဝါးသော ဆိုးကျိုးများကို ရင်ဆိုင်ခံ စားကြရမည် ဖြစ်သည်။

၃။ မမျှော်မှန်းနိုင်သော သဘာဝဘေးတစ်ခုခုကြောင့် မြစ်ဆုံဆည် ကျိုးပေါက်ပျက်စီးခြင်းဖြင့် ကြုံရလျှင် လူ့အသက်ပေါင်းသိန်းပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ရမည်ဖြစ်သည်။ ဤအန္တရာယ်ကြုံတွေ့ရမည်ကို ကြိုတင်ခန့်မှန်းမြင်နေရသော နိုင်ငံသားများအနေဖြင့်ပူပင်သော က ရင်တက်မအေးဖြစ်နေကြရပါသည်။

၄။ နိုင်ငံတကာ ဥပဒေအရ လူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန်သော်လည်းကောင်း၊ ကူညီပံ့ပိုးပေးရန် သက်ဆိုင်ရာ အစိုးရ၌ တာဝန်ရှိပါသည်။

သို့ဖြစ်ပါ၍ ယခုအချိန်တွင် နိုင်ငံတော်အား ဦးဆောင်ဦးရွက်ပြုနေကြသော နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည်ကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်းကောင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်အစိုးရကိုလည်းကောင်း ဤမြစ်ဆုံဆည်တည်ဆောက်ရန်ကြိုးစားနေမှု အားလုံး(လုံးဝ)အပြီး အပိုင်ရပ်ဆိုင်းပေးပါရန် မြန်မာနိုင်ငံ သားများ အားလုံး၏ ကိုယ်စား လေးနက်စွာ ကြေညာချက်ထုတ်ပြန်အပ်ပါသည်။

မြစ်ဆုံရေကာတာ ဆောက်လုပ်ရန်ကြိုးစားနေကြသော သက်ဆိုင်ရာပုဂ္ဂိုလ်များ အမြင်မှန်ရရှိလျှက် ပြည်သူများ၏သဘောဆန္ဒများကို လိုက် လျောလာနိုင်ရန် မြန်မာနိုင်ငံသူနိုင်ငံသားများ အနေဖြင့် အထူး ဝိုင်းဝန်းဆုတောင်းပေးကြပါရန် တစ်ပါတည်း နှိုးဆော်တိုက်တွန်းအပ်ပါသည်။

ကာဒီနယ်ချားလ်စ်ဘို

 

869  Views
Previous: သင့်တင့်လျှောက်ပတ်သော အလုပ်နှင့် အားလုံးအတွက်တရားမျှတမှုကို ဗာတီကန်ကိုယ်စားလှယ် ကုလသမ္မက အမြဲတန်းအတွင်းဝင် ဂိုဏ်းချုပ်ဆရာတော် ဗာနာဒီတို ဦဇာက တောင်းဆို
Next: ချမ်းသာရွာသို့ ဖရန်စစ္စကင်း သီလရှင်အသင်းဂိုဏ်းရောက်ရှိခြင်း နှစ်(၁၀ဝ)ပြည့် ဂျူဗလီ ကျောက်စာတိုင်ဖွင့်လှစ်ခြင်း