မြန်မာ့ နွေဦးတော်လှန်ရေး CDM လှုပ်ရှားမှုကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်း
Mar 26, 2021
ရန်ကုန်၊ မတ် ၂၆
မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM – Civil Disobedience Movement) ကို နော်ဝေနိုင်ငံအော်စလိုတက္ကသိုလ်မှ ပါမောက္ခ ၆ ဦးက နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းလိုက်ကြောင်း သိရှိရသည်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် ပေးအပ်သော ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁ သိန်း (မြန်မာကျပ်ငွေအားဖြင့် သိန်းပေါင်း တစ်သောင်းငါးထောင်ဝန်းကျင်) ရှိသည်ဟု သိရှိရပါသည်။
623 Views