လားရှိုးဆရာတော်ကြီး ဖီလစ်ယာဟောင်းအား မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခန့်အပ်

51-b

ဇူလိုင် (၁၁)၊ ရန်ကုန်။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က လားရှိုးဆရာတော်ကြီး ဖီလစ်ယာဟောင်း အား  မြန်မာနိုင်ငံကက်သလစ်ဆရာတော် ကြီးများအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ်ရွေး ချယ်လိုက်သည်ဟု သတင်းရရှိသည်။ မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများသည် မိမိတို့၏နှစ်ဝက် မျက်နှာစုံအစည်းအဝေးကို လွန်ခဲ့သော ဇွန်လ ၁၀-၁၃ ရက်နေ့အထိ ရန်ကုန်မြို့ ရှိမြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့စဉ် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော် ကြီးများအဖွဲ့ကို ဦးဆောင်မည့် အထွေထွေအတွင်းရေးမှူးကို ထိုကဲ့သို့ ရွေးချယ် လိုက်ကြခြင်း ဖြစ်ပေသည်။ လက်ရှိအထွေထွေ အတွင်းရေးမှူးကမူ မန္တလေးကက် သလစ်သာသနာမှ ဆရာတော်ကြီး နီကော်လပ်စ်မန်းထန်ဖြစ်ပြီး သူ၏သက်တမ်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကုန်ဆုံးမည် ဖြစ်သည်။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများသည် မိမိတို့ကို ဦးဆောင်နိုင်မည် ဆရာတော်တစ်ပါးအား မိမိတို့၏အထွေထွေအတွင်းရေးမှူး အဖြစ် သုံးနှစ်လျှင်တစ်ကြိမ် မဲပေးရွေးချယ်တော်မူကြသည်။ ၎င်းသုံးနှစ်သက်တမ်းသည် နှစ်ကြိမ်ဆက်တိုက် ထမ်းဆောင်ခွင့်လည်း ရှိထားသည်။ ထို့ကြောင့် မြန် မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်၏အထွေထွေအတွင်းရေးမှူးများသည် များသောအားဖြင့် သုံးနှစ်သက်တမ်းရှိ အထွေထွေအတွင်းရေးမှူးတာဝန်ကို နှစ်ကြိမ်ဆက်တိုက် ထမ်းဆောင်ခဲ့ကြရသည်။

ဆရာတော်ကြီး ဖီလစ်ဇာဟောင်းသည် မြစ်ကြီးနားသာသနာမှ ဖြစ်တော်မူပြီး ၁၉၉၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် မြစ်ကြီးနားလက်ထောက် ဆရာတော်အဖြစ် ဘိသိက်ပေးခြင်းကို ခံရသည်။ ထို့နောက် ၁၉၉၈ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင်မူ၊ ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂) က လားရှိုးဂိုဏ်းအုပ် ဆရာတော်အဖြစ် ခန့်အပ်ခြင်းခံရပြီး လားရှိုးသာသနာကို စတင်တရားဝင် ဦးဆောင်လာတော်မူသည်။ ၀၀၃ ဝင်းလှိုင်ဦး

1685  Views
Previous: ကလေးဆရာတော်ကြီး ဖေးလစ်လျန်ခဲန်းထန်အား မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်
Next: ဗာတီကန်ဘဏ်အတွက် ဥက္ကဌအသစ်ကို ခန့်အပ်တော်မူ