မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာတော် ရောက်ရှိခြင်း နှစ် (၅၀၀) ဂျူဗလီနှင့်စပ်လျဉ်းသော သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

36-b

ဇွန်လ (၁၄)၊ စိန်အန်ထော်နီဘုရားကျောင်း၊ ရန်ကုန်

မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာတော် ရောက်ရှိခြင်း နှစ် (၅၀၀) ဂျူဗလီနှင့်စပ်လျဉ်းသော သုတေသနစာတမ်းဖတ်ခြင်းကို ဇွန်လ (၁၄) ရက်နေ့တွင် ရန်ကုန်မြို့ရှိ စိန်အန်ထော်နီဘုရားကျောင်းတွင် ကျင်းပပြလုပ်ခဲ့သည်။ ၎င်းစာတမ်းဖတ်ပွဲကို နံနက် (၈း၃၀) တွင် စတင်ကျင်းပရာ ဖားအံကက်သလစ် ဆရာတော်ကြီး ဂျက်စတင်းစောမင်းသိုက်က ကြိုဆိုနှုတ်ခွန်းဆက်စကားကို မိန့်ကြားတော်မူသည်။ ထိုသို့မိန့်ကြားရာတွင် ဆရာတော်ကြီးက၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ကိုယ်စား၊ ဒီပွဲတော်မှာ ဖတ်ကြားကြမည့်သုတေသီများအားလုံးကို အထူးကျေးဇူးတင်ကြောင်း၊ လွန်ခဲ့သော နှစ် ၅၀၀ က စွန့်လွှတ်အနစ်နာခံခဲ့ကြသော သာသနာပြုများကိုလည်း ပြန်လည်ကျေးဇူးတင်လိုကြောင်း၊ ဒီစာတမ်း ကနေပြီးတော့ မြန်မာနိုင်ငံသားများအကြားတွင် ငြိမ်းချမ်းသော အတူကကွယှဉ်တွဲနေထိုင်ခြင်းနှင့် စည်းလုံးညီညွတ်ခြင်းတို့ကို ရရှိအောင် ကူညီနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ သမိုင်း ဆိုသည်မှာ မှန်တာရောမှားတာတွေရော၊ ရှိနေမှာဖြစ်ကြောင်း၊ သို့သော် ဆိုးသော သမိုင်းကို ဝန်ခံရင်း အဆိုးများကိုဖယ်ပြီး ကောင်းသောသမိုင်းများကို အနာဂါတ်သယ်ဆောင်ပြီး ကောင်းမွန်သောသမိုင်းကို တည်ဆာက်ကြရန်”” မိန့်ကြားတော်မူသည်။ ထို့နောက် ဒေါက်တာခင်မောင်ညွန့်နှင့် ဒေါက်တာ ထွန်းအောင်ချိန်တို့က သဘာပတိအဖြစ် အလှည့်ကျဆောင်ရွက်ကြသည်။

ဒေါက်တာယောဟန်ထွန်း (ပါမောက္ခ၊ ဌာနမှူး၊ သမိုင်းဌာန၊ စစ်ကိုင်းတက္ကသိုလ်) က ““မြန်မာမင်းများ လက်ထက် အထက်မြန်မာပြည်ရောက်ပေါ်တူဂီများ”” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။ သူ၏ဆွေးနွေးချက်အပေါ်တွင် ဘုန်းတော်ကြီးအိုင်ခလိန်က ““ငဇင်ကာက ဓမစေတီခေါင်းလောင်းကို ဖျက်ဆီးခဲ့တယ်လို့ ကြားဖူးပါတယ်။ အဲဒီပြောဆိုချက်က သမိုင်းအထောက်အထားရ ရှိပါသလား”” ဟု မေးမြန်းရာ၊ ဒေါက်တာယောဟန်ထွန်းက၊ ““စစ်ပွဲတွေမှာဆိုရင် နှစ်ဖက်စွပ်စွဲချက်တွေဟာ အမြဲတမ်းအတည်ပြုတာခဲ့ကြောင်း၊ ကျွန်တော်သာ ပေါ်တူဂီလူမျိုးဖြစ်ခဲ့ရင် ဒီစေတီကို သယ်သွားမယ့် အစား အရည်ကြိုပြီး ယူသွားမှာ ဖြစ်ကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလောက်လေးတဲ့ခေါင်းလောင်းကို အဲဒီခေတ်အခါက သယ်ဖို့ဆိုတာ မလွယ်ကူးကြောင်း၊ နောက်ပြီးတော့ သန်လျင်မှာ ဗုဒဘာသာနှင့်ပတ် သက်သော လက်ရာများ၊ အဆောင်အဦးများလည်း များစွာ ကျန်နေသေးကြောင်း”” ဖြင့် ရှင်းပြ သည်။ ဒေါ်မော်နီကား (လက်ထောက်ညွန်ကြားရေးမှူး (ငြိမ်း)၊ သမိုးသုတေသနဦးစီးဌာန)က ““သမိုင်းအထောက်အထားများမှ မြန်မာကက်သလစ်အသင်းတော်”” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေး သည်။ ဒေါ်ခင်ထွေးရီ (ပါမောက္ခ၊ ဌာနမှူး (ငြိမ်း)၊ နိုင်ငံတကာဆက်ဆံရေးပညာဌာန၊ မန္တလေး တက္ကသိုလ်)က ““နိုင်ငံတော်ဖွံ့ဖြိုးရေးတွင် အင်္ဂလီကန်အသင်းတော်နှင့်ဦးဖေမောင်တင်၏ ပါဝင်မှု”” ဟူသောခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။ ဒေါ်မော်နီကား (လက်ထောက်ညွန်ကြားရေးမှူး (ငြိမ်း)၊ သမိုးသုတေသနဦးစီးဌာန)က ““သာသနာပြုများ၊ တိုင်းရင်းသားများနှင့်ခရစ်ယာန်ပညာရေး”” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။ ဘုန်းတော်ကြီး ပီတာစိန်လှိုင်ဦးက ““မြန်မာနိုင်ငံသို့ ခရစ်ယာန်ဘာသာဝင်များ ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်”” ဟူသော ခေါင်းစဉ်များဖြင့် ဆွေးနွေးသည်။ နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဌဖြစ်သော ဆရာတော်ကြီး ဂျွန်ဆိန်းဟှီက အပိတ်မိန့်ခွန်းဖြင့် ၎င်းအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။  ဂျိုးဇက်ကုန်ဇမှုန်း

1796  Views
Previous: မြန်မာအစိုးရ၏ ကုမ္ပဏီစာရင်းများတွင် ပြည်တွင်းကုမ္ပဏီပေါင်း (၇၀၅၉) ကျော်သည် နာမည်ထပ်နေကြောင်း တွေ့ရှိရ
Next: ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က အီစ္စရေးသမ္မတ ရှီမွန်ပက်ရိ(စ်)နှင့်ပါလစ်စတိုင်းသမ္မတ မာမွတ်အာဘတ်(စ်) တို့နှင့်အတူ ဗာတီကန်နန်းတော်တွင်အတူတူဆုတောင်းခြင်း ပြုလုပ်တော်မူ