ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ငြိမ်းချမ်းစွာဖြင့် သပိတ်မှောက်

ရန်ကုန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ငြိမ်းချမ်းစွာဖြင့် သပိတ်မှောက်ကန့်ကွက်ခြင်းကို အကြမ်းမဖက်သောနည်းလမ်းဖြစ်သည့်ဆုတောင်းခြင်းဖြင့် ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

 

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များသည် လူမှုကွန်ယက်ပေါ်တွင် အချင်းချင်း စည်းရုံးကြပြီးနောက်၊ မိမိတို့ မဲပေးရွေးကောက်ခဲ့သော အနိုင်ရပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော အစိုးရနှင့်လွှတ်တော်အမတ်များကို မြန်မာစစ်ခေါင်းဆောင်တစ်ချို့က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၊ ညဉ့်သန်းခေါင်ယံတွင် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင်မူ တစ်စုတစ်စည်းတည်း သပိတ်မှောက်ကန့်ကွက်ခြင်းကို အကြမ်းမဖက်သောနည်းလမ်းဖြစ်သည့်ဆုတောင်းခြင်းဖြင့် ပြုလုပ်ခဲ့ကြသည်။

 

အာဏာသိမ်းစစ်ခေါင်းဆောင်များသည် မိမိတို့အဖွဲ့အစည်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ State Administration Council ဟု အမည်ပေးထားသည်။ ၎င်းကောင်စီ၏တရားဝင်ကြေညာချက်ထဲတွင်၊ ၂၀၂၀ ခုနှစ်က ပြုလုပ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဦးလှသိန်းဦးဆောင်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော အစိုးရကို အနိုင်ရအောင် မဲမသာမှုပြုလုပ်ပေးခဲ့သည်ဟု စွပ်စွဲခြင်း ဖြစ်သည်။ ၎င်းကောင်စီက ယခုနိုင်ငံတော်အရေးပေါ်ကာလသည် (၁) နှစ်တာ ထားရှိမည်ဖြစ်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးကာ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု ကတိပြုထားသည်။

သူတို့ကိုင်ဆောင်ထားသော ကြွေးကြော်သံများတွင်မူ၊ အင်္ဂလိပ်လိုဖြင့် Free Aung San Suu Kyi, Reject Dictatorship, We want Democracy ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်၊ ဒီမိုကရေစီကို အလိုရှိသည်၊ စစ်အာဏာရှင်ကို ရှင်းထုတ်ကြ ဟူသော စာသားများကို ရိုက်နှိပ်ထားသော ဗီနိုင်းနှင့်ကတ်ထူပြားများကို ကိုင်ဆောင်ကြသကဲ့သို့၊ တချို့ကမူ စိပ်ပုတီးကို ကိုင်ဆောင်ထားကြသည်။

၎င်းဆုတောင်းဖြင်းဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်များအား ဆန့်ကျင်ခြင်းလှုပ်ရှားမှုတို့ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ရဟန်းတချို့နှင့်သီလရှင်တချို့တို့သည် သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များကို လာရောက်ပူးပေါင်းခဲ့ကြပါသည်။

 

စစ်အာဏာသိမ်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်သပိတ်မှောက်ခြင်းသို့ အများဆုံးဖြစ်သော လူငယ် (၅၀၀) ကျော်နှင့်လူကြီး (၅၀၀) ကျော်တို့ ပါဝင်ကြပြီး မြေနီကုန်း၊ ဖာတီမာကက်သလစ်ဘုရားကျောင်းမှ တာမွေရှိ စိန့်ဖရန်စစ်အစီစီကက်သလစ်ဘုရားကျောင်းသို့ လမ်းလျှောက်ဆုတောင်းခြင်းကို ပြုလုပ်ခဲ့ကြသည်။

587  Views
Previous: ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို အာဏာသိမ်းအစိုးရ ဟု သုံးနှုန်းရေးသားခြင်းမပြုရန် သတင်းမီဒီယာများကို သတိပေး
Next: Western diplomats warn Myanmar military that ‘the world is watching’